ခြံကျယ်ကျယ်ရှိသောအပြာရောက်တိုက်လေး၏ရှေ့တွင်ကားရပ်လိုက်သည်။ အိမ်ရှေ့တွင်တရုတ်စကားပန်းပင်တစ်ပင်ရှိ၍ တခြားအပင်သေးသေးလေးတွေကိုပါဘောင်ခတ်စိုက်ထားသေးသည်။
ကားဟွန်းနှစ်ချက်တီးပြီးနောက် စိမ်းပြာရောင်ခြံတံခါးအားလာဖွင့်သည့်အမျိုးသမီးတစ်ဦးက ဆန်းမြိုင်ရဲ့ကားကိုမြင်သော် ' အော် ' ဟူသည့်နှုတ်အမူရာဖြင့်သွားတက်ဖွေးဖွေးပေါ်တဲ့အထိပါရယ်ပြသေးသည်။
အစိမ်းရောင်ရင်စေ့အင်္ကျီနှင့်အစိမ်းရင့်ရောင်ထဘီကိုဝတ်ကာ ခြေညှပ်ဖိနပ်အစိမ်းဖျော့ဖျော့ကိုစီးထားသည့်သူမ။ ဖြောင့်ဆင်း၍တင်ပါးအထိရောက်သောအနက်ရောင်ဆံနွယ်များရှိကာ ခပ်သွယ်သွယ်နှင့် မျက်လုံးထည်ထည်၊နှုတ်ခမ်းပါးပါးတို့ရှိသည့်ထိုအမျိုးသမီးက ရွက်နုဝါပိုးထည်တိုက်ရဲ့သမီးဖြစ်သည်။
အဲဒီနောက် ဆန်းမြိုင်ကားကိုခြံထဲသွင်းပြီးထိုးရပ်လိုက်၏။ ပြီးသည့်နောက် အိမ်ခြံဝန်းကိုကားအတွင်းပိုင်းမှအကဲခက်နေသောရာဇအားလှည့်ပြောသည်။
" အတူလိုက်ဝင်မလား၊ နေခဲ့မလား။"
" ဗျာ....ကားထဲမှာတန်ဖိုးကြီးတစ်ခုခုထားခဲ့ရင်တော့အတူလိုက်ခဲ့မယ်လေ။"
" တစ်သျှူးဗူးကလွဲပြီမရှိဘူး နင့်ဟာနင်လိုက်ချင်လိုက်မလိုက်ချင်နေ။"
အလကားနေရင်းသူခိုးဇာတ်သွင်းခံရမှာကြောက်နေသူအား နှာခေါင်းရှုံ့လျက်လက်ခါပြပြီး ကားထဲကထွက်လိုက်သည်။ သို့သော် ကားထဲကထွက်သည်နှင့်ဘေးနားကိုချက်ချင်းရောက်လာတဲ့ရာဇကြောင့်ဆန်းမြိုင်နှုတ်ခမ်းထောင့်တွေကွေးညွတ်သွားသည်။
" ဆန်းမြိုင်တို့လာမယ်ကြားလို့ အသစ် ကမျှော်နေတာ။"
" ဟုတ်တယ် မနက်ကတည်းကလာမလို့ပဲ....လမ်းမသိလို့အခက်တွေ့နေတာလေ။"
" ဖြစ်ရမယ်ဆန်းမြိုင်ရေ....လာပါအိမ်ထဲဝင်ပါဦး....ဘေးကအစ်ကိုလည်းလာလေ။"
" ဟုတ်ကဲ့ဗျ"
သစ်ရွှင်းမေ ဟူသောထိုမိန်းကလေးက ဆန်းမြိုင်ထက်ငယ်သော်ငြား ဖော်ရွေသမှုနှင့်နာမည်ကိုသာခေါ်သည်။ အမှန်ဆိုအခုမှ ပထမဆုံးတွေ့ဖူးတာဖြစ်ပေမဲ့ တရင်းတနှီးရှိကာလူမှုဆက်ဆံရေး၌လည်ဝယ်သည့် သစ်ရွှင်းမေက အပေါ်ယံကြည့်လျှင်သဘောမနောကောင်းတဲ့အမျိုးသမီးတစ်ဦးပမာ။
YOU ARE READING
(မမရဲ့ရာဇ)
Romance" ရာဇ...ရာဇ...ဘယ်သူ့ရာဇ?" " မမရဲ့ရာဇ!" Nomal OC (Sweet & Romance ) ကူးယူရေးသားခြင်းခွင့်မပြု⚠