ရာသီဥတုမှာ ပူမနေ အေးသည်လားဆိုသော်လည်း အေးလွန်းမနေသည့်အတွက် နေရသည်မှာ အတော်အတန် သဘောကျရသည် သို့ရာတွင်...
'ဟက်..ချိုး'
'ဟက်ချိုး'
ဘေးက အတူလမ်းလျှောက်နေသည့် အကိုအသေးလေးမှာ မနေ့ညက အအေးမိကာ နှာချေနေသည်မှာ မနက်တစ်ပိုင်းလုံးပင်။
ဂျီဆောင်း နှာရှုံ့ကာ အင်္ကျီအိတ်ထဲက လက်ကိုင်ပုဝါအားပေးလိုက်တော့ သွားတွေဖြဲ၍ ခြေဖျားထောက်ပြီး သူ့ခေါင်းအား အသာပွတ်သပ်လာသည်။
"ကျစ် မကြိုက်ပါဘူးဆိုနေ" ဟုပြောကာ လက်ကို ပုတ်ထုတ်လိုက်တော့ မျက်စောင်းလှလှ တစ်ချက်ကို ပြန်ရပါသည်။
"အာ ဒီကလေး အကိုက လုပ်ရင် ခံလိုက်ပေါ့ ငယ်ငယ်ကလဲ လုပ်နေကြပဲကို ဒီလောက်စိတ်ဆတ်တာ လူပျိုဖော်၀င်စမို့လို့လား"
"ဘာတွေပြောနေတာလဲ အခုပဲ အသက်၂၁နှစ်ဖြစ်နေပြီ အခုမှလူပျိုဖော်၀င်ခိုင်းနေတယ် တော်ပြီ အတန်းရှိတယ် ကိုယ့်ဘာသာတစ်ယောက်တည်းသွားတော့"
"ဟုတ်ပါပြီ ဟုတ်ပါပြီ မင်းရဲ့ မထီမဲ့မြင်မှုတွေကို ဒီအကိုက..."
"....."
"ဒါနဲ့ပဲ ခွင့်လွှတ်လိုက်ပြီနော် တာ့တာ ဂျီဆောင်းရေ လက်ကိုင်ပုဝါ နောက်နေ့မှယူတော့" ဟုဆိုကာ တန်းနေအောင်ပြေးသွားတော့သည်။
ဂျီဆောင်းမှာတော့ ထုံးစံအတိုင်း ကြက်သေသေကာ မတ်တပ်ကြီးရပ်လျက် ငြိမ်သက်နေမိပြန်သည်။
"ကျစ် နမ်းသွားပြန်ပြီ"
အကိုနမ်းတိုင်း ဒီထူးဆန်းတဲ့ခံစားချက်ကြီး ခံစားနေရသည်မှာ ၁၅နှစ် အရွယ်လောက်ကပင်ဖြစ်သည်။
၁ဝနှစ်လုံးလုံး လစ်ရင်လစ်သလို ပါးကိုနမ်းလိုက် လည်ပင်းကိုနမ်းလိုက်လုပ်သည်ကို ကြိုက်သည်မဟုတ်သော်ငြားလဲ မကြိုက်သည်လဲမဟုတ်ခဲ့ချေ။ အသက်16နှစ်အရွယ်မှ စကာ အကိုနမ်းလျှင် ရှက်လာသည် ပြီးတော့ ရင်ဘတ်ထဲက အကောင်သည်လဲ ရူးမတတ်လှုပ်ရှားလာသည်ပင်။
"ဒီအကိုနဲ့တော့ ရူးသွားတော့မှာပဲကွာ"
စိတ်ရှုပ်လာကာ လက်တွေဖြင့် ဆံပင်တွေအားထိုးဖွလိုက်တော့သည် ။
အတန်းတက်ချင်စိတ်လဲ မရှိတော့တာကြောင့် အဆောင်သို့သာ လှည့်ပြန်လာတော့သည်။