*ကလင်ကလင် ကလင်ကလင်*
မြို့အုပ်မင်း လက်ထပ်တော့မယ်တဲ့ဗျို့!
ဒီနေ့သတင်းခေါင်းစဉ်က မြို့အုပ်မင်းရဲ့ ကညာပျိုရဲ့ အကြောင်းပါတယ် သိချင်ရင် တစ်စောင် ဝမ်၁၅၀ ဝမ်၁၅၀!!
ကျုပ်ကို တစ်စောင်ပေး
ကျွန်မကိုလည်း တစ်စောင် တစ်စောင်ခဏခဏ အကုန်ရစေရမယ် ဖြည်းဖြည်း!
လမ်းလယ်ခေါင်ဈေးတစ်နေရာမှာ စက်ဘီးလေးနှင့် သတင်းစာရောင်းနေသည့်ကို အလုအယက် ဝယ်ယူနေကြသည်။
________________
ချန်ရီစံအိမ်တော်တွင်
"သခင်ကြီး"
"ဗျာ"
"ကျွန်တော်တို့အကြောင်း လူတွေသိကုန်ပြီဘယ်လိုလုပ်ကြမလဲ"
"ဘာလဲ မင်းက ကိုယ်ကိုချစ်တာလား လူတွေကိုချစ်တာလား"
"သခင်ကြီးကိုလေ"
"အဲဆို သူတို့ကိုခေါင်းထဲမထည့်နဲ့"
"ဒါပေမဲ့ သခင်ကြီးရဲ့ ....."
"ရှူး အကြိုက်ဆုံးအစားအစာက ဘာလဲ"ဂျီမင်သိသည် သခင်ကြီးက အဲလိုအကြောင်းတွေ မေးတိုင်း အမြဲ လမ်းကြောင်းလွဲတတ်သည်။ အခုတခါလည်း ဘာမှမဆိုင်တဲ့ အစားအသောက်ကြောင်း ပြောလာသည်။
"ပေါင်မုန့်"
"ကိုယ်အကြိုက်ဆုံးက မင်းလုပ်ပေးတဲ့ သကြားမုန့် တွေ့လား သိပ်ချစ်ကြတဲ့ ကိုယ်တို့တောင် အကြိုက်ခြင်း မတူဘူး
အဲလိုဘဲ လူတိုင်း ကြိုက်တာခြင်း ချစ်တာခြင်းမတူဘူး။ လူတိုင်းက ထမင်းသုပ်ဘဲကြိုက်ရမယ် ပေါင်မုန့်မကြိုက်ရဘူးလို့ ဘယ်သူပြောလဲ ဘယ်သူမှမပြောကြဘူးလေ သူတို့ ကြိုက်ရာစားကြတာဘဲ အဲလိုပေါ့ ယောင်္ကျားလေးက မိန်းကလေးကိုဘဲ ချစ်ရမယ် မရှိဘူး သူတို့ အချစ်တဲ့လူတွေကိုဘဲချစ်ကြမှာဘဲ ကြိုက်တာ ချစ်တာတွေ ကလုပ်ယူလို့မရဘူး ဂျီမင်ရဲ့ နားလည်ရဲ့လား"
" အွန်း ဘာဘဲဖြစ်ဖြစ် သခင်ကြီးကိုဘဲချစ်တာ"
"ကိုယ်လည်း ထပ်တူပါဘဲကွာ"သခင်ကြီး၏ အဖေသည် သူတို့ကို အစက သဘောမတူ။ သို့သော် သခင်မကြီးက ကြားက ဝင်ရောက်၍ ကူညီပေးတဲ့အခါမှ သခင်ကြီး၏အဖေသည် လုပ်ချင်ရာတာ လုပ်တော့ ဟုပြောလာသည်။
"ဘာတွေတွေးနေတာလဲ"
"သခင်ကြီးနဲ့ လက်ထပ်ရတော့မဲ့အကြောင်း တွေးရင်းရင်ခုန်နေဝာာ"
"ကိုယ်ရောဘဲ ကိုယ်မိသားစုထဲမှာ ဂျီမင်ဆိုတဲ့ မင်းလေးပါလာတော့မှာတွေးရင်း ရင်ခုန်မိတယ်"
YOU ARE READING
အမုန်းရန်မပါ ချစ်ကြိုးလေးနဲ့သွယ်ပါမယ်
Fanfictionခြံစောင့်လေးဘဲ ခေါ်မိတာပါ ဘာလို့များ ကျုပ်နှလုံးသားထဲအထိ ဝင်ရောက်နေထိုင်နေရတာလဲ။