''မင်းကပထမဆုံး ငါ့ဆီလာတဲ့သူပဲ...''
ဂျွန်ဂယူမှာ ရုတ်တရက် မနေတတ်မထိုင်တတ်ဖြစ်သွားရရှာသည်။
အဲ့လိုကြီးပြောတော့ ဒီကလူချောလေးက တကယ်ကြီးနေတတ်မနေတော့ဘူးဟေ့...
ရုတ်တရက်ကြီး အထီးကျန်နေတဲ့မင်းသမီးလေးကို ဂရုဏာအပြည့်နဲ့လာအဖော်ပြုပေးတဲ့ သူရဲကောင်းမင်းသားလေးလိုခံစားရတယ်ကွ...!
အဟွတ်...ဟွတ်...!
လုပ်ပြန်ပြီ...ဘာလို့ငါ့ကိုအဲ့လိုကြီးကြည့်နေတာတုန်း...?
မင်းမျက်လုံးက တကယ်ကြီး Disney က သနားစရာမင်းသမီးလေးပုံပေါက်နေတာကိုရော သိရဲ့လားလို့...?!
တစ်ယောက်တည်းသင်္ချာမတွက်နိုင်လို့ ဂုန်းလာဆင်းတဲ့ငါလေးက နေတတ်မနေဘူးဆိုနေမှ...
''အဟမ်း...! ငါကတော့ မင်းကို ကျောင်းအုပ် ဝါတာနာဘယ် နဲ့အတူနေတယ်ထင်နေတာ...''
''သူက အမြဲသူ့ဘာသာနေတာလေ...''
Junkyuမှာ ဝါရူတိုကစိတ်ရှည်လက်ရှည်ဖြေနေတာကြောင့် လက်တဆစ်စာလောက်ပိုပြီးစပ်စုချင်စိတ်ဖြစ်လာသည်။
''မင်းအမေကရော...''
သို့သော် ဟာရူတိုက မျက်ခုံးကျုံ့လျှက် စိတ်မရှည်စွာပြောလာသည်။
''ဘာလို့အမှုစစ်သလိုစစ်နေတာလဲ...?''
ဂျွန်ဂယူက မချိပြုံးလေးနဲ့ ရယ်လျှက် ထိုင်ရာကထလိုက်သည်။
''မမေးဘူး မမေးဘူး...ငါက ဒီအတိုင်းပါးစပ်ထဲရှိရာလျှောက်ပြောနေတာ...မင်းစိတ်ထဲမထားနဲ့...!''
''....''
ဂျွန်ဂယူက ဘာမှမပေသည့်လက်ကို ပေါင်မှာပွတ်သုတ်နေပြီး ပြောလာပြန်သည်။
''ဒါဆို ငါနည်းနည်းလောက် တစ်ခုခုချက်ကြည့်ရအောင်...''
ဟာရူတိုကမျက်ခုံးပင့်လိုက်သည်ကြောင့် ဂျွန်ဂယူကဇဝေဇဝါဖြင့်မေးလိုက်သည်။
''ဘာလဲ...မီးဖိုချောင်ခန်းမရှိတာတော့မဟုတ်ဘူးမလား...?''
ဟာရူတိုက ပျော်နေတာရော စိတ်ဆိုးနေတဲ့ပုံပါမပေါက်ဘဲပြောလာသည်။
YOU ARE READING
Easy {uni+zaw}(Completed)