Unicode
"ကိုကို... "
"ရှောင်းငယ် ပြောလေ"
"ကိုကိုကို့ ကျွန်တော်ငယ်ငယ်ကတည်းက သိတာမဟုတ်လားဟင်။ ကျွန်တော်နဲ့ ကိုကိုက သိပ်ရင်းနှီးခဲ့ဖူးတာမဟုတ်လား။ ကျွန်တော် ဘာလို့ မေ့သွားတာလဲ။ Accident ကြောင့်ဆို ကျွန်တော်က ဘယ်ဟာမှမမေ့ဘဲ ကိုကိုနဲ့ အတိတ်ကိုပဲ ဘာလို့ မေ့သွားရတာလဲ။ ကျွန်တော်မေ့နေတဲ့ ကိုကိုနဲ့ အကြောင်းတွေကို ပြောပြပါလား ကိုကိုရယ်။ ကိုကို ကျွန်တော့်ကို ဘာလို့ လက်ထပ်ခဲ့တယ်ဆိုတာလည်း မပြောပြရသေးဘူးလေ။ အခု ပြောပြပါ ကိုကိုရယ်.. နော်..."
အခန်းထဲမှာ စာဖတ်နေတဲ့ ရှောင်းကျန့်ရင်ခွင်ထဲကို ရှောင်းငယ်က ခွေးပေါက်လေးလို တိုး၀င်ပြီး တရစပ် မေးနေသော မေးခွန်းတွေရယ်ပါ။
မေးခွန်းတွေ တသီကြီးမေးပြီး မျှော်လင့်တကြီး သူ့ကို မော့ကြည့်နေတဲ့ ရှောင်းငယ်ကြောင့် ရှောင်းကျန့် သက်ပြင်းမောတစ်ခုကို ကြိတ်ချလိုက်တယ်။ပြီးတော့ ရှောင်းငယ်နဖူးပေါ်မှာ ဝဲကျနေတဲ့ ဆံပင်လေးတွေကို အနည်းငယ်သပ်တင်ပေးပြီး လေသံအေးအေးလေးနဲ့ မေးလိုက်တယ်။
"ရှောင်းငယ်... ကိုကို့ကို ချစ်လား"
"ချစ်တာပေါ့ ကိုကိုရယ်"
"ချစ်ရင်လေ.. အဲ့အကြောင်းတွေကို မမေးပါနဲ့လားကွယ်"
ရှောင်းကျန့်စကားကြောင့် မျက်နှာလေးသိသိသာသာ ငယ်ကျသွားတဲ့ ရှောင်းငယ်ကြောင့် ရှောင်းကျန့် စိတ်မကောင်းဖြစ်ရတယ်။
"ရှောင်းငယ်...."
"......."
"ရှောင်းငယ်လို့...."
"........"
ရှောင်းကျန့် ရင်ခွင်ထဲက ထွက်သွားပြီး ခေါင်းလုံးလုံးလေးက ငုံ့ချထားကာ ရှောင်းကျန့်ခေါ်နေတာကို မကြားချင်ယောင်ဆောင်နေတယ်။ မျက်နှာလေး မြင်ချင်တာကြောင့် ရှောင်းကျန့်က ရှောင်းငယ်မေးစေ့လေးကို ကိုင်ပြီး မေ့ာစေတယ်။
"ကိုကို့ကို စိတ်ဆိုးသွားတာလား"
"မဆိုးပါဘူး.. စိတ်မကောင်းဖြစ်သွားတာ.."
YOU ARE READING
샤오의 별이 - Xiao's Star (Reupload-completed)
Fanficရိပေါ်က လူခြောက်နဲ့ လက်ထပ်ရမှာ.. ရှောင်းကျန့် : "ရှောင်းငယ်ကို နောက်ဆုံးတော့ ကိုကို ပိုင်ဆိုင်ရပြီ...." ၀မ်ရိပေါ်: "ရိပေါ်... ကျွန်တော့်နာမည် ၀မ်ရိပေါ်.. ရှောင်းတစ်လုံးမှ မပါဘူး။ ခင်ဗျားလူမှားနေတယ်။" Note: အာရွန်း နားထောင်လိုက်ရတဲ့ လူခြောက်လေးအကြောင...