P-3
2.5K 104 0
Unicode..
ပထမဆုံး စာသင်ချိန်ကို paper 2 ဆရာမ ဝင်ရောက်၍ စကားပြောသည်။
"  English skills လေးမျိုးတိုးတက်လာအောင် ပြဇာတ်သဘောမျိုး ဒီတစ်ပတ်အတွင်း လုပ်ခိုင်းမယ်။
teacher က ပုံပြင်တွေကို telegram group ထဲမှာ တင်ပေးမှာ ဖြစ်တယ်။ အဖွဲ့က ခြောက်ဖွဲ့ခွဲပြီး
အဲ့ထဲ ဘယ်သူတွေ ပါမလဲဆိုတာ teacher ပြန်ပြောပေးမယ်။"
" တီချယ် ဘယ်နေ့ ပြိုင်ရမှာလဲ "
အတန်းရဲ့ ECက ခေါင်းဆောင်ကောင်း ပီသစွာ
ဝင်မေးသည်။
" ဒီတစ်ပတ် Friday လုပ်မှာ။ ပါမောက္ခ‌တွေရော
ဌာနက ဆရာတွေရော ဖိတ်မှာ ဆိုတော့ သေချာလုပ်ကြ ကလေးတို့။ own creation တွေ ထည့်လို့ ရတယ်။ အဲ့တာ လာပြောတာ ဒီနေ့ ဒီလောက်ပဲ"
တီချယ်က နှုတ်ဆက်ပြီး ထွက်သွားတာတောင်
ဘယ်သူမှ မလှုပ်ဖြစ်ကြ။ ကျောင်းတွင်း activity တွေကို တက္ကသိုလ်ကျောင်းသား ပီသစွာ ဘယ်သူမှ မလုပ်ချင်။
" ဟင်း .. စိတ်ညစ်ပါတယ် စာမေးပွဲက စာနဲ့ tutorial စာတွေတောင် မရတာ activity တွေက လာအုံးမယ်။"
စလာပါပြီ ဇာတ်လမ်းတွေ စာလုပ်တဲ့ အချိန်ကျ မလုပ်ပဲ ရည်းစားနဲ့ ဖုန်းပြောနေပြီး..။
အဲ့စကားကိုတော့ အပြင်ထုတ်မပြောဖြစ်လိုက်
ပြောလိုက်ရင် အလုပ်ခံရမှာ သေချာသည်။
ဝေခြူးဆိုတဲ့ အမျိုးသမီးက အရပ်သာ ပုတာ လက်သံပြောင်သည်။
မနက်ပိုင်း အချိန်တွေ ဘယ်ဆရာမှ မဝင်သဖြင့် ကန်တင်းသို့လည်း မသွားဖြစ်ပဲ အတန်းထဲမှာသာ
သောင်တင်နေသည်။
ခုံပေါ် မှောက်အိပ်လိုက် တစ်ချက်တစ်ချက်
သတိရစိတ်တွေကို ပြန်မျိုချရင်း
မေ့ဖျောက်ပစ်ရသည်။
ဖုန်းလည်း မကြည့်ဖြစ်၊ ဖုန်းကိုင်မိရင် စာပို့တာဖြစ်ဖြစ် ခေါ်တာဖြစ်ဖြစ် တစ်ခုခု လုပ်မိမှာစိုးသည်။
သူ(မ)အနှောင့်အယှက်ဖြစ်မှာ မိုးရိပ်သေမလောက်ကြောက်ပါသည်။
ငိုရလွန်းလို့ မျက်လုံးတွေ အောင့်ပြီး ခေါင်းတွေပါ ကိုက်လာသည်။
ညနေ အတန်းချိန်မတက်ပဲ အဆောင်ပြန်ဖို့ စိတ်ကူးလိုက်သည်။
" ညနေ အတန်းမတက်တော့ဘူး ပြန်ပြီး အိပ်မလို့ လိုက်မှာလား။"
" အင်း လိုက်မှာပေါ့ မတက်ချင်တာနဲ့ အတော်ပဲ"
ဒီ‌လိုနဲ့ပေါ့ တစ်နေ့တာက နိစ္စဓူဝကိစ္စတွေရယ် အလွမ်းတွေရယ်နဲ့ ကုန်ဆုံးခဲ့ပြန်သည်။
...နှစ်ဆွေးဆူး....
Zawgyi..
အဲ့ထဲ ဘယ်သူတွေ ပါမလည်းဆိုတာ teacher ပြန်ပြောပေးမယ်။"
" တီချယ် ဘယ်နေ့ ပြိုင်ရမှာလည်း "
ဝင်မေးသည်။
ဘယ်သူမှ မလှုပ်ဖြစ်ကြ။ ကျောင်းတွင်း activity တွေကို တက္ကသိုလ်ကျောင်းသား ပီသစွာ ဘယ်သူမှ မလုပ်ချင်ကြ။
သောင်တင်နေသည်။
မေ့ဖျောက်ပစ်ရသည်။
ဖုန်းလည်း မကြည့်ဖြစ်၊ ဖုန်းကိုင်မိရင် စာပို့တာဖြစ်ဖြစ် ခေါ်တာဖြစ်ဖြစ် တစ်ခုခု လုပ်မိမှာစိုးတယ်။
" ညနေ အတန်းမတက်တော့ဘူး ပြန်ပြီး အိပ်မလိုက် လိုက်မှာလား။"
ဒီ‌လိုနဲ့ပေါ့ တစ်နေ့တာက နိစ္စဓူဝကိစ္စတွေနဲ့ အလွမ်းတွေနဲ့ ကုန်ဆုံးခဲ့ပြန်သည်။
...နှစ်ဆွေးဆူး....
ပြင်ဆင်‌ခွင့်လေး ပေးသနားပါ...( complete)Where stories live. Discover now