Unicode
ရိပေါ်ရောက်နေတဲ့နေရာက အဖြူရောင်တွေပဲ ဖုံးလွှမ်းနေတဲ့နေရာ ... မြူတွေလို၊ မီးခိုးငွေ့တွေလိုက လွင့်ပျံနေပြီး အရာရာကို သဲသဲကွဲကွဲမမြင်ရဘူး။
ဒီနေရာက ဘယ်နေရာလဲ?"ကိုကို.."
ဘယ်နေရာရောက်ရောက် ရိပေါ်အရင်ရှာမိတာ ကိုကို့ကိုပါပဲ။"ကိုကို....ကိုကို ဘယ်မှာလဲ"
ရိပေါ်က ခေါ်နေပေမဲ့ ဘာအရိပ်အယောင်မှ မတွေ့ရဘူး။ ရှေ့ကိုလည်း မမြင်ရအောင် ပိတ်ထူနေအောင် အဖြူရောင်တွေ ဖုံးလွှမ်းနေတယ်။ကိုကိုမရှိဘူး.. ကျွန်တော်ကြောက်တယ် ကိုကို..
"ကိုကိုရေ...... ကိုကို ဘယ်မှာလဲ ကျွန်တော် ကြောက်တယ်လေ..."
ရိပေါ်က ကြောက်စိတ်ကြောင့် တုန်ယင်လာတဲ့ အသံကိုထိန်းကာ ကိုကို့ကိုခေါ်ရင်း ရှေ့ကို စမ်းတဝါးဝါးတိုးသွားလိုက်တယ်။
"ကိုကို!"
တစ်နေရာအရောက်မှာ သူ့ကို ကျောခိုင်းရပ်နေတဲ့ ကိုကို့ကို တွေ့လိုက်ရတယ်။ ၀မ်းသာအားရနဲ့ ခေါ်ပြီး ကိုကို့ဆီ ပြေးသွားလိုက်တယ်။ သူ့အသံကြောင့် ကိုကိုကလည်း သူ့ဘက်ကိုလှည့်ကြည့်တယ်။ ဒါပေမဲ့ ရိပေါ် ကိုကို့ဆီသွားမရဘူး။ ကိုကိုနဲ့သူ့ကြားမှာ ဖန်နံရံကြီး ခြားနေတယ်။
"ကိုကို! ကိုကို့နားလာချင်တယ်.. ကျွန်တော် တစ်ယောက်တည်း ကြောက်တယ်လေ ကိုကို"
ရိပေါ်ဟာ မြင်နေရရက်နဲ့ ကိုကို့ရင်ခွင်ကို ခိုလှုံခွင့်မရတာကြောင့် ဒေါသနဲ့အတူ အားငယ်စိတ်တွေပါ တလှိုက်လှိုက်တက်လာပြီး မျက်ရည်တွေပါ ကျလာရတယ်။
"ကိုကို..."
ကိုကိုကရိပေါ်ကို ပြုံးပြီး ငေးကြည့်နေတယ်။ ပြီးတော့ ခေါင်းကို အသာအယာခါပြတယ်။ ကိုကိုခေါင်းရမ်းလိုက်တဲ့အခါ ကိုကို့ရဲ့ မျက်ရည်တွေဟာ ကိုကို့ပါးပြင်ပေါ် အလုအယက်ခုန်ဆင်းတယ်။
ကိုကိုလည်း ငိုနေတယ်။ ဘာလို့လဲ...
"ကိုကို!"
ရိပေါ် ကြည့်နေတုန်းမှာပဲ ကိုကို့ပုံရိပ်လေးဟာ ဝေဝါးလို့ ပျောက်ကွယ်လုနီးပါး ဖြစ်လာတယ်။
YOU ARE READING
샤오의 별이 - Xiao's Star (Reupload-completed)
Fanfictionရိပေါ်က လူခြောက်နဲ့ လက်ထပ်ရမှာ.. ရှောင်းကျန့် : "ရှောင်းငယ်ကို နောက်ဆုံးတော့ ကိုကို ပိုင်ဆိုင်ရပြီ...." ၀မ်ရိပေါ်: "ရိပေါ်... ကျွန်တော့်နာမည် ၀မ်ရိပေါ်.. ရှောင်းတစ်လုံးမှ မပါဘူး။ ခင်ဗျားလူမှားနေတယ်။" Note: အာရွန်း နားထောင်လိုက်ရတဲ့ လူခြောက်လေးအကြောင...