My Little Stupid(U)

1.5K 122 4
                                    

" ရစ်ခီ!။ ရစ်ခီ!။  "

အတန်းဖော်တစ်ယောက်၏ကျယ်လောင်သည့် အော်ခေါ်အသံကြောင့် စာဖတ်နေသည့်ရစ်ခီ၏အာရုံဟာ အတန်းဖော်ဆီသို့ရောက်လို့သွားသည်။ထိုအတန်းဖော်မှာချွေးတွေရွဲအောင်ပြေးလာပုံရသည်။ပြီးနောက် ရစ်ခီရှေ့၌ရပ်ကာ အရင်အမောဖြေလို့နေသည်။

" ကဲပြော။ကင်မ်ဂယူဘင်းဘာဖြစ်ပြန်ပြီလဲ။ "

ရစ်ခီ၏စကားအဆုံး၌ သူ့၏ရှေ့ကအတန်းဖော်ဟာ သူ့အား ပုတ်သင်ညိုသကဲ့သို့ ခေါင်းတဆက်ဆက် ညိတ်ပြလို့လာသည်။ဂယူဘင်းဆိုသည့် သူ့၏ရည်းစားလေးတစ်ခုတစ်ခုဖြစ်နေသည်မှာ သေချာလို့သွား၏။

" ကွင်းထဲမှာ....ရန်ဖြစ်နေတယ်။ "

အတန်းဖော်၏ လေမဆက်သည့်စကားသံနှင့်အတူ ရစ်ခီ၏ခြေတံရှည်တွေဟာ ကွင်းထဲသို့ ဦးတည်နေရပြီ။ထိုလူသားဟာ ရစ်ခီကိုဒုက္ခပေးလွန်းသည်။

ရစ်ခီ၏ခြေတံရှည်တွေကြောင့်လားတော့မသိ။ရစ်ခီကွင်းထဲကိုခပ်မြန်မြန်ရောက်လို့လာသည်။ရောက်ရောက်ချင်းပဲရစ်ခီ၏ရင်အားခြေစုံကန်ခံရသလိုခံစားလိုက်ရသည်။

ရစ်ခီ၏အရှေ့၌မြင်ကွင်းသည် ရစ်ခီ၏ဒေါသအားတစ်ဖြေးဖြေးတူးဆွလို့နေသည်။တခြားသူသာဆို ရစ်ခီအသာအယာလေးရပ်ကြည့်လိုက်မည်ဖြစ်သော်လည်း သူ့အရှေ့၌ရန်ဖြစ်နေသည့်လူမှာ တခြားလူဟုတ်မနေခဲ့တော့ သူဟာရန်ပွဲထဲပါကိုပါရတော့မည်။

ဘာကြောင့်ရန်ဖြစ်သည်လဲသူမသိသလို ဘယ်သူ့ဘက်ကမှားလည်းလဲရစ်ခီမသိပါ။သူသိသည်က ဂယူဘင်း၏မျက်နှာနုနုအား ဒဏ်ရာရစေသည့် အရှေ့က အနှီလူသားနှစ်ယောက်အား သတ်ပြစ်ချင်တာပဲသိ၏။

ရုတ်တရက်ကြီး ထ၀င်ထိုးသည့်ရစ်ခီကြောင့်အနှီလူသားနှစ်ယောက်မှာ အငိုက်မိသွားပုံပေါ်သည်။သူ့၏ရည်းစားလေးမှာ လန့်ဖြန့်ပြီးအနောက်သို့ခြေလှမ်းနှစ်လှမ်းဆုတ်၍သွားသည်။သူ့၏အရှေ့ကနှစ်ယောက်လုံးအား တစ်ယောက်ငါးချက်စီဆင့်ထိုးကာ နှစ်ယောက်ထဲမှ တစ်ယောက်၏ဗိုက်အား အားပြင်းပြင်းဖြင့် ရစ်ခီဆောင့်ကန်လိုက်သည်။

ရစ်ခီကိုဘယ်လိုမှ ယှဥ်မချနိုင်မည်ကိုသိသည့်ထိုလူသားနှစ်ယောက်မှာတော့ အချင်းချင်းဖေးမကူညီကာပြေးလို့သွားပြီဖြစ်သည်။အခု သူစာရင်းရှင်းဖို့ကျန်သည်မှာတော့ ရစ်ခီ၏အနောက်၌ငြိမ်ကုပ်နေသည့် ကင်ဂယူဘင်းအလှည့်ပင် ဖြစ်ကောင်းဖြစ်လိမ့်မည်။

My Little Stupid♡//ShenvinWhere stories live. Discover now