13

144 10 2
                                    

<Unicode>

တီ..တီ..( နှိုးစက်မြည်သံ )

နှိုးစက်ကိုပိတ်လိုက်ကာ အိပ်ရာမှထလိုက်သည် ဒီ​နေ့ ceo ကို ​ကောင်​လေးအ​ကြောင်း​ပြောပြရမည် ဒါမှသီချင်း​တွေဘာ​တွေထုတ်ဖို့အဆင်​ပြေမှာ​လေ ceo ကသ​ဘောတူလိုက်တာနဲ့ ​ကောင်​လေးကိုတခါထဲ ​သူကိုယ်တိုင်​လေ့ကျင့်​ပေးမည် သိသင့်သိထိုက်တာမှန်သမျှ အကုန်သင်​ပေးရမည် အဖက်ဖက်မှပြည့်စုံ​နေ​အောင် တခါထဲလုပ်ထားရမည် ဒါမှ ဘယ်သူကမှလာပြီး အပြစ်မ​ပြောရဲ​အောင်လို့

​ကောင်​လေးကို ဘယ်လိုရှု​ထောင့်ကပဲကြည့်ကြည့် ဘယ်လို​တွေပဲ အပြစ်ရှာကြရှာကြ မ​တွေ့​စေချင်ပါ ​ကောင်​လေးနဲ့ပတ်သက်ရင် အပြစ်အနာအဆာဆိုတာ ဘာလဲ ​မေးယူရ​လောက်​အောင်ထိကို ပြည့်စုံ​နေ​စေချင်သည် သူ့လို ကိုယ့်ထမင်းကိုယ်စားပြီး ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုတ်ချမှု​တွေကို ခံယူ​နေရတဲ့သူတစ်​ယောက် မဖြစ်​စေချင်ပါ

ကဲ့ရဲ့ခုနှစ်ရက် ချီးမွမ်းခုနှစ်ရက်ဆို​တဲ့စကားပုံ​တောင် ရှိ​သေးတယ်မလား တကယ်တမ်းကျ ပတ်ဝန်းကျင်ဆိုတာမျိုးက ချီးမွမ်းရင်သာ ခုနှစ်ရက်မကြာတတ်တာ ကဲ့ရဲ့ရမည်ဆိုလျှင်ဖြင့် ခုနှစ်နှစ်​လောက်​တောင် ကြာသွားနိုင်သည်​ ကိုယ့်မျက်​ချေး​တော့ မမြင် သူများမျက်​ချေးမှ မြင်တတ်သည်​လေ အဲ့ဒါ​ကြောင့်မို့ ​ကောင်​လေးကို နည်းနည်း​လောက်ဖြစ်ဖြစ် အချိန်ယူပြီး ​လေ့ကျင့်​ပေးချင်​သေးသည်

​ကောင်​လေးအ​ကြောင်း​တွေးရင်းနဲ့ နိုးထလာခဲ့ရတဲ့ မနက်ခင်း​လေးက သာသာယာယာပင် အရာအားလုံးလဲ အဆင်​ပြေ​ချော​မွေ့လို့​နေသည် ခါတိုင်းဆို မနက်တိုင်း အရက်နာကျပြီး​တော့ ​ခေါင်းမ​ထောင်နိုင်လို့ နမ်ဂျွန်းတ​ယောက် မနည်းနှိုးရသည် အခု​တော့ နမ်ဂျွန်းမ​ရောက်ခင်ကထဲက အားလုံးအဆင်သင့်ဖြစ်​နေ​လေပြီ ​ကောင်​လေး မင်းကကိုယ့်အတွက်​တော့ ​ဖြေ​ဆေး​လေးနဲ့တူတယ် သိရဲ့လား

အထူးတလည်ပြင်ဆင်ထားတာမရှိ​ပေမဲ့ အနည်းဆုံး သပ်သပ်ရပ်ရပ်ဖြစ်​အောင်​တော့ လုပ်ထားလိုက်သည် အဝတ်အစား​ရော ဆံပင်​ရောပုံစံနဲနဲ​ပြောင်းကာ လူကြီးလူ​ကောင်းပုံစံဖမ်းထားလိုက်သည် သူ့ကိုယ်သူမှန်ထဲမှာကြည့်ကာ အ​ကျေနပ်ကြီး​ကျေနပ်​နေ​လေ​တော့သည် အခုလိုကျ​တော့​လဲ ​တော်​တော်​လေး​ချောတဲ့ ငါပါလား ဒီလိုပဲဖြစ်ရမယ်​လေ ကင်​ဆော့ဂျင်ဆိုတာက မ​ချောတဲ့အချိန်ရယ်လို့မှ မရှိခဲ့တာကိုး အမြဲ​တမ်းလိုလိုချော​မောခန့်ညား​နေတာပဲ​လေ ဖန်​တွေရိုက်တဲ့ snap ​တွေထဲမှာ​တောင် ဘယ်​လောက်​တောင်မှ ​ချော​နေလိုက်သလဲ အခုလိုပြင်ဆင်ထားလိုက်​တော့ ပိုပြီး​တောင်ခန့်ညားမှုက ​ပေါ်လွင်လာခဲ့​တော့တာ​ပေါ့ အလှ​ပေါ်အယဉ်ဆင့်ဆိုသလို ​ချော​မောမှုအ​ပေါ်ကို တည်ကြည်ခန့်ညားမှု​နဲ့ မိမိကိုယ်ကိုယုံကြည်မှုလေးပါ ထပ်​ပေါင်းလိုက်​တော့ အပြစ်ဆိုဖွယ်ရာမရှိ​တော့​လောက်တဲ့ အလှတရား​တွေ ​ပေါ်ထွက်လာတာက ကင်​ဆော့ဂျင်အတွက်​တော့ အထူးအဆန်း​တော့မဟုတ်​ပေ ဒါ​တွေက ဖြစ်ရိုးဖြစ်စဉ်​သမားရိုးကျတွေပဲ​​လေ

Unconditional Love ( jinkook ver ) Complete Where stories live. Discover now