"ငါရန်ကုန်ပြန်ရတော့မယ် ရှိန်း"
"ဟင်"
ကလောမြို့တစ်မြို့လုံးကိုတောင်တန်းပေါ်ကနေငေးကြည့်ရင်း နန်းဆိုတဲ့ကောင်မလေးက လေအေးသံလေးနဲ့ ပြောတယ်။
ဒီလိုနေ့ရောက်လာမယ်ဆိုတာကြိုသိပြီးသား၊ကြိုတွေးထားတာမို့ ရင်ထဲမှာ သိနေသည်လေ။
"ဘယ်နေ့လဲဟင်။"
"တနင်္လာနေ့။"
" မြန်လိုက်တာ ဟာ၊ဒီနေ့ဘဲ သောကြာနေ့ရှိနေပြီလေ။"
ရှိန်းကစိတ်ညစ်စွာပြောတော့ သူမခေါင်းလေးငုံ့သွားခဲ့တယ်။ပြီးမှ အသံတိုးတိုးလေးဖြင့်
"မပြန်ခင် ငါသွားချင်တဲ့နေရာတွေကို လိုက်ပို့ပေးပါလားရှိန်း။ အမှတ်တရလေးတွေကို မှတ်မိချင်လို့။"
တောင်းတန်းတွေကိုငေးရင်းပြောနေတဲ့ ကောင်မလေးရဲ့မျက်နှာကိုဘဲ ခံစားချက်မဲ့ငေးကြည့်နေမိသည်။"လိုက်ပို့မယ် မလားဟင်။"မျက်ရည်တွေဝဲလျှက်သူ့ရဲ့မျက်နှာကိုကြည့်ပြီး
မေးလာတဲ့ဒုတိယ မြောက်မေးခွန်းကိုကြားတော့မှ.."အင်း နင်သွားချင်တဲ့နေရာ ငါအကုန်လိုက်ပို့ပေးမှာပေါ့။ဘယ်သွားချင်လဲ ပြောသာပြော။"
သူ့စကားကိုပြန်မဖြေဘဲ ငိုသံလေးစွတ်ကာ
"ဒီနေရာလေးကို လွမ်းနေတော့မှာ။"တောင်းတန်း တွေကိုကြည့်ရင်းတိတ်ဆိတ်မှုတွေ ဖြတ်သန်းနေ၏။
တောင်လျှောလေးပေါ်က မြက်ခင်းစိမ်းပေါ်မှာ ကျောခင်းထားရင်းမျက်လုံးတွေမှိတ်ထားတဲ့ နန်းဆိုတဲ့ကောင်မလေးကို ရှိန်း ငေးကြည့်နေမိတယ်။
ဟိုအရင်တုန်းကလိုဘဲ ခံစားချက်တွေကို စိတ်ထဲက ရေရွတ်ရင်း...နင်ထွက်သွားမဲ့အချိန်ကိုကြိုတွေးထားတာတောင် ငါ့ရင်ထဲမှာ နာကျင်နေရတာ နင်သိရဲ့လားနန်း.......။
အုံ့မှိုင်းနေတဲ့ကောင်းကင်ကြီးကို ကြည့်နေရင်း ရှိန်းမျက်လုံးတွေ မှိတ်ချ လိုက်သည်။
အမှတ်တရတွေက ပုံပြင်၊ဒဏ္ဍာရီတွေမှ မဟုတ်ဘဲ......။(2)
"ရှိန်းအမရာ။"
ဘာလဲဟ.. သူ့နာမည်အရင်းကိုခေါ်လိုက်တာလား။
လှည့်ကြည့်တော့ သူနဲ့ရွယ်တူလောက်ရှိတဲ့ကောင်မလေးတစ်ယောက်။
ထိုကောင်မလေးကို ဘုကြည့်ကြည့်ရင်း
"ငါ့ကိုသိလို့လား။"
"သိတယ်လေ။"
"ငါကတော့ နင့်ကိုမသိဘူး။နင်ကဘယ်သူလဲ။"
"နင်နဲ့တူတူနေမဲ့ သူ။"
သူပြောမှ သတိဝင်လာသည်၊အဖေ့သူငယ်ချင်းရဲ့သမီးတစ်ယောက်အိမ်လာမယ်လို့ပြောထားခဲ့သည်။
"အော် နင်လား။ ငါဒီမှာရှိမှန်းဘယ်လိုသိတာလဲ။"
"အန်တီပြောလိုက်တာ။"
အမေကတော့ တကယ်ပါဘဲ လျှောက်ပြောတယ်။
စိတ်ထဲက ရေရွတ်လိုက်ရင်းရှေ့ကကောင်မလေးကိုကြည့်လိုက်မိသည်။
ခါးလောက်ဆံပင်နဲ့ မျက်လုံးအပြာလေးနဲ့ သူ့ကိုစိုက်ကြည့်နေ ၏။
"နင့်နာမည်ကဘယ်လိုခေါ်လဲ။"
"ယွန်းရွှေစင်။"
"အသက်။"
"18"
"ငါနဲ့တူတူဘဲ။"
"အင်း။"
"ထားပါတော့ ဒီကိုဘာလို့လာတာလဲ။"
"အန်တီခေါ်ခိုင်းလိုက်တာ။"
"အင်း လာခဲ့မယ်လို့။"
"ငါနဲ့ ပြန်လိုက်လာခိုင်းတာ။"
"ခဏလေးလို့ပြန်ပြောလိုက်။"
"ငါနဲ့တူတူလိုက်ခဲ့တဲ့။"
ရှိန်းပြောသမျှကိုတစ်လုံးမကျန်ပြန်ချေပြောနေတဲ့ ထိုယွန်းရွှေစင်ဆိုတဲ့ အချေမလေးကိုကြည့်မိသည်။ သူနဲ့မလိုက်မချင်းမပြန်မဲ့ပုံ။
"ပြီးရော ခဏစောင့်အုံးအဲ့တာဆို။"
"အင်း။"