❣️❣️❣️chapter-31❣️❣️❣️

428 9 0
                                    

ကျွန်​တော်​လေယာဥ်​ပေါ်မှာမမနန်းအ​​ကြောင်းပဲ​တွေး​​နေမိတယ်။လူကသာ​လေယာဥ်​ပေါ်မှာစိတ်က​တော့မမနန်းဆီမှာပဲကျန်ခဲ့တယ်။နန်းအိမ်ပြန်ရောက်တော့အိမ်ကြီးကတိတ်ဆိတ်နေတာပဲ။စိုင်းရှိနေတုန်းကအိမ်ကဒီလောက်ထိမတိတ်ဆိတ်နေပါဘူး။လူကတိုးလာတိုးလာတုန်းကသာမသိသာတာ၊လျှော့သွားတာတော့တော်တော်သိသာတာပဲ။နန်းရဲ့ဘိုးဘိုးလည်းစိုင်းမရှိတော့မျက်နှာမကောင်းဖြစ်နေတယ်။ဘိုးဘိုးကစိုင်းထွက်သွားတာမြင်ရင်ဝမ်းနည်းမှာဆိုးလို့စိုင်းကိုair-portတောင်လိုက်မပို့ခဲ့ဘူး။နန်းဘိုးဘိုးမျက်နှာမကောင်းတာမြင်တော့ဘိုးဘိုးကိုစိတ်ပျော်သွားအောင်အဖော်လုပ်ပြီးစကားပြောပေးလိုက်တယ်။နန်းတို့မြေးအဘိုးနှစ်ယောက်စကားတွေအကြာကြီးပြောနေကြတာညနေရောက်လို့ရောက်မှန်းမသိရောက်သွားတယ်။ညနေစောင်းတော့နန်းတို့မြေးအဘိုးနှစ်ယောက်ညစာအတူတူစားကြတယ်။
ညစာစားပြီးတော့နန်းတို့မြေးအဘိုးနှစ်ယောက်အခန်းထဲဝင်ပြီးအနားယူလိုက်ကြတယ်။နောက်နေ့ကျတော့နန်းcompanyသွားတယ်။နန်းအလုပ်လုပ်နေတုန်းတံခါးခေါက်သံကြားလိုက်ရတယ်။
နန်း"ဝင်ခဲ့ပါ။"
စော"ဟိတ်၊companyပိုင်ရှင်ကြီးအလုပ်တွေရှုပ်နေတယ်ပေါ့။"
နန်း"ဟယ်၊စောပါလား။တယောက်တည်းလား၊မိုးရော။"
မိုး"ရှင့်ရဲ့မိုးလေးကဒီမှာပါ။"
မိုးကစောရဲ့အနောက်ကနေထွက်လာပြီးနန်းကိုပြောလိုက်တယ်။
နန်း"ငါ့သူငယ်ချင်းနှစ်ယောက်ကိုတွေ့ရတာဝမ်းသာလိုက်တာ။လာလေ၊သူငယ်ချင်းတို့။sofaမှာလာထိုင်ကြ။"
နန်းသူငယ်ချင်းတွေအတွက်ကော်ဖီဖျော်လာဖို့နန်းရဲ့အတွင်းရေးမှူးကောင်မလေးကိုပြောလိုက်တယ်။

💮💮💮💮💮💮💮💮💮💮💮💮💮💮💮

နန်း"နင်တို့တွေဘယ်လိုဖြစ်လို့companyထိရောက်လာတာလဲ။အကြောင်းမကြား၊ဘာမကြားနှင့်။"
စော"သူငယ်ချင်းတွေမတွေ့ရတာကြာလို့လေ။သတိရလို့မိုးနှင့်ချိန်းပြီးလာလိုက်ကြတာ။"
မိုး"မဟာ့ကိုလည်းလှမ်းချိန်းလိုက်သေးတယ်။မဟာကအလုပ်ကိစ္စနှင့်နိုင်ငံခြားရောက်နေလို့လေ။မဟာလည်းနင့်လိုပဲcompanyကိစ္စတွေနှင့်အလုပ်တွေရှုပ်နေတာ။"
နန်း"ဟုတ်လား၊ဘယ်တတ်နိုင်ပါမလဲဟာ။နင်တို့ကို​တွေ့ရတာနှင့်ငါအရမ်း​ပျော်​နေပြီဟာ။"
အတွင်းရေးမှူး"မမလေး၊ကော်ဖီရပါပြီ။"
နန်း"အော်၊အေး။"
နန်းအတွင်းရေးမှူးဆီကကော်ဖီခွက်တွေယူလိုက်ပြီးစောတို့နန်းတို့ကိုပေးလိုက်တယ်။
စော"နန်း၊စိုင်းကိုလှမ်းခေါ်လိုက်လေ။သူနိုင်ငံခြားမသွားခင်တခေါက်လောက်တွေ့ရအောင်လို့။"
မိုး"ငါတို့ကလည်းအလုပ်ကိုယ်စီနှင်ဆိုတော့အခုလိုလူစုဖို့ကလွယ်တာမဟုတ်ဘူး။စိုင်းကိုထွက်လာခိုင်းပါလား၊နန်း။"
နန်း"စိုင်းကမနေ့ကပဲသွားပြီလေ။နင်တို့ကိုငါကိုပြောထားတဲ့ဟာကို။"
မိုး"ဟုတ်လား။ငါတို့ကနောက်တပတ်မှသွားမယ်ထင်လို့။အမှတ်မှားသွားတယ်။"
စော"ဟုတ်ပါ့ဟယ်။ငါတို့တွေစိုင်းကိုလေဆိပ်ကိုလိုက်ပို့မယ်တွေးထားတာ။နင်ကလည်းစိုင်းသွားမယ်ဆိုတာဖုန်းဆက်လိုက်တာမဟုတ်ဘူး။ငါတို့လာခဲ့မှာပေါ့။"
မိုး"အေးလေ။နန်းကလည်း။ငါတို့တွေအလုပ်တွေဖြတ်ပြီးလာခဲ့မှာပေါ့။"

မကကျွန်​တော့်ရဲ့မီးအိမ်ရှင်Where stories live. Discover now