20.7.2022
..တက္ကသိုလ် တက်ရမယ့် ကျောင်းသားစာရင်းတွေ ထွက်လာပြီ တဲ့ ။
သူငယ်ချင်းတစ်ယောက်ရဲ့ စကားအဆုံး ရင်ထဲမှာ လှပ်ခနဲ ဖြစ်သွားခဲ့သည်။
ကျောင်းသားစာရင်းမှာ သူ့နာမည် ပါမှ ပါပါ့မလား။
သူ့အမှတ်နဲ့ရော မီမှမီပါ့မလား။
ဒီမေဂျာကို သူစိတ်၀င်စားလွန်းလို့ လျှောက်ခဲ့ရပေမယ့် သူသေဘာကျတဲ့ မေဂျာ မရခဲ့ရင် ဘယ်လိုလုပ်ရပါ့။အတွေးပေါင်းစုံ ရင်တထိတ်ထိတ်နဲ့ ဓာတုဗေဒ မေဂျာတက်ခွင့်ရတဲ့ ကျောင်းသားစာရင်းကို ကြည့်လိုက်တော့ ခုံနံပါတ် ၃၇ နေရာမှာ သူ့နာမည်လေး
ကျန်းေဟာက်တဲ့။သူ လုပ်နိုင်ခဲ့ပါပြီ ။
ကျောင်းသားစာရင်းမကြည့်ခင်က ရင်တုန်ရုံလေးတင်ပါ။ အခု တက်ခွင့်ရတာသေချာကာမှ ဘယ်လိုဖြစ်လို့ လက်တွေပါ တုန်လာရတာလဲ။
ခဏလေး။ သူ့နာမည်နဲ့ သုံးယောက်ကျော် ကျောင်းသားတစ်ယောက်ရဲ့ နာမည်က သူအမြင်ကို ဖမ်းယူသွားသည်။
နှုတ်ခမ်းဖျားလေးက လှုပ်ရုံလေး ရေရွတ်မိသွားသည်။တခြားလူတွေလိုပါဘဲ နာမည်လေး သုံးလုံးပါပဲ။
ဒါပေမယ့် ဘာလို့များ သူ့အာရုံထဲ စွဲသွားရတာလဲ ။
ပြီးတော့ သူ ကိုယ်တိုင် လိုလိုလားလားနဲ့ ပထမဆုံးအနေနဲ့ ခင်မင်ချင်တယ်လို့ ခံစားရတဲ့ လူ။အင်း နာမည်သုံးလုံးနဲ့ ကောင်လေး။
ထူးဆန်းတယ်...။
တစ်ခါမှ မဖြစ်ဘူးတဲ့ ခံစားချက်မျိုး။နာမည်လေး သုံးလုံးက ဒီလောက်ထိ ဦးနှောက်ထဲ စွဲသွားလိမ့်မယ်လို့ ကျန်းဟောက် ထင်မထားခဲ့။
ဘာလို့ဆို သူကိုယ်တိုင်က နာမည်တွေကို မှတ်တဲ့ေနရာမှာ နည်းနည်းညံ့တယ်။
မသိတဲ့လူ ပထမဆုံးေတွ့ဖူးတဲ့ လူရဲ့ နာမည်ဆို ခဏလေးနဲ့ ေမေ့တတ်လို့လေ။ဒါေပမယ့် အဲ့ဒီ နာမည်သုံးလုံးရဲ့ ပိုင်ရှင်ကောင်လေးကိုတော့ တွေ့ဖူးချင်ပါတယ်။
ဘာရယ်မဟုတ် ရင်းနှီးချင်ပါတယ်။တွေ့ပြီး ရင်းနှီးချင်ပါတယ်လို့သာ စိတ်ကူးယဉ်နေတာပါ။
တစ်ကယ်တည်းကျ ကျန်းဟောက်ဆိုတဲ့သူက သူငယ်ချင်းသိပ်မပေါလှ။
ပေါင်းသင်းဆက်ဆံရေးမှာ ညံ့တယ်ရယ်လို့ မဟုတ်ဘဲ တစ်ယောက်တည်း အေးအေးဆေးဆေး နေတတ်တဲ့သူမျိုးဖြစ်နေလို့။
YOU ARE READING
Dandelion
Fanfictionတောင်းပန်ပါတယ် တဲ့ ။ အဲ့ဒီစကားစုလေးက တစ်ယောက်သောသူပြောနေကျမလို့ သူရင်းနှီးနေခဲ့တာထင်ပါရဲ့...။