9

197 33 1
                                    

Unicode

အိမ်ထဲဝင်ကြတော့ သခင်ကြီးစားဖို့ သကြားမုန့်ကို သွားယူဖို့ ပြင်တုန်း

"ဂျီမင် အပေါ်ထပ် တတ်ခဲ့အုန်း ကိုယ်မေးစရာလေးရှိလို့"
"ဟုတ် သခင်ကြီး

အပေါ်ထပ်ရောက်တော့ သခင်ကြီးသည် ဗီဒိုကိုဖွင့်ပြီး တခုခုကိုရှာနေသည်။

"ဘာရှာနေတာလဲသခင်ကြီး"
"အော် ရောက်ပြီလား"
"ထိုင်နှင့်"

အခန်းထဲက သခင်ကြီး၏ စာကြည့်ခုံဘေးက ထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်နေသည်။ခဏအကြာ ဗီဒိုထဲက အဝတ်တွေကို တခုပြီး တခုထုတ်ကြည့်နေရာ ကနေ ရပ်ပြီး  ကုတင်ဘေးမှာထိုင်ပြီး သူကို မျက်နှာချင်းဆိုင် ကြည့်နေသည်။

"အဟမ်း ဟို ယွဲ့ချင်ပြောတဲ့ မကောင်းကြောင်းဆိုတာ ဘာလဲ "
"ဗျာ"

အရေးကြီးရာ တခုခုမေးရန်ဖြစ်မည်ဟုတွေးထားသော်လည်း  ဘာမဟုတ်သည့် အကြောင်းကိုမေးနေတော့ အနည်းငယ်ဖြေရခက်သည်။

"ကိုယ်ပြောချင်တာက ယွဲ့ချင်က ကိုယ်မကောင်းကြောင်း ပြောပြတယ်ဆိုတော့ ဘာအကြောင်းလဲလို့ "
"ဟို အဲဒါက သခင်ကြီး ငယ်ငယ်က ဆိုးတယ်ဆိုတဲ့အကြောင်းရယ် သခင်ကြီးက  စစ်ထပ်မှာတုန်းက လက်အောက်ငယ်သားတွေကို စည်းကမ်းကြီး ရက်စက်ပြီး အနိုင်ကျင့်တတ်တယ်ဆိုပြီး ပြောပြတယ်"
"မင်းယုံလား "
"ကျွန်တော်လား ယုံတယ် မယုံဘူးထက် အဲအရာတွေက သူတို့အတွက် လမ်းမှားမရောက်အောင် လုပ်ပေးတာလေ နောက်ပြီး ငယ်ငယ်က ဆိုးတယ်ဆိုတာက လူတိုင်းအဲလိုဘဲလေ ကျွန်တော်လည်း ငယ်ငယ်က လမ်းမှာ ကလေးဗိုလ်ဗျ"
"စကားတတ်လိုက်တာ"
"အဲဒါထက် သခင်ကြီးက တခြားလူတွေကိုဘယ်လိုဆက်ဆံနေပါစေ ကျွန်တော်အပေါ်ဆို အမြဲ အလျော့ပေးအလိုလိုက်ပေးတယ်လေ"
" စကားနဲ့ချုပ်နေတာကွာ လာပါအုန်း ဖက်နမ်းပစ်ချင်လို့"

ဂျီမင်သည် ထိုင်နေရာက ထကာ ထယ်ယောင်း ရင်ခွင်ထဲ ခေါင်းလေး တိုးဝေ့ကာ

"ခေါင်းမော့ပါအုန်း"
ဂျီမင် ထယ်ယောင်းရင်ခွင်ထဲမှာ ခေါင်းလေးမော့လိုက်တော့
"ကိုယ်နမ်းပါရစေ ဂျီမင်"

ဂျီမင် ခေါင်းငြိမ့်လိုက်တော့ မေးဖျားကိုကိုင်ကာ နှုတ်ခမ်းသားကို စုပ်ယူနမ်းလိုက်တော့ အလိုက်တသိ ဂျီမင်သည် နှုတ်ခမ်းသားကို ဖွင့်ဟလာပေးတော့ အတွင်းထဲက လျှာကို နမ်းယူရင်း နှစ်ဦးသား အနမ်းကိုမက်မောစွာ နမ်းနေသည်။ထယ်ယောင်း၏ လက်များသည်လည်း ဂျီမင်ကျောပြင်တစ်လျှောက် ပွတ်သတ်နေသည်။ နမ်းရာကနေမောလာတာကြောင့် ထယ်ယောင်းပခုံးကို အနည်းငယ်တွန်းမိတော့ ထယ်ယောင်းလည်း မရပ်ချင်ဘဲ ရပ်လိုက်ရသည်။ အနမ်းတွေရပ်သွားမှ ဂျီမင်သည် ပါးစပ်လေးဟကာ အသက်ရှူနေရသည်။

အမုန်းရန်မပါ ချစ်ကြိုးလေးနဲ့သွယ်ပါမယ်Where stories live. Discover now