Unicode
................ယနေ့က ဦးလင်းရောင်အတွက် နောက်ဆုံးတရားခွင်ပင်။ ဦးလင်းရောင်ဘက်က ငြင်းဆန်နေပေမဲ့ သက်သေတွေက အထင်အရှားရှိနေသည်မို့ ဆက်လက်ငြင်းဆန်မရပေ။ တစ်ချိန်က လရိပ်ချိုကို အသေသတ်ခိုင်းရန် ခိုင်းစေခဲ့သော ဆရာဝန်လူကိုလည်း မင်းစစ်တို့ကရုံးတော်ခေါ်လာခဲ့ကြသည်။
ထိုလူအမှန်အတိုင်းပြောသော်လည်း ဦးလင်းရောင်ကတော့ သူ့မြေးလရောင်ချိုဘက်ကနေကာကွယ်ပေးပြီး သူကပဲနောက်ကွယ်ကနေ အမိန့်ပေးခိုင်းတာမို့ လရောင်ချိုကိုမဆွဲထည့်ပါနဲ့ဆိုကာ မာမာထန်ထန်ပြောဆိုခဲ့လေသည်။
လရောင်ချိုကလည်း အဖိုးဖြစ်သူကိုကြည့်ပြီး ဝမ်းနည်းရိပ်သန်းလာရသည်။ ဦးလင်းရောင်ကတော့ မျက်နှာထားတင်းတင်းဖြင့်သာ ထိုင်နေလျှက်ရှိပြီး အဆုံးအထိကို မာနကိုခဝါမချနိုင်ပေ။
မင်းစစ်လည်း လရိပ်ချိုကိုတရားခွင်သို့ ခေါ်လာပြီး သားတို့ကိုတော့ အဖွားအိမ်တွင်ထားခဲ့လေသည်။ သားငယ်တို့က ၅ရက်အကြာတွင်မှနိုးထလာခဲ့ပြီး ပြန်လည်ကျန်းမာလာဖို့ အချိန်သိပ်မယူလိုက်ရပေ။
လရိပ်ချိုက ခံရတဲ့ဘက်ကဆိုတော့ စစ်ဆေးမေးမြန်းမှုတွေလုပ်ကြပြီး ယခုအချိန်တွင်တော့ ကြားနာခြင်းအမှုကိုပြုလုပ်ကြမည်ဖြစ်သဖြင့် လူစုံတက်စုံရောက်ရှိလာခြင်းပင်။
အချိန်အတိုင်းအတာတစ်ခုအကြာ တရားသူကြီးဘက်မှ ဦးလင်းရောင်နှင့်အပေါင်းအပါတို့ကို ထောင်ဒဏ်နှစ်၅၀ အပါအဝင် ဒဏ်ကြေးငွေသိန်း၅ရာပါချမှတ်လိုက်ကြသည်။
(တရားခွင်ကိစ္စမသိပါ.... ပါးစပ်ထဲရှိရာ ဂဏန်းများချရေးထားခြင်းဖြစ်ပါသည်။ စိတ်ကူးယဥ်မို့လက်တွေ့ဆန်ဖို့မလိုအပ်ဖူးမလား)
ဦးလင်းရောင်ကို ထောင်အတွင်းထဲသို့ တွဲဝင်ဖို့ပြင်လိုက်ချိန် လရောင်ချိုက သူ့အားပြေးဖက်တော့သည်။
''ဖိုးဖိုး.... သားကို တစ်ယောက်တည်း ထားခဲ့ပြီလားဗျာ''
''မြေးလေး....ဖိုးတောင်းပန်ပါတယ်ကွယ်။ ခုမြေးလေးကော အဆင်ပြေရဲ့လား''
BẠN ĐANG ĐỌC
နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် Completed
Lãng mạnUni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is my fourth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢...