Unicode
ရှောင်းကျန့် ရေချိုးပြီးထွက်လာတော့ အခန်းထဲမှာ ရှောင်းငယ်က ရှိမနေ။ ရှောင်းကျန့် သဘက်တစ်ထည်ကို ခါးမှာ ပတ်ထားပြီး နောက်တစ်ထည်နဲ့ ခေါင်းကို သုတ်ရင်း မျက်နှာကို ဆူပုတ်ထားမိတယ်။
ရှောင်းငယ်က ဘာလဲ? သူရေချိုးပြီးတာကို မစောင့်ဘူးလား...ဘယ်သွားနေတာလဲ? အင်္ကျီကူမ၀တ်ပေးဘူးလား?
ရှောင်းကျန့် စိတ်ကောက်စွာနဲ့ ခေါင်းကို သုတ်နေရင်း ပြတင်းပေါက်ကနေတဆင့် ခြံ၀န်းထဲကို မျက်စိရောက်သွားမိတယ်။ မားမားရဲ့ သစ်ခွခြံထဲမှာ ရှောင်းငယ်ဟာ မားမားနဲ့ပါးပါးကို ကူပြီး ပန်းအိုးတွေ ရွှေ့နေတယ် ။
ဒီနေ့ဟာ ပိတ်ရက်မို့ ပါးပါးဟာ မားမားနားကပ်နေတာကို အလိုက်မသိတဲ့ ရှောင်းငယ်ဟာ ကိုယ့်ယောင်္ကျားနားကိုယ်မကပ်ဘဲ သူများလင်မယားကြား၀င်နေပြန်ပါပြီ။သုံးယောက်သား စကားတွေ ပြောပြီး သဘောကျနေတာများ ရှောင်းငယ်ရဲ့ မျက်၀န်းလေးတွေ ပိတ်ကျပြီး အသည်းပုံနှုတ်ခမ်းလေးတွေ ပေါ်တဲ့အထိကို ရယ်မောနေတာ။ ပါးမို့မို့ လေးတွေကလည်း နေရောင်ခြည်နွေးနွေးအောက်မှာမို့ အိုးထဲက ချကာစ ပေါက်စီလုံးလေးလို ပူနွေးလတ်ဆတ်နေတယ်။
ချစ်ရသူရဲ့အပြုံးဟာ ရှောင်းကျန့်ဆီ ကူးစက်တဲ့အခါရှောင်းကျန့်ရဲ့ မျက်နှာချောချောမှာ နေရောင်နွေးနွေးလို အပြုံးနုလေး ဖြစ်ထွန်းတယ်။
ဒီလိုနဲ့ ကုတင်ပေါ်မှာ ရှောင်းငယ် အသင့်ချထားပေးခဲ့တဲ့ ချည်သားဘောင်းဘီရှည်အနက်ရယ် မိုးပြာရောင် တီရှပ်လေးရယ်ကို ကောက်စွပ်ပြီး အခန်းထဲက ထွက်လာခဲ့လိုက်တယ်။ ရှောင်းငယ်နဲ့ မားမားတို့ရှိတဲ့ သစ်ခွခြံဆီ လိုက်သွားမလို့။
လှေကားထစ်တွေကနေ ဆင်းလာရင်း မခြောက်သေးတဲ့ တိုကပ်ကပ်ဆံပင်ကို ရှောင်းကျန့် လက်တွေနဲ့ ဖွလို့နေခဲ့တယ်။
လှေကားရင်းမှာ အိမ်တော်ထိန်းကြီးနဲ့ ယွီပင်းဟာ မတ်တပ်ရပ်လို့ စကားပြောနေတယ်။ ရှောင်းကျန့်လည်း သူ့ကိုမမြင်ရမဲ့ အိမ်တော်ထိန်းကြီးနဲ့ ယွီပင်းကို ရှောင်ပြီး သွားမလို့လုပ်နေတုန်း သူရှိတဲ့ဆီကို အံ့ဩတကြီးနဲ့ မျက်လုံးတွေပြူးပြီး ဝိုင်းကြည့်နေတဲ့ နှစ်ယောက်ကြောင့် ခြေလှမ်းတွေ ရပ်တန့်သွားတယ်။
YOU ARE READING
샤오의 별이 - Xiao's Star (Reupload-completed)
Fanficရိပေါ်က လူခြောက်နဲ့ လက်ထပ်ရမှာ.. ရှောင်းကျန့် : "ရှောင်းငယ်ကို နောက်ဆုံးတော့ ကိုကို ပိုင်ဆိုင်ရပြီ...." ၀မ်ရိပေါ်: "ရိပေါ်... ကျွန်တော့်နာမည် ၀မ်ရိပေါ်.. ရှောင်းတစ်လုံးမှ မပါဘူး။ ခင်ဗျားလူမှားနေတယ်။" Note: အာရွန်း နားထောင်လိုက်ရတဲ့ လူခြောက်လေးအကြောင...