.....မင်းသည်သာ... 🍁🍁🍁...
.....အပိုင်း (၂၅)......မိုးကုတ်စက်ဝိုင်းကြီးဆီကို..သူရောက်နေသည်..မြေပြင်နဲ့ကောင်းကင်ထိစက်နေသလိုပုံစံက..ရင့်သက်ရှုမောဖွယ်လှပလွန်းသည်။...သော...တိုက်ခတ်နေတဲ့လေကို..အဝရှူသွင်းလိုက်မိသည်...သူ့စိတ်ထဲအရမ်းကိုပေါ့ပါးနေသလို..လူကချက်ချင်းလန်းဆန်းလာသည်..။ထိုစဥ်ကြားလိုက်ရတဲ့ အသံလေးတစ်ခုကြောင့်..သော..လှည့်ကြည့်လိုက်မိသည်....သူတွေ့လိုက်ရတာက..တစ်ချိန်ကသူ့ရဲ့မေ...။
"သော.."
"မေ..မင်းဘယ်လိုလုပ်..."
"သော..ရှင်က ဘာလို့..ဒီကိုရောက်လာတာလဲဟင်..."
ဟုတ်တယ် သူကဘာလို့ဒီကိုရောက်နေတာလဲ..ပြီးတော့..သူ့ရဲ့မေက..သူနဲ့သေကွဲခွဲခဲ့ရတဲ့သူလေ..ဒါဆိုသူကသေသွားတာလား...ဒါကြောင့်..သူရဲ့တစ်ချိန်ကမေနဲ့ဆုံတွေ့နေခဲ့တာလား.....။
"မေ...မင်းကရော..ဘာလို့ဒီမှာရှိနေရတာလဲ.."
"မေက..အရင်ကတည်းက..ဒီမှာရှိနေခဲ့တာလေ..။ သော..ကရောဘာလို့ဒီကိုရောက်လာတာလဲ..."
"ကိုယ်မသိဘူးမေ..ဒါပေမယ့်..မေရှိနေတာမို့..ကိုယ်ပျော်သလိုပဲ.."
"သေချာရဲ့လား သော...ရှင်က..ဒီကိုလာဖို့အချိန်မှ.မကျသေးတာ..ပြီးတော့..သော...ပြန်ရမယ်လေ.."
"ဟင့်အင်းမေ..ကိုယ်မပြန်ဘူး..မေ..ရှိတဲ့အရပ်မှာကိုယ်နေချင်တယ်.."
"မရဘူးသော...ရှင်နောက်ကိုလှည့်ကြည့်လိုက်ပါ..."
မေ့ ဆီကိုလက်ကမ်းသွားနေတဲ့သူ မေ ကနောက်လှည့်ကြည့်ခိုင်းတာကြောင့်သူကြည့်လိုက်တော့...အစ်ကို..ကောင်းကင်ပေါ်မှာ..အစ်ကို့.မျက်နာပုံရိပ်လေးက..သူ့ကိုငေးကြည့်နေတယ်..အစ်ကို့မျက်ဝန်းမှာလည်း..မျက်ရည်တွေခိုတွဲနေသည်...အစ်ကိုငိုနေတာလား.အစ်ကိုမငိုရဘူးလေနော်...အစ်ကို့မျက်ရည်မြင်ရင်...ဒီကကောင်က..နာကျင်ရတာမို့..အစ်ကိုမငိုရဘူးလေ...ကျွန်တော်တောင်းပန်ပါတယ်အစ်ကို..ခဏလေးသတိလက်လွတ်ဖြစ်
သွားလို့..မေ့..ဆီကိုစိတ်ရောက်သွားတာ...အစ်ကိုစိတ်မပူနဲ့နော်...ကျွန်တော်အစ်ကို့ဆီကို..ပြန်လာခဲ့မယ်....သော..စိတ်ထဲကနေ..အစ်ကို့ကိုစကားတွေ..အများကြီးပြောပြီး..မေ့..ကိုလှည့်တော့..မေ..ကနားလည်သလိုပြုံးပြကာခေါင်းညိတ်ပြသည်...။သော..နောက်ထပ်မတွေဝေတော့ပဲ..အစ်ကိုရှိရာဆီကိုပြေးလာခဲ့သည်..ထိုစဥ်မှာပဲ သူ့ကိုတစ်စုံတစ်ခုက ဆွဲယူလိုက်သလိုခံစားလိုက်ရသည်....။

YOU ARE READING
မင်းသည်သာ.🍁🍁🍁
Fanfiction"မင်းသည်သာ" ပထမဆုနဲ့... ဒုတိယလူပါ... ပထမလူနဲ့ ပေါင်းဖက်ခွင့်မရပေမဲ့.. မင်းနဲ့တော့ ပေါင်းဖက်ခွင့်ရချင်တယ်... . . jeon jung kook... မောင်ပေးတဲ့.... ဒဏ်ရာတွေကို ကိုယ်ကျေကျေနပ်နပ်နဲ့... လက်ခံပါ့မယ် မောင်ရယ်... တစ်ခုပဲ ကိုယ့်ကိုတော့... သူ့နေရာမှာ အစားမထိ...