Chapter(19)

459 54 1
                                    

Zawgyi

"ကျိုးကျိချန်းကရုပ်အတော်လေးချောတာတေု့ဝန်ခံရမယ်!။ ဒါပေမဲ့ ဟိုတလောလေးကမှသူ့ဇနီးကဆူံးသွားတာလေ!။ မင်းသမီးဟွိုင်ကျန့်အနေနဲ့ ခုလိုတော့မလုပ်သင့်ဘူးထင်တယ်နော်"

"မင်းကလည်း မင်းသမီးဟွိုင်ကျန့်က အစထဲက မောက်မာပြီးအထက်စီးဆန်တာကို!။ သူကလူတွေအမြင် ပတ်ဝန်းကျင်အမြင်ကိုဘယ်ဂရုစိုက်ပါ့မလဲ?"

"ရှူး တော်တော့! နံရံတွေမှာနားတွေရှိတယ်တဲ့!။ ငါတို့က သာမန်အရပ်သားတွေပဲရှိတာ။ မင်းမျိုးမင်းနွယ်တွေအကြောင်းအတင်းပြောတာသိပ်မကောင်းဘူး!"

ဟွားချီယွဲ့က ထျန်းစီကိုချီထားပေမဲ့ သူမရဲ့အကြည့်တွေကအေးစက်နေသည်။

ဖောက်ပြန်တဲ့ကောင်နှစ်ကောင်က ဘယ်လိုသတ္တိနဲ့များ လူရှေ့ပေါ်တင်တွဲနေရဲတာလဲ?။ သူမ ဟွားအိမ်တော်ကိုရောက်တာတောင်ဘယ်လောက်မှမကြာသေးဘူးလေ!။

သူမဘေးက ကလေးငယ်ကတော့ မင်းသမီးဟွိုင်ကျန့်ရဲ့နာမည်ကိုကြားတာနဲ့တဆတ်ဆတ်တုန်ယင်နေသည်။

ဟွားချီယွဲ့ငုံ့ကြည့်လိုက်တော့ ထျန်းစီကသူမ ထင်ထားတဲ့အတိုင်းပင်။ မျက်နှာကသွေးမရှိသလိုဖြူဆုတ်သွားပြီး တင်းတင်းဆုပ်ထားသောလက်နှစ်ဖက်ကိုကြည့်ခြင်းအားဖြင့် ဘယ်လောက်တောင်ကြောက်လန့်နေရှာမလဲ?။

သူက ချွေးစေးတွေလည်းပြန်နေသလို ခေါင်းကနေခြေဖျားထိ အဆတ်မပြတ်တုန်ယင်နေ၏။ ထို့ကြောင့် ဟွားချီယွဲ့က သူမရဲ့လက်ကိုင်ပုဝါကိုထုတ်ကာထျန်းစီရဲ့နဖူးက ျခႇေးကိုဖွဖွသုတ်ေပးလိုက်သည်။

"ထျန်းစီ, သားအဆင်ပြေရဲ့လား?။ အမေ သားအတွက် ချွေးသုတ်ပေးမယ်"

ဒါကိုမြင်တော့လုရှင်းကလည်းဘေးနားကယပ်တောင်ကိုယူကာခတ်ပေးလိုက်သည်။

"ဒီမှာ အနီရောင်မြက်နဲ့ဂျင်ဆင်းပြုတ်ထားတာလေးသောက်လိုက်နော်"

ယူရွှီးကတော့ အနီရောင်မြက်စွပ်ပြုတ်ကို ကမ်းပေးလာသည်။ ထို့နောက်ထျန်းစီက ဟွားချီယွဲ့ကိုကြည့်လိုက်၏။

ဟွားချီယွဲ့လည်းပြုံးပြလိုက်သည်။

"သား, ဒီလူတွေအားလုံးက ယုံကြည်ရတဲ့လူတွေချည်းပဲ။ သူတို့ကလူကောင်းတွေပါ"

General's Genius Daughter(MM translation)Where stories live. Discover now