사랑해

139 8 0
                                    

"ya yang jungwonနင်ငါ့နောက်တောက်လျှောက်လိုက်နေမှာလား?"

သူမစိတ်မရှည်စွာ​နှုတ်ခမ်းကိုဆူကာပြောလိုက်တော့သည်။လွန်ခဲ့တဲ့နှစ်ရက်ကလူကိုသဘောကျတယ်ဆိုပြီးဖွင့်ပြောထားတယ် အခုလိုမျိုးတောက်လျှောက်လိုက်နေတော့ဘယ်သူကနေတက်မှာလဲနည်းနည်းတော့လူကရှက်တာပေါ့လို့။ပြီးတော့ဆရာမတွေတောင်သူနဲ့ကိုယ့်ကိုအတွဲတွေလို့ထင်နေပြီ။

"အင်း ကိုယ်သဘောကျတဲ့သူနောက်လိုက်နာဘာဖြစ်လို့လဲ"

"နင်ကအဲ့လိုတောက်လျှောက်လိုက်နေတော့အတန်းထဲကလူတွေကငါတို့ကိုတစ်မျိုးထင်မှာပေါ့ ဟ့"

"ထင်ပစေပေါ့ အဲ့လိုထင်တော့ပိုတောင်ကောင်းသေး ဟီးဟီး"

"ဘယ်လိုလုပ်ကောင်းမလဲ သူများတွေကငါတို့ကိုတွဲနေတာလားတဲ့ ငါ့မှာရှက်လို့မျက်နှာဘယ်နားသွားထားရမှန်းမသိဘူး"

"ဘယ်နားထားရမှန်းမသိရင်ကိုယ့်ရင်ခွင်ထဲလာထားလေ ကိုယ်ကချယ့်ကိုရော ချယ့်ရဲ့နှလုံးသားလေးကိုရောကောင်းကောင်းစောင့်ရှောက်ပေးမှာပါ"

"တော် တော်yang jungwonဘာတွေပြောမှန်းမသိဘူး အသည်းယားစရာတွေ"

"ကိုယ်ကအတည်ပြောတာပါ"

"နင်ဘာသာအတည်ပြောပြော မပြောပြော ငါကတော့သွားပြီ ဘယ်နှယ့် canteenလာပြီးနေ့လယ်စာ လာစားပါတယ် ကောင်းကောင်းကိုမစားရဘူး"
ထိုသို့ပြောပြီးkim cherryတစ်ယောက်jungwonနားကနေထွက်သွားပါတော့တယ်။ကျန်ခဲ့တဲ့jungwonကတော့
*ကိုယ်ကမင်းလေးကိုယ့်ကိုချစ်လာအောင်ကြိုးစားပါ့မယ် ကိုယ့်ရဲ့ကလေးလေးရေ*

နေ့လယ်စာထမင်းစားပြီးချိန်မို့လားမသိကျောင်းသးကျောင်းသူအကုန်နီးပါးအိပ်ချင်သလိုလိုဖြစ်နေကြသည်။သိကြတယ်မလား နေ့လယ်ခင်းအချိန်ဆိုထမင်းလည်းစားပြီးကြတဲ့အချိန်ဆိုတော့အားလုံးပျင်းကြတဲ့အချိန်ပေါ့ ဒါတောင်englishဆရာမမဝင်နိုင်လို့ သချာ်ဆရာမကနှစ်ချိန်ဆက်တိုက်စာသင်နေတော့ပိုဆိုးတာပေါ့ ။ဒါပေမယ့်စာတော်တဲ့kim cherryအတွက်တော့စာသင်ချိန်တိုင်းကပျင်းတယ်လို့မရှိ အနည်းနဲ့အများစာမှာစိတ်ဝင်စားနေကြတာပဲ။ အခုလည်းစာကိုစိတ်ဝင်တစားနားထောင်နေတယ်လေ။ သူမတွေးထားပါတယ်အတန်းပြီးသွားရင်အတန်းထဲကသူတွေသး့ကိုစာလာမေးမယ်ဆိုတာ။

boy with loveWhere stories live. Discover now