Unicode
................ယနေ့ပိုင်စေမင်းဆိုတဲ့ ဘီတာကောင်လေးမလာတာ တစ်ပတ်ပင်ပြည့်တော့မည်။ ပထမတော့ မလာလေကောင်းသည်ဟု တွေးနေမိသော်လည်း သုံးရက်ကနေ ၅ရက်၊ ၅ရက်ကနေ တစ်ပတ်ပြည့်တော့ လင်းလက်ခဗျာ သတိပင်ရလာသလို၊ လာမလားဟုယောင်ယောင်မှားမှားမျှော်နေမိသလို၊ ရင်ထဲယားကျိယားကျိဖြင့် နေမထိထိုင်မသာပင် ခံစားနေရသည်။
ယခုလည်းတံခါးဘက်အခြမ်းကိုငေးငေးကြည့်နေတာကြောင့် ဆိုင်ကဝန်းထမ်းလေးတွေလည်းပြုံးစိစိ။ ပိုင်စေကလည်း ဟိုတစ်ခါကျူးလစ်ပန်းပေးပြီးတည်းက ပျောက်သွားလိုက်တာ ပြန်မတွေ့တော့။
ညဥ့်ရိပ်ရဲ့ အယ်လ်ဖာကောင်ကြီးကိုပဲ ပြေးမေးရမလားဟု တွေးမိသော်လည်း လက်တွေ့မှာအကောင်အထည်မဖော်ဖြစ်။ အရင်ကတော့ သူ့အနားတွယ်ကပ်နေတတ်သူက ခုတော့လင်းလက်ကိုပင်အဖတ်မလုပ်ခဲ့။ အမြဲတစေ သူ့အားစ,နောက်နေတတ်တဲ့ သူ့အသံလေးတွေက ခုဆိုလင်းလက်ရဲ့နားထဲ တဝဲလည်လည်။
''ကိုလင်းလက်... တစ်ယောက်သောသူကိုလွမ်းနေလို့လား''
''အင်း...ဟင်...မဟုတ်ပါဘူး...''
''မဟုတ်ဘူးတာပြောတာ နေ့တိုင်းကြည့်နေလိုက်တာ အစ်ကို့မျက်လုံးက လေဆာတာဆိုရင် ခုချိန်ပျက်ဆီးနေလောက်ပြီ....အဟိ''
''ဆုနော်....လျှောက်မပြောနဲ့.. ငါဘယ်တုန်းကကြည့်လို့လဲ''
ရှက်ယမ်းယမ်းကာဆိုလိုက်တော့ ဝန်ထမ်းကောင်မလေးက တဟိဟိနဲ့ရယ်တော့သည်။ ထိုချိန် တံခါးကခေါင်းလောင်သံနဲ့အတူ လင်းလက်ရဲ့ခေါင်းလေးသည်လည်း ဆက်ခနဲထောင်သွားရသည်။
မျှော်လင့်နေရသူမဟုတ်တော့ သူ့ခေါင်းလေးသည်လည်း ပြန်လည်ညွှတ်ကျသွားရသည်။
''ပြောတော့မဟုတ်ဘူးတဲ့လေ... ကိုလင်းလက်တို့များ လွမ်းနာကျနေပြီထင်ပါရဲ့''
''အဟမ်း... ကိုယ့်အလုပ်ကိုသွားလုပ်ကြစမ်း။ လျှာကိုရှည်တယ်.... နောက်ခါအတင်းတုတ်ရင် လစာဖြတ်ပစ်မှာနော်...ဟွန့်''
နောက်တစ်နေ့>>>
လင်းလက် တစ်ယောက် ညဥ့်ရိပ်ဆီသို့အလည်သွားလေသည်။ လင်းလက်ရောက်လာတော့ ညဥ့်ရိပ်ကသူ့အားဆီးကြိုလို့နေသည်။
BẠN ĐANG ĐỌC
နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် Completed
Lãng mạnUni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is my fourth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢...