LOTS - 1.0

305 22 4
                                    

[Unicode]

"ဒါ...သားတော်ရဲ့ညီလေးလား...."

ရိပေါ်အလွန်ကိုအံ့သြသွားသည်။ရှောက်ကျန့်နဲ့လိုက်သွားတာ လဝက်လောက်သာရှိသေးပေမယ့် လူ့ပြည်က မယ်တော်ကတော့ နန်းသွေးလေးကိုမွေးပြီးတာ ၄နှစ်ရှိသွားချေပြီ။

"ကိုကို....!"

"အို....ချစ်ဖို့ကောင်းလိုက်တာ ညီလေးက...."

"သားငယ်လေးရဲ့ နာမည်က ဝမ်ချန်ရှင်းတဲ့....သားတော်..."

ရိပေါ်ကမယ်တော့်စကားကို ခေါင်းလေးငြိမ့်ကာ နားထောင်ပြီး ချန်ရှင်းလေးကိုချီထားရာကနေချပေးကာ အထိန်းတော်တွေနဲ့သွားဆော့ခိုင်းလိုက်သည်။

"သားတော်ပြောစရာရှိတယ်.....မယ်တော်...."

"ဘာများလဲ သားတော်...."

"သားတော်လူတစ်ယောက်ကို ရင်ခုန်ပါတယ် မယ်တော်...ဒါကဘယ်လိုမျိုးလဲ...."

မယ်တော်ကတစ်ချက်စဥ်းစားလိုက်ပြီး ပြုံးကာရိပေါ်လက်ကိုဆုပ်ကိုင်လာတယ်။ပြီးတော့ ရိပေါ်မျက်နှာလေးကို ခပ်ဖွဖွထိတွေ့ပြီး....။

"လနတ်ဘုရားကိုလား သားတော်...."

"လနတ်ဘုရားကြိုဆိုပွဲတုန်းက တစ်ခါရင်ခုန်ဖူးပေမယ့်....နောက်တော့မခုန်တော့ဘူးမယ်တော်...အခုက..တစ်ခြားတစ်ယောက်ကိုရင်ခုန်တာပါ..."

"ရင်ခုန်ခြင်းကအမျိုးမျိုးရှိတယ် သားတော်....ကြောက်လို့ရင်ခုန်သွားတာနဲ့....အံ့သြလို့ ရင်ခုန်သွားတာနဲ့....ချစ်မိသွားလို့ရင်ခုန်တာတွေက မတူဘူး သားတော်...."

"ဒါဆို....သားတော် အဲ့လူကိုချစ်မိပြီထင်တယ်...."

မယ်တော်က ရိပေါ်စကားကိုကြားတော့ သက်ပြင်းခပ်ဖွဖွလေးချလိုက်ပြီး ရိပေါ်ကိုအသာလေးထွေးပွေ့လိုက်သည်။

"သားတော် ဘယ်သူ့ကိုပဲချစ်ချစ် ထုတ်ပြလို့မရဘူးဆိုတာ သိတယ်မလားသားတော်...."

"သိပါတယ်မယ်တော်...ဒါပေမဲ့..."

"မေ့လိုက်..သားတော် အတက်နိုင်ဆုံးမေ့လိုက်ပါ...."

ရိပေါ်ဘာမှပြန်မဖြေတော့ဘဲ မယ်တော့်ရင်ခွင်ထဲသာ ပိုတိုးဝင်လို့ တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်တော့သည်။မယ်တော့်ရဲ့ ရင်ခွင်ဟာ ရိပေါ်ရဲ့မားမားရင်ခွင်လိုပဲ သိပ်နွေးထွေးပါသည်။
..............
"လျှိုရှင်း"

Lengend of the sky [Hiatus]Where stories live. Discover now