ဦးအောင်ကျော်"မြေးလေးတို့၊ပြန်လာကြပြီလား။"
နန်း"ဟုတ်ကဲ့။ဒီနေ့မြေးတို့မုန့်စားပြီးဘုရားသွားဖူးကြတာ။ဘိုးဘိုးအတွက်ဒံပေါက်တောင်၀ယ်လာသေးတယ်။"
ဦးအောင်ကျော်"ဟုတ်လား၊ငါ့မြေးလေးကသိတတ်လိုက်တာ။မြေးလေးစိုင်းရော၊စာမေးပွဲဖြေနိုင်ရဲ့လား။"
စိုင်း"ဟုတ်ကဲ့၊ဖြေနိုင်ပါတယ်။"
ဦးအောင်ကျော်"မြေးစာမေးပွဲဖြေနိုင်တယ်ဆိုကြားရတော့ဘိုးဘိုးစိတ်ချသွားပြီ။ဘိုးဘိုးကမြေးအတွက်စိတ်ပူနေတာ။"
နန်း"ဘိုးဘိုးကလည်းစိုင်းကစိတ်ပူရမဲ့ကလေးမှမဟုတ်တာ။စိုင်းကဥာဏ်ကောင်းပြီးစာကြိုးစားတဲ့ကလေးပါ၊ဘိုးဘိုးရဲ့။ဘိုးဘိုးကလေမြေးကိုစိတ်ပူလိုက်၊စိုင်းကိုစိတ်ပူလိုက်နှင့်၊ဘိုးဘိုးရဲ့ကျန်းမာရေးအတွက်မကောင်းဘူးဘိုးဘိုးရဲ့။ကိုယ့်ရဲ့ကျန်းမာရေးအတွက်လည်းစိတ်ပူပါအုန်းဘိုးဘိုးရဲ့။"
ဦးအောင်ကျော်"မြေးလေးရယ်၊ဘိုးဘိုးရဲ့ကျန်းမာရေးအတွက်တော့စိတ်ပူမနေနှင့်။ဘိုးဘိုးနားမှာဆရာ၀န်ကြီးတယောက်လုံးရှိတယ်။ဘာမှစိတ်မပူနှင့်။နော်၊မြေးလေး။"
စိုင်း"စိတ်ချဘိုးဘိုး၊ဘိုးဘိုးနှင့်မမနန်းကျန်းမာရေးကကျွန်တော့်တာ၀န်ထား။"
နန်း"ဟုတ်ပါပြီ၊ဆရာ၀န်ကြီးရဲ့။အားကိုးပါတယ်ရှင့်။"
နန်းရဲ့စကားကြောင့်ဘိုးဘိုးနှင့်စိုင်းရယ်လိုက်ကြတယ်။
နန်း"ဘိုးဘိုးညစာစားတော့မလား။နန်းဘိုးဘိုးစားဖို့အန်တီမြင့်ကိုဒံပေါက်ပြင်ခိုင်းလိုက်မယ်လေ။"
ဦးအောင်ကျော်"စားမယ်လေ၊ညစာစားချိန်တောင်ရောက်နေပြီ။"
နန်း"အန်တီမြင့်ရေ၊ဘိုးဘိုးအတွက်ညစာလေးပြင်ပေးပါအုန်း။"
ဒေါ်မြင့်"ဟုတ်ကဲ့၊မမလေး။"💮💮💮💮💮💮💮💮💮💮💮💮💮💮💮
နန်းတို့မောင်နှမနှစ်ယောက်ဘိုးဘိုးညစာစားတာကိုစကားပြောရင်းအဖော်လုပ်ပေးကြတယ်။ဘိုးဘိုးညစာစားပြီးမှနန်းတို့တွေကိုယ့်အခန်းထဲကိုယ်၀င်ပြီးအနားယူလိုက်တယ်။တပတ်လောက်ကြာပြီးတော့ကျွန်တော်ဆေးရုံတခုမှာအလုပ်စ၀င်တယ်။ကျွန်တော်ကအသက်ငယ်တဲ့အပြင်ရုပ်ရည်ကလည်းရှိကျောထောက်နောက်ခံလည်းရှိတော့nurseတွေdoctorတွေတော်တော်များများကကျွန်တော့်ကိုစိတ်၀င်စားကြတယ်။ကျွန်တော်ကခဏလေးအတွင်းဆေးရုံမှာstarဖြစ်သွားတာပေါ့။ကျွန်တော်တင်စမ်း ပွင့်တာမဟုတ်ဘူး။ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ဇွဲနှင့်ဘုန်းလည်းစမ်းပွင့်တာပြောမနေပါနှင့်။
ကျွန်တော်တို့၃ယောက်ကတိုင်ပင်ပြီးတော့ဆေးရုံတခုတည်းမှာပဲအလုပ်၀င်နေကြတာလေ။ကျွန်တော်တို့၃ယောက်ကဆေးကျောင်းတက်တုန်းကလည်းအခုလိုစမ်းပွင့်ခဲ့တယ်။ကျွန်တော်အခုလိုလူတွေကြားမှာpopularဖြစ်တာကျွန်တော်သဘောမကျဘူး။ကျွန်တော်ကအေးအေးဆေးဆေးနေချင်တာလေ။ပြီးတော့ကျွန်တော့်နှလုံးသားထဲမှာလဲမမနန်းတယောက်ပဲရှိတော့အခုလိုမိန်းကလေးတွေရဲ့စိတ်၀င်စားခြင်းကိုခံရတာကျွန်တော့်အတွက်တော့အဆင်ပြေမနေဘူး။
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...