Ven Margaret ဟာ သူ့ရဲ့လက်အောက် ငယ်သားတစ်ဦးနဲ့ အခန်းထဲမှာ စကားပြောနေသည်။ ကျောပေးပြီး ပြတင်းပေါက်ဘက်
ရပ်နေတဲ့ Ven ကို ထိုလူက ဒူးထောက်ခစား
လျက်နဲ့" ဒါကတော့ သူတို့တွေ ပြောနေခဲ့ကြတဲ့
စကားအကုန်ပါပဲ .. သခင်ကြီး .."မှူးမတ် Ven က ပြတင်းပေါက်ကနေ
အပြင်ဘက်ကို ကြည့်နေရင်း ပြုံးလိုက်ကာ" အင်း .. စိတ်ဝင်စားစရာပဲ ..
မင်း တာဝန်ကျေတယ် ..
တစ်ခုခုဆို ငါ့ကို ပြန်သတင်းပို့ပါ .."" ကောင်းပါပြီ .. သခင်ကြီး .."
ထိုလူက မှူးမတ် Ven ကို ဦးညွှတ်ပြီး
အခန်းထဲကနေ ပြန်ထွက်သွားခဲ့သည်။Vincent အိမ်တော်မှာ အစေခံ အဖြစ်
အလုပ်လုပ်နေတဲ့ သူ့ရဲ့သူလျှိုကတော့
တံခါးနားကနေ ခိုးနားထောင်ရင်း
ကိစ္စတစ်ခုကို သိလာရပြီပေါ့ ..Ven Margaret က သူ့အခန်းထဲက
ဗီဒိုတစ်ခုကို ဆွဲဖွင့်လိုက်သည်။ အောက်ဆုံးအဆင့်မှာ သူသေချာသိမ်းထားတဲ့ သေတ္တာ
ဘူးနက်လေးကို ယူပြီး ကိုင်ကြည့်ေနသည်။" ဒီရှားပါးလက်ဆောင်လေးကို ဘုရင်ကြီးဆီ
ဆက်သပေးဖို့တောင် မစောင့်နိုင်ေတာ့ဘူး..
မကြာခင်ဖြစ်လာတော့မှာပါ ..မင်းတော့ သေဖို့သာ ပြင်ထား.. Joseph "
_
_
_
_
_
_
_မနက်လင်းတော့ Joseph နဲ့ Zeke တို့က
နန်းတော် အနောက်ဘက်ဂိတ်ကို ရောက်လာ
ခဲ့သည်။ Gabriel အစောင့်တပ်သားတစ်ချို့က သူတို့ကို မြင်တော့ ဦးညွှတ်ကြသည်။Zeke က အစောင့်တပ်သားတွေကို
" အင်း .. ဟိုကောင်လေးတွေရော ?.. "
" ဟုတ်ကဲ့ ..သူတို့ ဂိတ်တံခါးနားမှာ
ရှိနေကြပါတယ် .. ကာကွယ်ရေးဝန်ကြီး .."_
_နည်းနည်းလေး ဆက်သွားတော့ သူ့တို့ကို စောင့်နေဟန်ရတဲ့ ထိုကောင်လေး Lucas ..
" ဘာမှမဟုတ်တဲ့ ကလေးတွေတဲ့လား ..
ခင်ဗျားတို့က ကျုပ်တို့ရဲ့ခံယူချက်ကို
အဆင့်ချလိုက်သလိုပဲနော် .."
YOU ARE READING
The Moon & Her Royal Sun
Historical Fiction" ငါတို့နှစ်ယောက်ရဲ့ တွေ့ဆုံခြင်းဟာ အမှားတစ်ခု ပါလို့ တစ်လောကလုံးက ပြောနေခဲ့ရင်တောင် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး.." FreenBecky ( GL Fan Fiction )