တီ......တီ......တီ.....
"ဖုန်းလာနေတယ် ကိုင်လိုက်အုံးလို့!!!"
မနေ့က သူမတရားတွေကြမ်းထားလို့ လူကပင်ပန်းပြီး အိပ်ယာကဝထနိုင်ပါဘူးဆိုမှ မနက်စောစောစီးစီးဖုန်းလာတာကို မကိုင်သေးတဲ့လူကြီးကြောင့် Biuစိတ်တိုမိသွားတယ်
တီ......တီ......
"အဟမ်း...ဟယ်လို"
//ဟယ်လို ဒီဒီ သားပြန်ရောက်ပြီနော် အခုလေဆိပ်ကထွက်လာပြီ လမ်းမှာ ဆယ့်ငါးမိနစ်နေရင် အိမ်ရောက်မယ်//
"ဘယ်လို...!!! ပြန်လာတာကို ဘာလို့ဒီဒီ့ကိုကြိုမပြောတာလဲ ဒီဒီလာကြိုမှာပေါ့"
//မဟုတ်တာ ဒီဒီရယ် ဒီကအလုပ်တွေနဲ့ပင်ပန်းနေမှာ အိမ်ရောက်မှတွေ့မယ်နော် ဒီဒီ့ဖို့လက်ဆောင်တွေပါတယ်//
"အိုခေ အိုခေ"
"ဘယ်သူမို့လို့လဲ အော်တာလန့်တောင်သွားတယ် "
"Bsumပြန်ရောက်နေပြီ"
"ဪ.....Biuတို့ကိစ္စသိသွားမှာစိုးရိမ်နေတာလား"
"အင်း"
"အဟက်...ဟုတ်ပါပြီ"
"မဟုတ်ဘူးနော် Biuတွေးနေသလို လုံးဝမဟုတ်ဘူး ကိုယ်က Biuကိုအဲ့လိုသဘောထားတာမဟုတ်ဘူး ကိုယ်က ဒီတိုင်း သားရုတ်တရက်သိရင်လန့်သွားမှာစိုးလို့ပါ ကိုယ်ဖွင့်ပြောမှာပါ ရုတ်တရက်ဆိုတော့ ကိုယ်လန့်သွားရုံပါ"
"သူပြန်ရောက်နေပြီမလား သွားတော့လေ"
"အင်းကိုယ်ပြန်တော့မယ် ဒါပေမယ့် Biuလိုက်ခဲ့ရမယ်"
"အမ်??"
"Biuလိုက်ခဲ့ ကိုယ်အချိန်မဆွဲချင်ဘူး သားကိုသေချာနားလည်အောင် ကိုယ်ပြောမယ်"
"......."
_________________________
"ဒီဒီ..!!!! အရမ်းလွမ်းနေတာ ""ဟုတ်ပါပြီ အဆိုးလေးရဲ့ အရမ်းပင်ပန်းနေလား အရင်သွားနားနှင့်မလား"
"No ဒီဒီ သားက လန်းဆန်းတက်ကြွနေတာပဲ"
"ဟုတ်ပါပြီ ဒါနဲ့ ဒီဒီသားကိုပြောစရာရှိတယ် သားနားထောင်ပေးမလား"
"ပြောလေဒီဒီရဲ့"
"ဒီဒီပြောပြလိုက်ရင် သား ဒီဒီ့ကိုစိတ်ပျက်သွားမလားပဲ"
YOU ARE READING
Revenge To Fall In Love With His Dad ( Completed )
Fiksi Penggemarနောင်ဘဝထိမမျှော်လင့်ပါဘူး ဒီဘဝကို မင်းကိုအကောင်းဆုံးချစ်ပေးနိုင်ရုံနဲ့တင် လုံလောက်ပါပြီ ~~~~ 🚨🔞 Warning 🔞🚨