နန်းကျောင်းပြီးသွားတော့အိမ်မှာပဲ၁လကျော်လောက်အနားယူလိုက်အုန်းမယ်လို့တွေးထားတယ်။ပြီးမှအလုပ်၀င်မယ်လို့ဘိုးဘိုးကိုလည်းပြောထားတယ်။နန်းအိမ်မှာgameဆော့နေတုန်းနန်းရဲ့ချစ်သူငယ်ချင်းနှစ်ယောက်လာလည်တယ်။
မိုး"နန်း၊ဘာတွေလုပ်နေတာလဲ။"
နန်း"ပျင်းလို့gameဆော့နေတာ။"
စော"အေး၊ဟုတ်တယ်။ငါတို့လည်းပျင်းနေတာနှင့်နင့်ဆီထွက်လာလိုက်တာ။ဒါနှင့်စိုင်းရော၊မတွေ့ပါလား။"
နန်း"စိုင်းကကွန်ပျူတာသင်တန်းရှိလို့လေ။သင်တန်းသွားတက်တယ်။ကျောင်းပြီးပြီဆိုတော့နင်တို့ရောဘာလုပ်မယ်စိတ်ကူးထားကြလဲ။"
စော"ငါကတော့ငါဝါသနာပါတဲ့ဒီဇိုင်နာလုပ်ဖို့စဥ်းစားထားတယ်။ငါကသင်တန်းတွေလည်းတက်ပြီးသားဆိုတော့နာမည်ကြီးဒီဇိုင်နာတယောက်ဆီမှာအလုပ်၀င်လုပ်တော့မယ်လို့တွေးထားတယ်။"
မိုး"ငါကတော့ဖေဖေ့companyမှာပဲဝင်လုပ်ရမှာပေါ့။နောက်တပတ်ဆိုအလုပ်၀င်ရတော့မှာ။နန်း၊နင်ရောဘာလုပ်မယ်စဥ်းစားထားလဲ။"
နန်း"ငါလည်းဘိုးဘိုးရဲ့companyမှာအလုပ်၀င်မှာ။၁လလောက်တော့အနားယူအုန်းမယ်ဟာ။အိမ်မှာအေးဆေးနေချင်သေးတယ်။ပြီးရင်လည်းအလုပ်ကတောက်လျှောက်လုပ်ရတော့မှာ။"
မိုး"ငါတို့ရဲ့ကျောင်းသားဘ၀ကပြီးသွားပြီနော်။အချိန်ခဏလေးလိုပဲ။"
စော"ဟုတ်ပါ့။ကျောင်းတောင်ပြီးသွားပြီ။အခုထိကျောင်းတော်ကြီးကိုလွမ်းနေတုန်း။"
နန်း"ငါရောပဲ။အချိန်တွေကလည်းဘာလို့အဲ့လောက်ထိကုန်တာမြန်တာလည်းမသိဘူး။"
နန်းတို့သူငယ်ချင်း၃ယောက်ကျောင်းတော်ကြီးအကြောင်းပြောရင်းနန်းတို့ကျောင်းတက်တက်ခဲ့တဲ့အမှတ်တရတွေပြန်ပြောဖြစ်ခဲ့တယ်။💮💮💮💮💮💮💮💮💮💮💮💮💮💮💮
စောတို့ရောက်တာ၁နာရီကျော်လောက်ကြာပြီးတော့စိုင်းသင်တန်းကပြန်လာတယ်။
စိုင်း"မမစောတို့ရောက်နေကြတာလား။ရောက်နေတာကြာပြီလား။"
ကျွန်တော်ပြောရင်းဆိုဖာမှာထိုင်လိုက်တယ်။
မိုး"ကြာပြီစိုင်းရဲ့။တနာရီကျော်လောက်တောင်ရှိနေပြီ။ပျင်းနေတာနှင့်မင်းမမနန်းဆီလာလည်ကြတာ။"
စော"သင်တန်းကပြန်လာတဲ့သူကလည်းအထုတ်တွေနှင့်ပါလား။ဘာတွေ၀ယ်လာတာလဲ။"
စိုင်း"လမ်းကြုံတာနှင့်မမနန်းကြိုက်တဲ့ကြက်ကြော်၀ယ်လာတာ။မမစောတို့လည်းစားလေ။"
ကျွန်တော်ပြောရင်းကြက်ကြော်ဘူးဖွင့်ပေးလိုက်တယ်။
နန်း"ကျေးဇူးပါ၊စိုင်းရယ်။ဒီနေ့ကြက်ကြော်စားချင်နေတာ။စိုင်းကတော့နန်းရဲ့စိတ်ကိုအရမ်းဖတ်တက်တာပဲ။"
မမနန်းစကားကြောင့်ကျွန်တော်ပျော်ရွှင်ရပါတယ်။မမနန်းကကျွန်တော့်ကိုထောက်ပံ့ပေးထားတယ်ဆိုပြီးဘယ်တော့မှအထက်စီးကမနေဘူး။ပြီးတော့လည်းဘယ်တော့မှကျွန်တော့်ကို၀မ်းနည်းအောင်၊စိတ်အားငယ်အောင်လည်းမလုပ်ဘူး။ဘိုးဘိုးလည်းအဲ့အတိုင်းပါပဲ။ကျွန်တော့်ကိုသူ့ရဲ့မြေးအရင်းတိုင်းပဲဆက်ဆံတယ်။ဦးအောင်ကျော်နှင့်မနန်းမွန်ဆိုတာကျွန်တော့်ဘ၀ကိုအလင်းပေးတဲ့ကျေးဇူးရှင်တွေပါ။သူတို့ကြောင့်ကျွန်တော်အခုလိုပြောင်းလဲလာခဲ့ရတာပါ။မမနန်းတို့ရဲ့ကျေးဇူးကအရမ်းပဲကြီးမားလွန်းပါတယ်ဗျာ။နန်းတို့ကိုကြက်ကြော်ပေးပြီးတော့စိုင်းကရေသွားချိုးတယ်။နန်းတို့၃ယောက်ကတော့ကြက်ကြော်စားရင်းစကားဆက်ပြောကြတယ်။ညနေစောင်းလောက်မှစောနှင့်မိုးတို့ပြန်သွားကြတယ်။
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...