Unicode
မမယွဲ့ချင်၏ပြဿာနာသည် အထက်တန်းလွှာတိုင်းကြုံရသည့် ယောင်္ကျားပေးစားခြင်းဖြစ်သည်။ ခေတ်ဆန်ပြီး လွတ်လွတ်လပ်လပ်နေတတ်သော ယွဲ့ချင်သည် အိမ်ထောင်သည်ဘဝဆိုတဲ့ ခြေချုပ်ရာ ဘွဲ့ကို မလိုချင်သောကြောင့် အိမ်နှင့် ဝေးရာကို ထွက်လာခြင်းဖြစ်သည်။ သို့သော် ရီအိမ်တော်က မမလေးဖြစ်သည့် ယွဲ့ချင်သည် အကြာကြီး ပုန်းရှောင်လို့မရပေ။
ရီအိမ်တော်က ရီသခင်ကြီးတို့က မမယွဲ့ချင်ကို ပြန်ခေါ်နေကြသည်။
"မမ သွားတော့မယ် တခုခုအကူအညီလိုရင် မမကိုပြော ထယ်ယောင်းက အနိုင်ကျင့်ရင်လည်း မမကိုပြော ကြားလား"
"ဟုတ်ကဲ့"မသွားခင် ဂျီမင်အား သေချာမှာပြီး ကားပေါ်တတ်သွားသည်။
မမယွဲ့ချင် ထွက်သွားတော့ အိမ်ကြီးမှာ ခြောက်ကပ်သွားသည်။ အရင်က သခင်ကြီးအလုပ်သွားနေချိန်တွင် သူနှင့်အတူ စကားပြောပေးပြီး အချိန်ဖြုန်းပေး အတူရှိနေပေးခြင်းကြောင့် ယခုဆို တစ်ယောက်ထဲ ယောင်လည်လည်ဖြစ်နေမိသည်။
_____________
"အမေ သားမှာ ချစ်ရသူရှိပြီး အဲချစ်ရတဲ့လူက ဘာတွေဘဲဖြစ်ဖြစ် အမေ လက်ခံပေးနိုင်မလား"
"ဘယ်လို"ထယ်ယောင်း အမေဆီရာ အိမ်သို့သွားပြီး ဂျီမင်နဲ့ တွဲနေကြောင်း ဖွင့်ဟ ဖို့စီစဉ်ထားသည်။ ဂျီမင်ကိုတရားဝင်လက်တွဲချင်သည်။ ထိုကြောင့် မိဘဖြစ်တဲ့ အမေကို ဦးစွာ ပြောလိုက်သည်။
"သားမှာ ချစ်ရတဲ့လူရှိနေပြီလား"
"ဟုတ်ပါတယ်"
"ဘယ်အိမ်တော်ကလဲ"
"ချန်ရီအိမ်တော်ကပါ အမေ"
"ဒီအမေကို နောက်နေတာလား"ချန်ရီအိမ်တော်သည် လက်ရှိ ထယ်ယောင်းနေနေသော အိမ်တော်ဖြစ်သည်။ ထိုအိမ်တော်မှာ ထယ်ယောင်း တစ်ယောက်ရှိသည်။ ကျန်တာက အလုပ်သမားများဖြစ်သည်။
"မနောက်ပါဘူးအမေ ဘယ်အိမ်တော်ကလည်းမေးတော့ အိမ်တော်ရဲ့နာမည်ကိုပြောပြတာပါ"
ထယ်ယောင်းအမေသည် မျက်နှာပျက်သွားသည်။သို့သော်် ပြန်ပြုံးကာ ထပ်မေးလိုက်သည်။
YOU ARE READING
အမုန်းရန်မပါ ချစ်ကြိုးလေးနဲ့သွယ်ပါမယ်
Fanfictionခြံစောင့်လေးဘဲ ခေါ်မိတာပါ ဘာလို့များ ကျုပ်နှလုံးသားထဲအထိ ဝင်ရောက်နေထိုင်နေရတာလဲ။