Unicode..
ရာသီဥတုက သာယာပြီးကြည်လင်နေတယ် ငှက်လေးတွေကလဲ တကျီကျီနဲ့ သူတို့တာ၀န်ကိုထမ်းဆောင်နေကြတယ်
ကင်အိမ်တော်ရဲ့ အခန်းလေးတစ်ခန်းတွင်တော့ ဂွမ်းစောင်ထူထူကိုကြီးကို တစ်ကိုယ်လုံးစောင်ထဲရောက်အောင် ခြုံပြီး အိပ်နေသောဆော့ဂျင်လေးရယ်ပါ
"ဒေါက်~ဒေါက် ဆော့ဂျင် အမေ၀င်လာပြီနော်"
သူမအခန်းထဲ၀င်သွားလိုက်တော အခုထိမထသေးဘဲ
အပျင်းတစ်နေတဲ့ သားဖြစ်သူကြောင့် ခေါင်းခါမိတယ်
နောက်တစ်ပတ်နေရင်ပဲ အိမ်ထောင်ကျတော့မယ်ခုထိကလေးလိုလုပ်နေတုန်း"ဟဲ့ ကင်ဆော့ဂျင် မထသေးဘူးလား
ဒီနေ့ဘာနေ့လဲသိလား""အမေရာ ဘာနေ့လဲသိချင်တာ ပြက္ခဒိန်သွားကြည့်ပါလားလို့"
"ကင်ဆော့ဂျင် အခုမထဘူးလားပြော"
"ထပြီ...ထပြီ "
အိပ်ချင်မူးတူးနဲ့ထိုင်ထလိုက်ပါသော ဆော့ဂျင်
အစောကြီးရှိသေးတာကို ဟင့် ညက ဂိမ်းဆော့တာ
မိုးလင်းခံနီးမှ အိပ်ပျော်တာကို"ထပြီဆိုလဲ ရေချိုးပြီး မနက်စာစားဖို့ဆင်းလာ
ခနေနေ သားမက်ဂျွန်လာလိမ့်မယ် ကြားလား"ဆိုပြီး အမေပြောပြီးထွက်သွားတော့မှဟုတ်သားပဲ သူတို့ဒီနေ့အကျီသွားရွေးကြမှာလေ လက်ထပ်ပွဲအတွက် ကင်ဆော့ဂျင် ဘယ်လိုတောင်မေ့ရတာလဲ ဆော့ဂျင်ခေါင်းကိုနှစ်ချက်လောက်ထုပြီးငြီးနေမိတယ် မြန်မြန်လုပ်ကမယ် အချိန်မရှိဘူး ထို့နောက်ရေချိုးခန်းထဲသို့....
ဆော့ဂျင်ရေချိုးခန်းထဲကနေ ခေါင်းကိုသုတ်ရင်းထွက်လာပြီး
ဘီဒိုရှေ့မှာသွားရပ်ပြီးအကျီရွေးနေတာ ဆယ်မိနစ်လောက်ရှိတော့မယ် ခုထိသူ့အကြိုက်မတွေ့သေးဘူးနောက်ဆုံး တီရှုပ်အဖြူရောင်လေးကိုမှ အပေါ်ကမိုးပြာရောင်အကျီလေးနဲ့ style pant အနက်ရောင်လေးကိုတွဲ၀တ်ပြီး အောက်ထပ်ဆင်းခဲ့လိုက်တယ်
______________________________________ဂျောင်ဂု သူအမေစကားကြောင့်မငြင်းနိုင်ပဲ အကျီသွားရွေးဖို့ ကင်ဆော့ဂျင်ကို ၀င်ခေါ်ပြီးသွားရအုံးမယ်
YOU ARE READING
အချစ်လား....သူပေါ့
FanfictionJk- မောင်မင်းကို အရမ်းချစ်တယ် ဂျွန်ဆော့ဂျင် Jin- အွန်း ငါယုံတယ်မောင်