နောက်ကအသံများကနီးသထက်နီးလာသည်မို့ရှင်မင်း ပို၍မြန်မြန်ပြေးမိသည်။
တောနက်သထက်နက် လာတာသိပေမယ့် ရပ်လိုက်လို့မဖြစ်ပေ။
အဓိကက ထိုလူတွေလက်မှလွတ်မှဖြစ်မည်။
သူတို့အချင်းချင်းပြောစကားတွေကိုလည်းရှင်မင်းနားမလည်ပေ။ထိုင်းအသံထွက်နှငိ့တူသလိုလိုရှိသည်။ရှမ်းလူမျိူးတစ်စုတော့ဖြစ်နိုင်သည်။
ချုံတစိခုထဲမှာပုန်းနေရင်းအသံမထွက်အောင်နေမိသည်။
တဖြည်းဖြည်းစကားသံတွေဝေးသွားတော့မှ ရှငိမင်းအသက်၀၀ရှူနိုင်သည်။
တာ၀န်ကျရာရှမ်းပြည်ဆီသိူ့တစ်ယောက်တည်းထွက်လာရင်းမှလမ်းတွင်ဓားပြတွေနဲ့တွေ့ခဲ့ကြသည်။
အိမ်မှာမေမေတစ်ယောက်တည်းမို့လိုက်မပို့ခိုင်းဘဲအရဲစွနိ့ပြီးထွက်လာခဲ့ခြင်းဖြစ်သည်။
အမေတစိခုသမီးတစိခုဘ၀မို့ ရှင်မင်းကအရာရာတွင်မေမေအားကိုးရသောသမီးတစိယောက်ဖြစ်ချငိသည်။ဆရာ၀န်ကိုငယ်စဉ်ကတည်းကဖြစ်ချငိခဲ့တာမို့ ဝါသနာပါရာအသက်မွေး၀မ်းကျောင်းတစ်ခုဖြစ်လာခဲ့သည်။
ကျောင်းပြီးပြီးချငိးမှာပထမဆုံးတာ၀နိကျတဲ့နေရာကရှမ်းပြည်နယ်ထဲကဒေသတစိခုဖြစိ၍ အရမ်းပျောိသွားခဲ့ရသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစိခုမှာတာ၀န်ကျသည်မို့အစအရာရာဂရုစိုက်ရနိကျောငိးမှဆရာတွေကဝိုင်းမှာကြသည်။
အဲ့ဘက်မှာကဓလေ့ထုံးစံတွေကိုယခုတိုင်ကျင့်သုံးနေကြဆဲပင်။
အတူတူတာ၀န်ကျသောတစ်ယောက်ကိုသာစောင့်ပြီးတစိရကိနောကိကျမှထွက်ခဲ့လျှငိဤလိုဖြစ်ချငိမှဖြစ်မှာဟု ရှငိမင်းရောက်ရာပေါက်ရာလျှောက်တွေးနေမိသည်။ကားမှလူတော်တော်များများအသတ်ခံရပြီး ရှင်မင်းလည်းသူတို့တခြားစီအာရုံရောက်နေတုန်းအမြန်ပြေးလာခဲ့ခြင်းဖြစ်သည်။
သွားရင်းသွားရင်းနှင့်တောင်တန်းေပါ်မှာမှာလူမျိုးတစ်စုနှငိ့တွေ့၍ထပ်ပြေးခဲ့ရပြန်သည်။
ငိုချင်နေပေမယ့်စိတိကိုတငိးမှဖြစ်မည်။
ကိုယ်တိုင်သာလက်လျော့လိုက်ရင်အသက်ရှင်ဖို့ကမဖြစ်နိုင်ပေ။
ဘယ်ကိုရောက်နေမှနိးမသိပေမယ့် ရှင်သန်ဖို့ကိုတော့လက်လျော့၍မဖြစ်ပေ။
အမောဖြေနေရငိးအသံတစ်ခုကြားလိုက်ရသည်။
ပုလွေသံ ပုလွေသံ
"ဟုတ်တယ်ပုလွေသံပဲ ဒါဆိုလူရှိတာပေါ့"
ရှင်မင်းအသံကြားရာဘက်ကိုမှန်းဆ၍သွားရန်ဆုံးဖြတ်လိုက်သည်။
အသံကြားရာနောက်ကိုလိုက်ရင်းတဖြည်းဖြည်းတောင်ထိပ်ဆီသို့ပင်ရောက်မှနိးမသိရောက်လာသည်။
မောကလည်းမော တွေ့ချင်ဇောကလည်းကြီးနေသည်မို့လူမှာအသက်ကိုမနည်းရှုနေရသည်အထိပင်။
ချယ်ရီပင်အောက်လေးမှာလူတစ်ယောက်ရှမ်းတောင်တန်းကြီးကိုငေးပြီးပုလွေမှုတ်နေသည့်ဟန်တစ်ခုကိုရှင်မင်းဝိုးတဝါးတွေ့လိုက်ရသည်။
ရုတ်တရက် ခြေချော်ကျသွားသည်မို့
တောင်စောင်းမှဒလိမ့်ခေါက်ခွေး ကျသွားသည်။
တောင်စောင်းကကျောက်တုံးနှင့်ခေါင်းကိုရိုက်မိပြီးနောက်ရှင်မင်း၏အာရုံတစ်ခုလုံးအမှောင်ကျသွားတော့သည်။
#><နောက်တစ်ပုဒ်လေးအရမ်းရေးချင်မိလို့
Update ကတော့ကြာမှာဖြစိလို့libraryထဲထည့်ထားနော်သဲတို့
ရှမ်းရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစိခုကိုအခြေခံပေမယ့် ဓလေ့အစစ်တွေပါသလို ဇာတ်လမ်းအရစိတ်ကူးတွေလည်းပါမှာဖြစ်ပါတယ်
YOU ARE READING
လွမ်းချင်းသီသောတောင်ယံဆီမှ
Romanceမမျှော်လင့်ထားတဲ့ရိုးရာဓလေ့တွေကြောင့်ချက်ချင်းလက်ထပ်လိုက်ရပေမယ့် သံယောဇဉ်တွေရစ်တွယ်သွားခဲ့တဲ့ မျိုးနွယ်စုရဲ့မင်းသားလေး ဇန်တည်ဘွား တာ၀န်ကျတဲ့နေရာကိုသွားရင်းမမျှော်လင့်ဘဲလက်ထပ်လိုက်ရတဲ့ဒေါက်တာရှင်မင်းမြတ် ချစ်ခြင်းတရားတွေ ဘယ်လိုမွေးဖွားလာမလဲဆိုတာ ဖတ်...