33

1K 66 2
                                    

#unicode

ဘာလိုလိုနဲ့ရောက်ရှိလာတဲ့ ဒီနေ့ဟာ
ဂျောင်ဂုနဲ့ထယ်ယောင်းတို့ရဲ့ 
မင်္ဂလာပွဲအခမ်းအနားနေ့ပဲဖြစ်သည်။

မင်္ဂလာပွဲမစမှီ make up roomထဲမှာ
make up artistနဲ့အတူ
ပြင်ဆင်စရာရှိတာပြင်ဆင်နေတဲ့
ထယ်ယောင်း....

ငြိမ်နေတဲ့ထယ်ယောင်းအား ထိုအမမှ
မိတ်ကပ်ပြင်နေရင်းနဲ့ သတိထားမိသွားပြီး
စကားစလာတော့သည်။

"အိုက်ယား  အမပြင်ပေးခဲ့ဖူးသမျှလူတွေထဲမှာလေ  ဒီသတို့သားလေးကအချောဆုံးပဲ

တကယ် တကယ် နတ်သားလေးကျနေရော"

ထိုအမရဲ့ ချီးကျူးစကားကြောင့် အတွေးများနေတဲ့ ထယ်ယောင်းမှာ  အတွေးတွေထဲမှ ရုန်းထွက်ပီး  ထိုအမကိုပဲ ပြုံးကာစကားပြန်ပြောလိုက်တော့သည်။

"ဟာ..အဲ့လောက်လဲ မဟုတ်ပါဘူးဗျာ..."

"ဟုတ်ပါတယ်ဆို ဒီသတိုးသားလေးကတော့"

"အာ...အမကလဲ  အဲ့သတိုးသားဆိုတာကြီး
ထည့်ထည့်မပြောပါနဲ့ဗျ ...."

"အမလေး  ရှက်မနေပါနဲ့ရှင်....သတို့သားလေးမလို့ သတို့သားလေးလို့ပြောတာလေ"

"ဟဟ ပြောမရလဲ ​ နေတော့ဗျာ...."

"ဟီး..."



"ထယ်ယောင်းရား.....!!!"

ထယ်ယောင်းနဲ့ မိတ်ကပ်ပြင်တဲ့အမကြီးတို့
စကားကောင်းနေချိန်  make up roomထဲကို
ထုံးစံအတိုင်း အာပြဲကြီးဖြင့်
သူ့နာမည်အား ခေါ်ပီးဝင်လာသော ဂျီမင်....

"ဝိုး...ငါ့ သူငယ်ချင်းလေး ဒီနေ့တော်တော်ချောနေတာပဲကွ....

တကယ့်နတ်သားလေးအတိုင်းပဲ...."

အချင်းချင်းကို လိုတာထက်ပိုပီး
ကပ်မြှောက်နေတဲ့ ဂျီမင့်အား  ထယ်ယောင်းမှာ  စိတ်လေတယ်ဆိုတဲ့မျက်နှာပေးလေးနဲ့
ကြည့်ပေးလိုက်သည်။

"ဟျောင့်  မင်းကိုချောတယ်လို့
ငါပြောပေးပီးပီလေ ...

ငါ့လဲ ပြန်ပြော
အဟမ်း...ဘယ်လိုလဲ ချောတယ်မလား?.."

ကော်လံစအား ပင့်သင့်ရင်း သတို့သားအရှေ့မှာ လာရှိုးထုတ်ပြနေတဲ့ သတို့သားအရံကြောင့်  မိတ်ကပ်ပြင်ပေးတဲ့  အမကြီးမှာ
ရယ်မိသွားတော့သည်။

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now