45. စုန်းပေါက်စလေး

943 79 12
                                    

Unicode ver......

45.စုန်းပေါက်စလေး

"သခင်က ကျွန်တော့်ဖခင်နှစ်ပါးရဲ့လက်ကို လက်တစ်ဖက်တစ်ချက်စီမှာကိုင်ပြီး ကျွန်တော့်ဆီ ရောက်လာတာကို လိုချင်တယ်"

ရှောင်းရဲ့ ဆုတောင်းလေးကြောင့် ဝမ်ယင်းရှန့်ကိုယ်တိုင်က ခဏတာမျှ ဆွံ့အသွားသလို အားလုံးကလည်း ကြောင်စီစီတွေ ဖြစ်ကုန်ကြလေသည်။

"မင်းက သိပ်လောဘကြီးနေတာပဲ။ "

"ခင်များပဲ ဆုပေးမယ်ဆိုပြီး~~~~ အဟမ်း နတ်မင်းပဲ မေးပြီးတော့"

ခင်များ ခင်များ ဆိုတာကိုပဲ နှုတ်ကျိုးနေတဲ့ ရှောင်းကျန့်က အခေါ်အဝေါ်တွေ ပြောင်းလဲယူနေရလေသည်။

သူ့ကိုတော့  သိပ်ကြည်တဲ့ပုံမရပေမဲ့ သူက ဆုပေးမယ်ဆိုတော့ စကားသံကသာ ငြိမ်နေသလောက် မျက်ဝန်းနက်တွေထဲမှာတော့ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေကြောင်း သိသာနေလေသည်။

"မင်းရဲ့ ဆုတောင်းက အဲဒါဆိုတာ သေချာလား။"

"ဟုတ်ကဲ့ သေချာပါတယ်"

ရှောင်းကျန့် အဖြေကြားတာနဲ့ ယင်းရှန့် လန်ယွင်ကို လှည့်ကြည့်တော့ သူ့ကို ပြုံးပြုံးလေးနဲ့ ခေါင်းညိတ်ပြနေတာကြောင့် ယင်းရှန့်က~~~~

"ရှောင်းကျန့် ~~~~"

"~~~~~"

"ရှေ့က အဝင်ပေါက်နားမှာ ဘာတွေလဲ"

နတ်မင်းက ရှောင်းကျန့်ကိုသာ ပြောပြပေမဲ့ အားလုံးကပါ ကောင်းကင် ဝင်ပေါက်က မုဂ်ဦးဆီ ကြည့်လိုက်တော့ လူကြီးနှစ်ယောက်ကို လက်တွဲထားတဲ့ ခလေးငယ်လ​ေးတစ်ယောက်ကို တွေ့ရလေသည်။

သူတို့ ရှိရာဘက် ဦးတည်လို့ ရယ်ရယ်မောမောနဲ့ လမ်းလျှောက်လာတဲ့ ထိုသူသုံးယောက်မှာ သူတို့နဲ့ နီးလာတာနဲ့အမျှ ပုံရိပ်တွေ ပိုမိုပီပြင်လာကြလေသည်။

ထိုထဲမှာမှ အလယ်မှာ လျှောက်လာတဲ့ ခလေးငယ်က ခြေတစ်လှမ်းတိုင်းမှာ ကြီးထွားလာနေပြီး ထိုသူသုံးယောက် သူတို့ရှေ့ရောက်လာတဲ့ ချိန်မှာတော့ ထိုခလေးငယ်ဟာ တရားရေးနတ်မင်းဝမ်ရိပေါ် ဖြစ်နေပြီး သူ့ရဲ့ လက်နှစ်ဖက်မှာလည်း အရင်ကောင်းကင်မင်းကြီး ရှောင်းမော့ရန်ကို တစ်ဖက် အရင် မိစ္ဆာဘုရင်ကြီး ဟုန်ပိုင်ရိကို တစ်ဖက် ဆုပ်ကိုင်ထားတာကို တွေ့ရလေသည်။

Let me Cherish you, My Lord  (ZSWW) [complete]Tempat cerita menjadi hidup. Temukan sekarang