အပိုင်း(၁)

414 60 12
                                    


ကောင်းကင်ပေါ်သို့အလုံးအရင်းနှင့်ပြန့်တက်သွား
သောမီးခိုးလုံးတွေကိုကြည့်ကာကျောက်တုံးအကွယ်
မှာထိုင်၍အသက်ဆယ့်သုံးနှစ်ဝန်းကျင်
ခန့်ရှိမိန်းက​လေးတစ်ဦးကကြည့်နေသည်။
သူမမျက်ဝန်းထဲမှာတော့မျက်ရည်စတွေပြည့်လျှံနေ
ခဲ့သည်။
သူမနှင့်ခပ်လှန်းလှန်းမှာတော့စမ်းချောင်းနဘေး၌
စစ်သည်ရဲမက်လေးငါးယောက်ခန့်ကလက်ထဲမှာ
မီးတုတ်တွေကိုယ်စီဖြင့်စုဝေး၍ရပ်နေပြီး
သူတို့ရှေ့ကမီးသဂြိုလ်လက်စလူသေအလောင်း
တွေပြာကျသွားသည့်အချိန်ကိုစောင့်နေသည်။
ရဲမက်တွေကသူတို့နှာခေါင်းနှင့်ပါးစပ်တွေကို
အဝတ်စအဖြူတွေဖြင့်အုပ်ထားသည်။

"ရောဂါသည်တွေမြို့ထဲကိုမဝင်နိုင်အောင်သေချာ
စောင့်ကြည့်ထား"

"ဟုတ်ကဲ့"

တဖြည်းဖြည်းနှင့်နေလုံးဟာတောင်စွယ်နောက်ဝင်
ရောက်ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်မှာတော့ရဲမက်တွေဟာ
စမ်းချောင်းနဘေးကနေပြန်ထွက်သွားကြသည်။
ရဲမက်တွေမရှိတော့သည့်အချိန်မှကျောက်တုံးကြီး
ဘေးမှာပုန်းနေသည့်မိန်းကလေးကထွက်လာကာအရိုးပုံသာကျန်တော့သည့်နေရာသို့ရောက်လာပြီးရှိုက်ကြီးတငင်ငိုကြွေးတော့သည်။

"အမေ....အဖေ....အစ်ကိုကြီး..."

..........

"ဆောင်ကြာမြိုင်ဆိုတာဘာလဲအထိန်းတော်ကြီး"

မင်းသမီးလေးကစာအုပ်ဖတ်နေရင်းမှရုတ်တရပ်
သူမကိုမေးတော့အထိန်းတော်ကြီးခေါင်းနပမ်းကြီး
သွားကာဘယ်လိုပြန်ဖြေရမှန်းမသိဖြစ်သွားသည်။
မင်းသမီးလေးနားလည်အောင်ရှင်းပြနိုင်ရန်စကား
လုံးတွေရွေးချယ်နေတော့သူမလိုချင်သည့်အဖြေ
ကိုချက်ချင်းမပေးနိုင်၍မင်းသမီးလေးကသူမကို
စိတ်မရှည်စွာဖြင့်

"အထိန်းတော်ကြီးလဲမသိဘူးလား
ဟင်း...ထင်သားပဲမေးမိတာအပိုပဲ"

"စိုးရွံ့မိပါတယ်မင်းသမီးလေး"

မင်းသမီးလေးကသူမသိချင်တာကိုမသိရ၍စိတ်
ပျက်သွားဟန်ဖြင့်သက်ပျင်းတစ်ချက်ချကာ
စာကိုပြန်ဖက်နေသည်။
အထိန်းတော်ကြီးထိုအခါမှအသက်ရဲရဲရှူရဲတော့
သည်။
သို့ပေမယ့်ထိုပြဿနာကဒီမျှနှင့်ပြီးမသွားချေ။
ကိုယ်လုံပညာသင်ချိန်မင်းသမီးက​သူမ၏ကိုယ်ရံတော်ကိုထိုမေးခွန်းထပ်မေးပြန်သည်။

မီးအိမ်ရှင်Where stories live. Discover now