မတူညီတဲ့ကလေးနှစ်ယောက်
တစ်ယောက်က ကလေးသဘာဝပီပီ ပျော်ပျော်ရွှင်ရွှင်ကစားသလို နောက်တစ်ယောက်ကတော့ 10နှစ်အရွယ်နဲ့မကိုက်ညီတဲ့ ပန်းဆိုင်မှာ ပန်းစည်းလေးတွေထုပ်ပိုးတဲ့ အလုပ်ကိုလုပ်ရသတဲ့
---------------------------Date- 25.8.2007
ကလေးတို့ ဒီနေ့ပန်းခြံသွားကြရမယ်ဆိုတော့ ပျော်ကြတယ်မလား"
မေးလိုက်သောသူမှာမိဘမဲ့ဂေဟာမှာ အလုပ်လုပ်နေသော အန်တီတစ်ယောက်ဖြစ်တယ်
"ပျော်ပါတယ်!!"
ကလေးတွေက နှစ်ယောက်တစ်တွဲဆီ တွဲထားကြပြီး ပန်းခြံကိုသွားဖို့စိတ်လှုပ်ရှားနေကြတာပေါ့"ယောင်းဆူ ဟိုရောက်ရင် ရေခဲမုန့်ဝယ်စားအောင်နော် "
"အေးပါ စားမှာပေါ့""ထယ်ယောင်း လေး "
"ဗျာ .."
"ဒူရှစ်နဲ့တစ်တွဲတွဲလိုက်ရအောင်နော် "
"ဟုတ် ""ဒူရှစ်လေး ဒီမှာ ထယ်ယောင်းလေးနဲ့အတူရပ်နေအုံးနော်"
ကလေးအားလုံးကို သေချာစစ်ပြီးရာ နှစ်ယောက်တစ်တွဲစီ မိဘမဲ့ဂေဟာက ကျောင်းကားလေးပေါ် တက်သွားကြပြီး ကလေးတွေအကြိုက်ဆုံးထဲကနေရာလေးဆီကို ကျောင်းကားလေးကဦးတည်မောင်းနှင်သွားတော့တယ်
--------------------
ထယ်ယောင်း ဆိုတဲ့ကောင်လေးက ဂေဟာမှာ အခြားကလေးတွေနဲ့ အတူတူမဆော့ဘဲ သူတစ်ယောက်ထဲသီးခြားနေတတ်လေ့ရှိတဲ့ကလေးတစ်ယောက်ဖြစ်တယ် ၁၀နှစ်အရွယ်ကတည်းကဂေဟာကိုရောက်လာခဲ့တာဖြစ်တယ် ဂေဟာက ကလေးထိန်းတွေကလည်း ထယ်ယောင်းလေးကို ဂရုစိုက်ပြီး အရုပ်တွေလည်းဝယ်ပေးလေ့ရှိကြတယ် ထယ်ယောင်းက ကလေးဆိုပေမယ့်လည်း လူကြီးလေးလို တည်တည်ငြိမ်ငြိမ်လေးရှိတာကြောင့် ကလေးထိန်း အစ်ကိုတွေအစ်မတွေကလည်း ပိုလို့ အချစ်တိုးရတာပေါ့----------------------
ပန်းခြံထဲကိုတန်းစီပြီးဝင်လာတဲ့ကလေးလေးများ
အရိပ်ရှိတဲ့ သစ်ပင်ကြီးအောက်ကို ဝင်ထိုင်လိုက်ကြတယ် ကျောပိုးလွယ်အိတ်လေးများကို ချွတ်ကာစုပုံထားလိုက်ကြတယ်"ရေခဲမုန့်စားချင်တဲ့ကလေးတွေလက်ထောင်"
ဂေဟာမှုး ကပြောလိုက်တော့ ကလေးအားလုံးလက်ညှိုးလေးတွေထောင်ထားကြတာပေါ့