part 1

147 6 1
                                    

Unicode

"ကျွန်တော်သဘောမတူဘူးနော်ဒယ်ဒီ”

​ကြားလိုက်ရ​​သောစကားကြောင့်ကိုယ့်နားကိုယ်တောင်မယုံနိုင်ပေ။ဒယ်ဒီကကျွန်တော့်ကိုလက်ထပ်ပေးမလို့တဲ့။ဒီထက်ဆိုးတာကလက်ထပ်ရမှာကလဲကိုယ်နဲ့မျိုးတူယောကျာ်းတစ်ယောက်။ဘယ်လိုလို့ဖြစ်နိုင်မှာလဲ။

"ဘာကိုသဘောမတူတာလဲကွ”
ဦးမာန်ဘုန်းတစ်ယောက်သားဖြစ်သူကိုပြန်မေးမိသည်။

"ဒယ်ဒီကိုယ့်သားကို လင်ပေးစားနေတာကိုသဘောမတူဘူးပြောနေတာလေ၊ဘယ့်နှယ့်ဒီသားလေးတစ်ယောက်ထဲရှိတာကိုလင်ပေးစားဖို့တွေးရတယ်လို့”

"ဟ မင်းတစ်ယောက်ထဲမွေးထားလို့မင်းနဲ့ပေးစားတာပေါ့အများကြီးမွေးထားမှတော့မင်းလိုကောင်ကိုပါးစပ်ညောင်းခံပြီးပြောမနေဘူး”

"မသိဘူးဗျာ ဒယ်ဒီတို့လူကြီးတွေခေတ်မီပုံကိုတော့လိုက်မမှီတော့ဘူး ဟိုဘက်ကအဖိုးသီဟသွေးသစ် ဆိုရင်ပိုဆိုးသေး”

"မင်းအပိုတွေပြောမနေနဲ့ ဧက္က ဟိုဘက်ကလေးကတောင်ဘာမှမပြောတာ မင်းကဘာဖြစ်နေတာလဲ”

"အဟက် ဘယ်ပြောမလဲသူကသားကိုကြိုက်နေတာလေ၊ဒီလိုဖြစ်တာလဲသူသူ့အဖိုးကိုလုပ်ခိုင်းတာပဲ​ဖြစ်ရမယ်”

"ဒီမယ် ဧက္က ဟိုကလေးကမင်းကိုတွေ့ရင်တောင်မမြင်ချင်ယောင်ဆောင်သွားတာကိုမင်းကဘယ်သူနဲ့တူလို့ကိုယ့်ကိုယ်ကိုအထင်တွေဇွတ်ကြီးနေတာလဲကွ”

"ဒယ်ဒီမသိပါဘူး ကျောင်းတုန်းကကျွန်တော်သူ့ဒိုင်ယာရီစာအုပ်ကိုမတော်တဆကောက်ရတုန်းကဖတ်လိုက်ရတာသူကျွန်တော့်ကိုကြိုက်နေတယ်ဆိုတာသေချာတယ်”

ဟုတ်သည် ဧက္က လိမ်နေခြင်းမဟုတ် ထိုလူနဲ့ဧက္ကကျောင်းတုန်းကတစ်ခန်းထဲဖြစ်သည်၊ထိုနေ့ကကျောင်းဆင်းချိန်အကုန်လုံးပြန်သွားကြပြီး ဧက္က တစ်ယောက်ထဲသာအခန်းထဲကျန်တော့သောအချိန်ဖြစ်သည်၊ ဧက္ကလဲ​လွယ်အိတ်လွယ်​ပြီးပြန်ဖို့​လျှောက်လာရင်း​နောက်ဆုံးတန်းကထောင့်ဆုံးခုံကိုတိုက်မိကာထိုခုံအတွင်းထဲရှိအညိုရောင်စာအုပ်လေးတစ်အုပ်ပြုတ်ကျလာခဲ့သည်၊စာအုပ်လေးမှာပွင့်ကာကျသွားသောကြောင့်ဧက္ကကောက်လိုက်ရာအမှတ်မထင်စာအုပ်အတွင်းထဲမှရေးထားသောစာများကိုဖတ်လိုက်မိသည်။ထိုအချိန်လူတစ်ယောက်ပြေးလာသောအသံကိုကြားရပြီး ဧက္က ဖတ်နေသောစာအုပ်သည်လူတစ်ယောက်၏ဆွဲလုသွားခြင်းကိုခံလိုက်ရသည်။ဧက္ကလဲထိုလူသားကိုကြည့်လိုက်ရာ​ထိုလူသား၏အညို​​ရောင်မျက်လုံးဝိုင်းဝိုင်း​လေးများကလဲ ဧက္ကကိုကြည့်​​နေ​သောကြောင့်မျက်လုံးချင်းဆုံသွားကြသည်။သို့သော်ရုတ်တရက်ထိုလူသားမှာချက်ချင်းမျက်လွှာပြန်ချကာဘာစကားမှမပြောပဲအညိုရောင်စာအုပ်လေးအားသူ့လွယ်အိတ်ထဲထည့်ကာလှည့်ထွက်သွားသောကြောင့် ဧက္ကလဲထိုလူ၏လက်အားလှမ်းဆွဲကာ ပါးစပ်မှယောင်ယမ်းပြီးစကားတစ်ခွန်းထွက်သွားခဲ့သည်။

You've reached the end of published parts.

⏰ Last updated: May 02, 2023 ⏰

Add this story to your Library to get notified about new parts!

l love you but I will beat you(ငါ မင်းကို ချစ်တယ် ဒါပေမယ့် မင်းကိုချေမှာပဲ)Where stories live. Discover now