အညိုရောင်Cosmos ပန်းခင်းကြီးရဲ့အလယ်မှာ တရွေ့ရွေ့လှုပ်ရှားနေတဲ့ အဖြူရောင်ပုံရိပ်လေးကို Jungkookငေးကြည့်နေမိတယ် ခပ်နွေးနွေးဖြစ်ပေါ်နေတဲ့ရာသီဥတုလေးနဲ့ လိုက်ရောညီထွေဖြစ်လွန်းအောင် ဝတ်ဆင်ထားတဲ့ စပို့ရှပ်အဖြူရောင်လက်ရှည်အပါးလေးက လေဝေ့လိုက်တိုင်း အဖျားနားတွေ လှုပ်ခတ်သွားပုံက ပန်းချီကားတစ်ချပ်လို သက်ဝင်လှပနေတယ်
" မောင်"
သြသြရှရှလေးထွက်ပေါ်လာတဲ့ စကားသံလေးနဲ့အတူ Chocolate Cosmosပန်းတွေအပြည့်ထည့်ထားတဲ့ ကြိမ်ခြင်းတောင်းလေးကို စလွယ်သိုင်းပြီး အနားရောက်လာသူကို Jungkook နဖူးပြင်ထက်အနမ်းလေးပေးပြီးမှ ပွေ့ဖက်လိုက်တယ်
" ဒီနေ့ holiday ဆိုတော့ ဘာလုပ်ကြရင်ကောင်းမလဲ "
" မောင် ထယ်နဲ့သွားစရာရှိတယ်"
" ဘယ်ကိုလဲ"
" ပန်းချီပြပွဲ koreaလူမျိုး ကမ္ဘာကျော် ပန်းချီဆရာ Jeon Vလေ ထယ်ကြားဖူးတယ်မဟုတ်လား"
" အာ! ကြားဖူးတယ် Greece ကသူ့ရဲ့နှလုံးသားမြို့တော်ပါ လို့ပြောတဲ့ပန်းချီဆရာမဟုတ်လား"
မျက်ဝန်းအရောင်လေးတွေ လင်းလက်ပြီး တက်ကြွစွာပြောနေပုံလေးက နှစ်လိုဖွယ်ရာ
" ထယ်ကသိတယ်ပေါ့ "
" အင်း..Namjoon ပြောဖူးတာလေ သူသိပ်အားကျရတဲ့ ပန်းချီဆရာဆိုပြီး"
" ဟုတ်တယ်ထယ်.. ဆရာရဲ့ပန်းချီပညာတင်မဟုတ်ဘူး အရာအားလုံးကသိပ်ကို အားကျဖို့ကောင်းတာ သူဆွဲခဲ့တဲ့ ပန်းချီကားတွေရဲ့ ၃ပုံ၂ပုံက သူမြတ်နိုးရတဲ့လူသားလေးကိုပဲ ပုံဖော်ခဲ့တာ"
" ချစ်တတ်လိုက်တာ"
ပီတိဖြစ်လွန်းတဲ့ မျက်နှာလေးနဲ့ပြောနေပုံကိုကြည့်ပြီး Jungkook ပါးဖောင်းဖောင်းလေးကို နှာခေါင်းနစ်ဝင်သည်အထိ အနမ်းပေးလိုက်တယ်
" ဒီပါးလေးတွေက ခုနောက်ပိုင်းအများကြီးဖောင်းလာတာပဲ"
" မောင်က ငါ့ကိုအများကြီးကျွေးနေတာကို..ခုဆိုတော်တော်လည်း ဝလာပြီ"
နှုတ်ခမ်းလေးစူထော်ပြီး ပြောလာသူကို အသည်းယားလာတာကြောင့် နှုတ်ခမ်းစူစူလေးတွေကို ပြွတ်ခနဲနေအောင် စုတ်နမ်းလိုက်တယ်
YOU ARE READING
Tae's Mine (Completed)
RomanceChocolate Cosmosပန်းရဲ့အဓိပ္ပါယ်က တခြားသူတွေမင်းကိုချစ်တယ်ဆိုတာထက်ကိုယ်ကမင်းကိုပိုချစ်တယ်တဲ့ အဲ့ဒါမောင်ပြောချင်တဲ့စကားရဲ့အဓိပ္ပါယ်ပဲထယ်~