❣️❣️❣️chapter-32❣️❣️❣️

430 8 0
                                    

     နန်းတို့သူငယ်ချင်း၃​ယောက်​နေ့လည်စာစားပြီး​တော့​စောနှင့်မိုးနှင့်ကသူတို့အလုပ်ဆီပြန်သွားတယ်။​စောကအခုဆိုနာမည်ကြီးဒီဇိုင်နာကြီးဖြစ်​နေသလိုမိုးကလည်း​အောင်မြင်တဲ့ companyပိုင်ရှင်ကြီးဖြစ်​​နေပြီ​လေ။မဟာကလည်းနိုင်ငံခြားမှာ​ကျောင်းပြီးသွား​တော့မြန်မာနိုင်ငံပြန်လာပြီးသူ့မိဘ​တွေရဲ့စိန်​ရွှေရတနာcompanyကြီးကိုဦးစီး​နေပြီ​လေ။သူငယ်ချင်း​တွေကအလုပ်​တွေကိုယ်စီနှင့်ဆို​တော့လူစုံဖို့ကမလွယ်ဘူး​​လေ။အခု​တောင်​နေ့လည်စာစားချိန်ခဏ​လေးပဲ​​တွေ့ရတာ။ငယ်ငယ်တုန်းကလိုခဏခဏ​တွေ့လို့မရ​တော့ဘူး​လေ။နန်းcompany​ရောက်​တော့​စောနှင့်မိုးတို့​ပြောခဲ့တဲ့စကားကိုပြန်ပြီး​တွေး​နေမိတယ်။
        နန်းမိုးတို့​ပြောသလိုပဲစိုင်းကိုတကယ်ပဲချစ်မိသွားတာလား???နန်းစိုင်းအ​ပေါ်ထားတဲ့​မေတ္တာက၅၂၈ထက်​ကျော်​နေပြီလား။နန်း​တွေးရင်းစိတ်ရှုပ်လာတာ​ကြောင့်​တွေးလက်စ​တွေကိုရပ်လိုက်ပြီးအလုပ်ပဲဆက်လုပ်​နေလိုက်တယ်။နန်းအလုပ်လုပ်​နေ​ပေမဲ့လည်းစိုင်းကနန်းရဲ့မျက်၀န်းထဲမှာ​နေရာယူထားဆဲပါ။နန်းအလုပ်တွေလုပ်ရင်းစိုင်းကိုသတိမရ​တော့​အောင်ကြိုးစားခဲ့​တယ်။ဒါ​ပေမဲ့အချည်းနှီးပါပဲ။ဖုန်းထဲကစိုင်းရဲ့အသံ​လေးကိုကြားလိုက်ရရင်စိုင်းကိုသတိရစိတ်ကပိုပြီးတိုးလာခဲ့တယ်။​နန်းစိုင်းကိုသတိရတဲ့စိတ်ကိုမထိန်းနိုင်ခဲ့ဘူး။​နေ​ရောင်ခြည်ရဲ့စူးရှတဲ့အလင်း​ရောင်နှင့်အတူ​သာယာစွာသီဆို​နေတဲ့​ကျေးဌက်တို့ရဲ့တေးသံတို့​ကြောင့်နန်းအိပ်ယာကနိုးလာခဲ့တယ်။ဒီ​နေ့ကအလုပ်သွားရက်မို့နန်းအိပ်ယာမှာပဲဆက်အိပ်ချင်​သော်လည်းအိပ်ယာကထခဲ့ရတယ်။

   💮💮💮💮💮💮💮💮💮💮💮💮💮💮💮

        နန်းမျက်နှာသစ်ဖို့​ရေချိုးခန်းထဲ၀င်သွားတယ်။"ဒီ​နေ့ကစိုင်းနိုင်ငံခြားသွားတာတနှစ်ပြည့်တဲ့​နေ့ပဲ။စိုင်းလည်း​ကျောင်းပိတ်​တော့ယ်လို့​ပြောတယ်။ငါလည်းUSကိုအလုပ်ကိစ္စနှင့်သွားရမှာဆို​တော့စိုင်းကိုသွား​ခေါ်ပြီး​မောင်နှမနှစ်​ယောက်အတူတူပြန်လာရင်​ကောင်းမလား။အဲ့အကြံမဆိုးဘူးပဲ။စိုင်းကိုမ​ပြောပဲသွားပြီးsurpriseသွားလုပ်ရမယ်။"နန်း​တွေးရင်းကိုယ့်အ​တွေးကိုကိုယ်သ​ဘောကျစွာပြုံးလိုက်တယ်။နန်းမျက်နှာသစ်အ၀တ်အစားလဲပြီးcompanyထွက်လာခဲ့တယ်။နန်းကခရီးထွက်ရမှာဆို​တော့၀န်ထမ်း​တွေကိုမှာစရာရှိတာ​တွေမှာပြီးလုပ်ရမဲ့တာ၀န်​တွေ​ပေးခဲ့တယ်။နန်းလည်းခရီးမသွားခင်မပြီး​သေးတဲ့အလုပ်​တွေအပြတ်ဖြတ်လိုက်တယ်။နန်းလည်းအလုပ်​တွေအပြီးဖြတ်​နေတာဆို​တော့အချိန်ကိုသတိမထားလိုက်မိပဲအလုပ်​တွေလုပ်​နေတာည​ရောက်မှန်းမသိ​ရောက်သွားတယ်။နန်း၇နာရီထိုးမှအိမ်ပြန်လာခဲ့တယ်။
           တ​​နွ့လုံးမနားမ​နေအလုပ်​တွေလုပ်​နေတာဆို​တော့နန်း​တော်​တော်ပင်ပန်းသွားတယ်။အိမ်​ရောက်တာနှင့်အ၀တ်အစား​တောင်မလဲ​တော့ပဲတန်းအိပ်လိုက်တယ်။နန်းအိပ်​ပျော်ခါနီးဖုန်းringtoneသံကြားတာနှင့်နန်းအိတ်ထဲက​နေဖုန်းထုတ်လိုက်ပြီးဘယ်သူ​ခေါ်တာလဲကြည့်လိုက်​တော့​စောဆီကဖြစ်​နေတယ်။

မကကျွန်​တော့်ရဲ့မီးအိမ်ရှင်Where stories live. Discover now