Story 34

2.2K 98 5
                                    

Unicode
................

မနက်ပိုင်း အချိန်အခါဝယ် ပိုင်စေမင်းတစ်ယောက် ခါတိုင်းလိုပင် အလုပ်သွားရန်ပြင်ဆင်နေလေ၏။ လင်းလက်မောင်ဆိုသော အသဲမာသူကောင်လေးက သူ့အားအဖြေမပေးသေးသော်လည်း ချစ်သူမမည်သောအဆင့်ထိ ရင်းနှီးလာခဲ့လေပြီ။

တစ်ခါတစ်လေ လင်းလက်မောင်၏ လက်သံကိုခံရတာကလွဲလို့ပေါ့။ ကျွန်တော်ပိုင်စေရဲ့ မိဘတွေက နယ်ဘက်မှာသက်ရှိထင်ရှားရှိပါသေးသည်။ မိဘအိမ်မှာ ကပ်နေပြီးအလုပ်မလုပ်ချင်တာကြောင့် မြို့တက်လာရင်း ဘော့စ်ဆီမှာအလုပ်လုပ်ဖြစ်သွားတာ။

ဘီတာဖြစ်တာကြောင့်မို့ထင်တယ် ဘော့စ်ကကျွန်တော့်ကို ဘာမှတောင်သိပ်မမေးပဲ တန်းပြီးအလုပ်ခန့်လိုက်တယ်။ ဒီလိုမျိုး ကံအထူးကောင်းနေတဲ့ဘီတာ နုနုထွဋ်ထွဋ်လေးပါဗျာ။

ဘဝသက်တမ်းတစ်လျှောက် ဘယ်အိုမီဂါမှလူမထင်ခဲ့တဲ့ ဘီတာအချောလေးက လင်းလက်မောင်ဆိုတဲ့ အိုမီဂါငစွာလေးနဲ့တွေ့မှပဲ နှလုံးသားက ရေခဲမုန့်လိုပဲအရည်တွေပျော်လို့။

အဲ့အိုမီဂါကလေ ပြောရဦးမယ်... ကျွန်တော့်ကိုဆိုရင်လေ အရမ်းအရမ်း ပိုးစိုးပက်စက်ကိုချေတာဗျ။ ကျွန်တော့်မှာတော့ သူစိတ်ဝင်စားလာအောင်လုပ်လိုက်ရတာ။ သူကကျွန်တော့်ကိုဆို အရမ်းတွေချတာဗျ..လက်သံပြောင်ချက်ကလည်း ရှယ်ပဲ။ ကျွန်တော့်ဗိုက်ခေါက်ဆိုရင်လေ သူလုပ်လို့ အညိုတွေတောင်ဖြစ်ကုန်ပြီ။

ဒါပေမဲ့ ကျွန်တော်ကတော့ သူ့စကားဆိုရင် အမြဲနားထောင်ချင်၊လိုက်နာချင်နေတဲ့ လိမ္မာတဲ့ဘီတာလေးပေါ့...အဟွင်း။ အယ်... တစ်ခါတစ်ခါ ကျွန်တော်လည်း သူ့ကိုပြန်အနိုင်ကျင့်ပြီး ဖက်နမ်းလိုက်တာပေါ့...ဘယ်ရမလဲ ဟဲဟဲ။ သူလေးက ကျွန်တော်တစ်ကယ်လုပ်ရင်တော့ မနိုင်ဘူးဗျ။ ကျွန်တော်အလျော့ပေးထားလို့သာ ဆိုးနေတာ...ဟွန်း။

"Ring Ring"

"ဟဲလို''

''သားရေ...''

''ဟင်...အမေ... ''

ခေါ်ဆိုသူကိုမကြည့်ပဲ ကိုင်လိုက်ချိန် အိမ်ကအမေကြီးဖြစ်နေသောအခါ ပိုင်စေခဗျာအလန့်တကြား လေသံဖြင့်....

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedWhere stories live. Discover now