Unicode;
ကျွီ...!
ဂျောင်ကုအခန်းတံခါးဖွင့်လိုက်တော့ သူ့ရဲ့ပြောမနာဆိုမနာ သူငယ်ချင်း ၆ ယောက်က သူ့ခုတင်ပေါ်မှာငုတ်တုတ်ကြီး....ပြီးတော့ဒီကောင်တွေကြားထဲရောက်နေတာ သူ့ရဲ့လျှို့ဝှက်စာအုပ်...သွားပြီ...! အနှစ်နှစ်အလလ ထိန်းချုပ်ထားတဲ့ သူ့ရဲ့လျို့ဝှက်ချက်တွေပေါ်ကုန်ပြီ...
"ဂျောင်ကြီး..! တကယ်ကြီး...မင်း Kim Seokjin ကိုကြိုက်နေတာလား..? ဝိုး..!"
Jimin အပြောကြောင့် ထယ်ယောင်းညစ်ကျယ်ကျယ်ပြုံးလိုက်ရင်း...~
"အဟ.! မင်းငါတို့ရဲ့အတန်းခေါင်းဆောင်ကိုဘယ်ကတည်းကချိန်နေတာလား ဂျောင်ကြီး...!"
Taehyung ပြောလိုက်မှ ဂျောင်ကုငယ်ထိပ်တည့်တည့် မိုးကြိုးပစ်ချလိုက်သလိုပင်...
"ဟေး..! ဘာလို့ငြိမ်နေတာလဲ...?ဒီမှာကြည့်အုံး....ရေးထားတာကလည်း ဘာတဲ့.Kim Seokjin ကိုချစ်တယ်...ဒီတစ်ကြောင်းကိုပဲ ရေးထားတာစာအုပ်တစ်အုပ်ပြည့်တော့မယ်! ဂျောင်ကြီး မင်းဒါမျိုးကြညံ့လိုက်တာကွာ တခြားစကားလုံးလေးဘာလေးလည်းသုံးပါအုံးဟ..!"
Yoongi ကစာအုပ်ကိုထောင်ပြရင်းပြောတော့ သူစာအုပ်ကိုဆွဲယူလိုက်သည်....
ခါတိုင်းဆို သူ့အိမ်ရောက်ရင် Game ပြိုင်ဆော့နေတဲ့ကောင်တွေ အခုမှဘာအရူးထပြီးသူ့စာအုပ်ကိုလိုက်ဖတ်နေတာလဲ...?
Namjoon နဲ့ Hoseok ကလည်းသူ့ကိုပြုံးပြီးကြည့်နေသည်....ထိုအပြုံးသည် တစ်စက်မှဖြူစင်ခြင်းအလျှင်းမရှိ...
"ဟေ့ကောင်တွေ...ဒီကိစ္စကို မင်းတို့ပဲသိပါစေနော်...ဘယ်သူမှသွားမပြောနဲ့..ငါ့ဘာသာကြည့်လုပ်မယ်.!"