Far Away

761 56 5
                                    


လတ်ဆတ်တဲ့ ကိုရီးယားနိုင်ငံရဲ့ လေထုကို တစ်ဝကြီးရှူသွင်းလိုက်ရင်း အမြဲလွမ်းနေခဲ့ရတဲ့ အိမ်ကို ပြန်ရောက်ပြီဆိုသော ခံစားချက်မျိုးဖြင့် လေယာဉ်ပေါ်မှဆင်းလာခဲ့လေသော ထိုလူသားသည် လူတိုင်း အားကျရပါသော Kim မိသားစု၏ တစ်ဦးတည်းသောသား Kim Mingyu ပင်။

အရပ်မြင့်မြင့် ခန္ဓာကိုယ်အချိုးအစား ပြေပြစ်အချိုးကျစွာဖြင့် ဆံပင်ကိုသပ်တင်ကာ လေယာဉ်ပေါ်မှ လမ်းလျှောက်ဆင်းလာသော ပုံစံသည် မိန်းကလေးတိုင်းရဲ့ အသည်းကို ညှို့ယူဖမ်းစားနိုင်လေ၏။

သို့သော်လည်း ထိုသူမှာတော့ မည်သူ့ကိုမျှပင် လှည့်တောင်မကြည့်ပဲ လိုရာလမ်းခရီးအတိုင်းသာ ဆက်လျှောက်သွားနေသည်။

Kim မိသားစု၏ တစ်ဦးတည်းသောသားသည် နှလုံးသားအေးစက်လွန်းရုံသာမက လူတိုင်းအား ခပ်ပြတ်ပြတ် ဆက်ဆံတတ်သည်ဟု နာမည်ကြီးလေသည်မှာလည်း မဆန်းပေ။

သို့သော် သူ့စိတ်ထဲတွင်မည်သို့ဖြစ်နေသည်ကိုတော့ မည်သူမျှသိမည်မဟုတ်။

________________________________________

ကျွန်တော် ဒီနိုင်ငံကိုပြန်ရောက်ရောက်ချင်း ပထမဆုံးလုပ်ချင်မိသည်က Hyung ကို သွားတွေ့ချင်မိခြင်းဖြစ်သည်။ ဘယ်လောက်တောင်မှ လွမ်းခဲ့ရသနည်း။

အတူတူဖြတ်သန်းခဲ့ပေးတဲ့ 4 နှစ်တာကာလကို မေ့ပစ်ပြီးတော့ ပြည့်ပကို ပညာတော်သင်သွားခဲ့ရပေမယ့် 4နှစ်တာလုံး Hyung ကိုတစ်ရက်မှမေ့မရခဲ့ဘူးဆိုရင်ယုံမလား။
တစ်နှစ်မှာ 365ရက်ပဲရှိရင်တောင် Hyung ကို လွမ်းတဲ့ရက်က 370 လောက်ရှိလောက်တယ်။

နောက်ဆုံးပြောခဲ့တဲ့ စကားလေးကိုတောင် ဒိုင်ယာရီထဲရေးမှတ်ထားခဲ့သေးသည်။

"မင်းပြန်လာမယ့်အချိန်ကို တတ်နိုင်သလောက်‌ေစာင့်နေမယ် Gyu,တကယ်တော့ မင်းက ငါ့အတွက် ဖြစ်တည်လာတာမဟုတ်ပါဘူး၊ မင်းရဲ့ဖြစ်တည်မှုအတိုင်းလေးပဲကောင်းပါတယ်။ ငါ့ကြောင့်နဲ့ မင်းရဲ့ပြည့်စုံနေတဲ့ဘဝကို မဖျက်စီးချင်ဘူး" တဲ့

တော်တော်ကို ရူးမိုက်တဲ့ကျွန်တော်ပါပဲ။ အင်းပေါ့လေ
Hyung နဲ့ ပတ်သတ်လာရင်ကို အရာရာ ရူးမိုက်မိသွားတာက အပြစ်ဆိုရင် အဲ့ဒီအပြစ်ဒဏ်ကို Hyung ကပဲ တရားစီရင်ပေးလိုက်ပါတော့လို့သာ ပြေးပြောလိုက်ချင်တော့တယ်။

You've reached the end of published parts.

⏰ Last updated: Apr 28, 2023 ⏰

Add this story to your Library to get notified about new parts!

Far Away(one shot)Where stories live. Discover now