"ဗျို့...သူကြီး"
"သူကြီးရေ...သူကြီး"
ဝိုင်းဝမှခေါ်သံကြောင့်သူကြီးဖြစ်သူခန့်ညားမောင်တစ်ယောက်အိမ်ထဲမှထွက်လာခဲ့သည်။
"ဟင် ကိုဗလ လာလေဗျာဘယ့်နှယ့်ဝိုင်းဝကဇွတ်အော်နေရတာတုန်း"
"အော်ဆိုသူကြီးရေဟိုကောင်မြတ်နောင်ပေါ့ကြက်ဝိုင်းမှာသာလှတို့အုပ်စုနဲ့ရန်ဖြစ်ပြန်ပြီဗျာ"
"ဪပါလေရာမြတ်နောင်ရန်ဖြစ်ပြန်ပြီကိုးကျုပ်လဲသူ့ကိုထိပ်တုံးခပ်ရလွန်းလို့သူ့မိဘတေကိုလဲမျက်နှာပူလှပါပြီဗျာအခုရောရန်ပွဲကပြီးပလား"
"ဖြစ်ပြီးတာကပြီးပြီခါတိုင်းလိုဘဲနိုင်တဲ့သူကိုသူထိုးပြီးပြေးပြီပေါ့ဗျာဒီတခါသူ့အဖော်နှစ်ယောက်ဖြစ်တဲ့သာဒိုးနဲ့အောင်မြကမပါဘူးသူတစ်ယောက်ထဲဗျ"
"အဖော်နှစ်ယောက်မပါလဲသူကလက်သံပြောင်ပါဘိနှယ်တစ်ယောက်ထဲပေမဲ့သူကဦးအောင်ထိုးပြီးပြေးတာဗျကိုဗလရဲ့"
"ဟုတ်တော့ဟုတ်တယ်သူကြီးလေးရေခုလဲဟိုဘက်ကသာလှမိဘတေကမကျေနပ်ဘူးတဲ့သူတို့သားကအုပ်စုလိုက်သုံးယောက်မြတ်နောင်ကတစ်ယောက်ထဲတောင်ခံကြရတာနဲသဗျာ"
"ဒီတော့လည်းခါတိုင်းလိုသူ့အိမ်အကြောင်းကြားခေါ်ပြီးထိပ်တုံးစာကျွေးရမာပေါ့လေ"
"ဟုတ်ပါပြီဒါဆိုကျုပ်လဲပြန်တော့မယ်ဗျာ"
"ကောင်းပါပြီကိုဗလ"
"ကဲဖိုးလုံးရေမင်းကြားတဲ့အတိုင်းခါတိုင်းလိုမြတ်နောင်တို့အိမ်ကိုသွားပြီးသူ့မိဘတေအကျိုးအကြောင်းပြောပြီးသွားခေါ်ချေ"
"ဟုတ်ကဲ့သူကြီး"
................................
"ဟောဟဲ ဟောဟဲ ဟောဟဲ"
"ဟဲ့သားဘာဖြစ်လာတာတုန်းအမောတခေါနဲ့"
"ရန်ဖြစ်လာတာအမေရေဟိုကောင်သာလှတို့အဖွဲ့နဲ့"
"ဟယ်ဖြစ်ပြန်ပြီလားသားရယ်မဖြစ်ဖို့အမေပြောထားရက်ကွယ်"
"အမေကလည်းဗျာသူတို့ကညစ်တာကိုသားက.."
"တော်တော့ဟေ့ကောင်မင်းအပိုတေပြောမနေနဲ့တော့တနေ့တနေ့အားနေအလုပ်မရှိကြက်ဝိုင်းသွားမယ်ထန်းတောသွားမယ်ရွာရိုးကိုးပေါက်ရှောက်သွားပြီရန်လိုက်ဖြစ်နေတဲ့ကောင်မိဘကပိုက်ဆံလေးရှိပြီးမင်းကလူထင်ကြီးအောင်မနေတဲ့ကောင်"