part -1

278 6 0
                                    

အချိန် စက်ဝန်း⏰
~~~~~~~~~~
အပိုင်း-1

ဆု ခြံထဲက ပန်းပင်တွေကို ရေလောင်းနေတုန်း သူငယ်ချင်းမလေး
မိုးသက်ထားရောက်လာလေသည်။
ပါးစပ်မှာလည်း ဆက်တိုက်ကို  အော်ပြောလာလေသည်။

* ဆုရေ ဆု ဆရာမ လဝန်းသစ် စာအုပ်အသစ်ထွက်ပြီနော်
ငါတို့ သွားဝယ်ကြမယ် *

*ဟယ် တကယ်လား မိုး ပျော်လိုက်တာဟယ် ခေါင်းစဉ်ကဘာလည်းဟဲ့*

*အချိန်စက်ဝန်းတဲ့ ဆုရဲ့ ငါဝောာ့ နာမည်ကြားရုံနဲ့ အရမ်းဖတ်ချင်နေပြီ *

*အင်းပါ မိုး ရဲ့ ပြီးရင် သွားကြမယ်လေ အခုဝောာ့ မေမေ ခိုင်းထားတဲ့ အလုပ်လေးတွေ ပြီးအောင် လုပ်လိုက်အုန်းမယ် ဧည့်ခန်းထဲ သွားထိုင်နေနော် မိုး *

မိုးသက်ထား သူငယ်ချင်းဖြစ်သူကို အရမ်းသနားပါသည်။
အဖေဖြစ်သူက ဖူးဖူးမှုတ်ပြီး အရမ်းချစ်ခံရသလောက် မိထွေးဖြစ်သူက အလုပ်ကို
ပက်ပက်စက်စက် ခိုင်းသည်။ သို့ပေမယ့် ဆုကို နည်းနည်းလောက် ချစ်တယ်ဆိုတာတော့ မိုးသိပါသည်။ အလုပ်တွေသာ ခိုင်းနေပေမယ့် သူ့ယောကျာ်းပွဲတတ်တွေ ဘာတွေဆိုလျှင်  သမီးလေး သမီးလေးနှင့်ပင် ပါးစပ်က မချပေ။
ကွယ်ရာတွင်တော့ အိမ်အစေသဖွယ်ပင်။

ဆုကို ဖေဖေက ယောကျာ်းပေးစားဖို့တဲ့ .....နာမည်ပင် မသိသေးပေမယ့်
ဆု ဖေဖေ့စကားကို လွန်ဆန်နိုင်စွမ်းမရှိပါ။ဆုကို ပေးစားမယ့်သူက သူဌေး အသက် 27 ဟုပင် သိထားသည်။ ဆုထက် 5နှစ်ပင်ကြီးသည်။ဆုက ကျောင်းပြီးအောင်မတတ်ရသေးဘူးဆိုပေမယ့် designer အရမ်းဖြစ်ချင်သည်။ ဖေဖေက သူ့ company မှာဘဲ ဦးစီးရမည် ဆိုပြီး လုပ်ခွင့်မပြုပေ။
ဆု အလုပ်တွေ လက်စသက်လိုက်ကာ စာအုပ်သွားဝယ်ရန်အတွက် ပိုက်ဆံ သွားယူရသည်။

*မိုး ရေ သွားကြမယ် *

*ဇာတ်လမ်းအစကလေ မင်းသမီးက တိုင်းပြည်ထဲက အမတ်ကြီသမီးတဲ့
နောက်တော့ အဲ့က အစေခံ မိန်းခလေး တစ်ယောက်က ဗီလိမ် ‌တဲ့
ဆု ....ဒါပေမယ့်ကွာ
သူက ဗီလိန်ဘဝကနေ မင်းသမီးနေရာ ရောက်သွားတာ
မိုး လည်း သိပ်နားမလည်ဘူး ဘာလို့ ဗီလိန်က နေ မင်းသမီးဖြစ်သွားတာလည်း အရမ်းသိချင်နေတာ ဒါနဲ့လေ ဆု အဲ့ ဗီလိန် နာမည်က ဆုကဋေ တဲ့ သိလားဆုနာမည်တဲ့ တူတူဘဲ...
မင်းသားနာမည်က လွန်းသန့်သခင်တဲ့..*

အချိန် စက်ဝန်း(Completed)Where stories live. Discover now