Story 36

2.3K 95 0
                                    

Unicode
................

လင်းလက် ဘီတာကောင်ရဲ့လက်မောင်းကိုဆွဲပြီး မြို့ထိပ်ကိုလမ်းလျှောက်ထွက်လာခဲ့သည်။ ဘီတာကောင်ကတော့ နှုတ်ဆိတ်ကာသူ့နောက်သို့လိုက်လာခဲ့လေသည်။

လမ်းထိပ်ကသစ်ပင်ကြီးရှေ့အရောက် လင်းလက်ရဲ့ခြေလှမ်းများတုန့်ခနဲရပ်လိုက်သည်။ ဘီတာကောင်ကလည်းလိုက်ရပ်သည်။ လင်းလက် မျက်နှာကိုဇက်ခနဲလှည့်ကြည့်ပြီး မျက်စောင်းကိုလည်း ဒိုင်းခနဲထိုးလိုက်လေသည်။

''ကဲ ပြောစမ်းပါဦး ကိုပိုင်စေမင်း။ ဘာကိစ္စ ပျောက်သွားရတာလဲ''

ပိုင်စေလည်း လင်းလက်ကိုကြည့်ကာ တံတွေးမြိုချလိုက်သည်။

''ဟို... ကိုယ်..ကိုယ်''

''ဘာကိုယ်လဲ.... ပြောစရာရှိတာ မြန်မြန်ပြောလေ!!!"

"ကိုယ်အမေ့ကိုလွမ်းလို့ ခဏပြန်လာတာပါ... ပြီးတော့အမေက ကိုယ်ပြန်လာရင်လည်း လက်ဆောင်ပြင်ထားတယ်ဆိုလို့လေ... ဘာမှန်းမသိလို့ဒီတိုင်းလက်ခံလိုက်မိတာ.. ဒီရောက်တော့ ဘာမှမဖြစ်သေးဘူး။ ဒီနေ့မှ ဗြုန်းစားကြီး ကောက်စီစဥ်လိုက်တာ... ကိုယ်တကယ်မသိဘူး။ ပြီးတော့ ကိုယ်နဲ့ကလျာကလည်း.... ''

''ဘာကလျာလဲ... ဘယ်လောက်တောင်ရင်းနှီးနေလို့ ကလျာဖြစ်နေရတာလဲ''

''မဟုတ်ဘူး။ ကိုယ်ပြောတာ နန်းကလျာခင်လို့ပြောတာ''

''ပြော... အဲ့တစ်ယောက်နဲ့က ဘာတွေလဲ''

''သူငယ်ချင်းတွေပါ... ငယ်သူငယ်ချင်းပဲ။ သူနဲ့ ကိုယ်က ဟိုးငယ်ငယ်တည်းက ခင်ခဲ့တာ''

'' သြော်... အဲ့ဒါနဲ့ပဲ ငါ့ကိုပြစ်ပြီး သူ့ကိုယူမယ်ပေါ့လေ။ ခဗျားပြောတော့ ကျွန်တော့်ကိုချစ်တယ်ဆို... ကျွန်တော့်ကိုပဲ မြတ်နိုးတယ်ဆို... ခုတော့... အင့်...''

''မဟုတ်ဘူး.... ကိုယ်လက်မခံရသေးဘူးလေ။ ကိုယ်ငြင်းမယ်ကြံနေတုန်း အလင်းလေးပဲရောက်လာတာလေ''

ပိုင်စေက ပြာပြာသလဲရှင်းပြလာတော့ လင်းလက်က သူ့ရင်အုပ်ကြီးကို တအင့်အင့်နဲ့ထုနေရာက ရပ်ကာဟုတ်လို့လား ဟုမော့ကြည့်လာသည်။

ပိုင်စေလည်း ခေါင်းငြိမ့်ပြလိုက်တော့ နှုတ်ခမ်းဆူကာ မယုံသလိုပြန်ကြည့်လာသည်။ လင်းလက်ရဲ့ပုံစံက အတော်ချစ်ဖို့ကောင်းနေတာမို့ ပိုင်စေစိတ်ဆိုးချင်ပေမဲ့ မဆိုးရက်တော့ပေ။

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedDonde viven las historias. Descúbrelo ahora