အချိန် စက်ဝန်း♥️
^^^^^^^^^^^
အပိုင်း-6*အင်း ဟင်း *
အေးစက်စက် အထိတွေ့ရယ် နာကျင်တာရယ် ကြောင့် ဆု နိုးလာရသည်။
ခုရောက်နေတာ ဘယ်နေရာမှန်းမသိပေမယ့် ဂူတစ်ခု ဆိုတာတော့ အသေချာ သိသည်။ ရေတွေ စိမ့်ထွက်ထားတယ်ထင်ပါရဲ့ နေရာတိုင်း စိုစွတ်နေလေသည်။
ဆု ဗိုက်တွေကလည်း ဆာသလို မျက်နာကလည်း အတော်ပင် နာနေသည်။ချိန်း ချိန်း .....
ဆု တံခါးဖွင့်သံ ကြားလိုက်ရ၍ အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။
အဒေါ်ကြီး တစ်ယောက် လက်ထဲတွင်လည်း အထုတ် တစ်ခု ကိုင်လာကာ ဝင်လာလေသည်။*ရော့ မင်းအတွက် စားချင်စား မစားချင်နေ.*
ဆု ဆီကို အထုတ်လေး ပစ်ပေးလာလေသည်။ဆု မျက်ရည်လေးဝဲကာ ကောက်ယူပြီး ဖြည်လိုက်တော့ ဘယ်တုန်းက ထမင်းမှန်း မသိတဲ့ အေးစက်စက် အခဲကြီးပင် ။
ကျနေသော မျက်ရည်တွေကို လက်ခုံဖြင့် ဖိသုပ်ကာ ပါးစပ်ထဲ အပြည့်ထည့်ကာ
အတင်း မျိုချပစ်လိုက်သည်။
ဒီချိန် အရှင် ဘာလုပ်နေမလည်း .....
ဆု ကို ချစ်တယ်လို့ ပြောထားတဲ့သူကြီး ဆုကိုများ လိုက်ရှာနေမလား
သိပ်သိချင်မိသည်။
...............
ဟူးးးးး
စိတ်ပူလိုက်တာကွာ ....
ကလေးလေး ခုချိန် ဘာဖြစ်နေမလည်း....
သခင် နေ့ရော ညရော မနားတမ်း စုံစမ်းနေပေမယ့် သတင်းလေး တစ်မှုန်တစ်မွှားတောင် မကြသေးပေ။
ခနလေးဘဲ စောင့်ပါ ကလေးရယ် ကိုယ် လာရှာမှာပါ .....
.......
မင်းကြီးကလည်း ကျန်းကျန်းမာမာ ကြီးကနေ ယုတ်တရတ်ပင် နေမကောင်းဖြစ်သွားရသည်။ သမားတော် က စစ်ဆေးတော့ အစာအဆိပ်သင့်သည်တဲ့....
မင်းကြီး ကို အစားစာ ချက်ကျွေးသော သူကို ရှာတော့လည်း
မင်းကြီး နေမကောင်းကတည်းက ပျောက်သွားတယ် ဆိုဘဲ ....
မသင်္ကာ စရာတွေ များနေပေမယ့် တိတ်တဆိတ် သာ စုံစမ်းနေဆဲပင်ဖြစ်သည်။
စုံစမ်းခြင်း 5 ရက်မြောက်နေ့တော့ .....
..........
*မင်းသား **ပြော ဘာ ထူးလည်း *
*စုံစမ်းရသလောက် မင်းကြီးကို အစာအဆိပ် သင့်အောင် လုပ်တာလည်း
မင်းသမီးခင်သက်လျာ အဖေ အဖွဲ့ ထဲ ကလို့သိရပါတယ် *
YOU ARE READING
အချိန် စက်ဝန်း(Completed)
Romanceအချိန် စက်ဝန်း ~~~~~~ လွန်းသန့်သခင်...... *သိပ်ချစ်လွန်းလို့ ဆုကို ကိုယ်တော့် အနား ခေါ်ထားတာပါကွာ ဆုသာ ငြင်းမယ်ဆိုရင်တော့ ကိုယ်တော့် နှလုံးသားကို တစ်ခါ ထဲ ယူသွားလိုက်ပါ* ဆုကဋေ...... *ကိုကို ရယ် ဆုက ဧည့်သည်လေ ဒီနေရာမှာ တစ်သက်လုံးနေလို့မှမရတာ တစ်...