နန်းတို့သူငယ်ချင်းတွေည၂နာရီမှအိပ်ယာဝင်ခဲ့ပြီးည၁၀နာရီလောက်မှအိပ်ယာကထခဲ့တယ်။နန်းတို့တွေအိပ်ယာကနိုးလာတော့မနက်စာစားပြီးရေချိုးအဝတ်အစားလဲလိုက်တယ်။နန်းခရီးသွားဖို့အဆင်သင့်ဖြစ်ပြီဆိုတော့ဘိုးဘိုးကိုကန်တော့လိုက်တယ်။ပြီးတော့နန်းတို့၃ယောက််taxiဌားပြီးလေဆိပ်ထွက်လာကြတယ်။လေယာဥ်ကနေ့လည်၁နာရီမှာစထွက်တယ်။နန်းလေယာဥ်ပေါ်ရောက်တော့စိုင်းနှင့်မကြာခင်တွေ့ရမှာတွေးပြီးအရမ်းပျော်နေတယ်။လေယာဥ်ကစီးချိန်ကြာတော့နန်းရော၊စောတို့နှစ်ယောက်ပါပျင်းပျင်းနှင့်အိပ်ပျော်သွားကြတယ်။နန်းတော်တော်ကြာအိပ်ပျော်သွားတယ်။နန်းနိုးလာတော့လေယာဥ်ကလေယာဥ်ကွင်းထဲစဆင်းနေပြီလေ။UKရောက်တော့နန်းတို့တွေhotelတခုမှာအခန်းယူလိုက်ပြီးတည်းလိုက်တယ်။စိုင်းတိုက်ခန်းကနည်းနည်းကျဥ်းတော့နန်းတို့၃ယောက်နေဖို့အဆင်မပြေလို့အခုလိုစီစဥ်လိုက်ရခြင်းဖြစ်တယ်။
မိုး"နန်း၊စိုင်းကဒီနားမှာနေတာဆို။နင်သွားမတွေ့ဘူးလား။"
နန်း"မတွေ့သေးပါဘူးဟာ။စိုင်းကစာမေးပွဲဖြေနေတုန်းလေ။အခုသွားတွေ့ရင်စာမေးပွဲအတွက်အနှောက်အယှက်ဖြစ်သွားမှာပေါ့။စာမေးပွဲပြီးမှပဲသွားတွေ့တော့မယ်။ပြီးတော့ငါလည်းအလုပ်ကိစ္စရှိသေးတယ်လေ။မနက်ဖြန်အလုပ်ကိစ္စနှင့်ချိန်းထားတယ်။အဲ့အတွက်လုပ်စရာရှိတာတွေလုပ်ရအုန်းမယ်။"
မိုး"အေးပါ။နင့်သဘောပါ။ငါကဒီရောက်တာနှင့်နင့်ချစ်ချစ်ကိုသွားတွေ့မယ်ထင်ထားတာ။"
စော"ဟုတ်ပါ့။ငါလည်းမိုးလိုပဲထင်နေတာ။"
စောတို့ရဲ့စကားကြောင့်နန်းမျက်နှာစတော်ဘယ်ရီသီးလေးလိုနီသွားတယ်။💮💮💮💮💮💮💮💮💮💮💮💮💮💮💮💮
နန်းစောတို့ရဲ့စကားကိုဘာမှပြန်မပြောပဲရေချိုးခန်းထဲဝင်လိုက်ပြီးရေချိုးလိုက်တယ်။နန်းတို့တွေကလေယာဥ်မှာအိပ်ခဲ့တာဆိုတော့မအိပ်ချင်သေးတာနှင့်နန်းတို့၃ယောက်resturantတခုမှာညစာစားရင်းလျှောက်လည်ဖို့hotelကနေထွက်လာခဲ့တယ်။နန်းတို့တွေစားသောက်ဆိုင်တခုမှာညစာစားပြီးတော့စားသောက်ဆိုင်နားမှာလမ်းလျှောက်ရင်းUKရဲ့ညဖက်အလှတရားကိုကြည့်ရှုနေကြတယ်။ကောင်းကင်မှာလမင်းကြီးကခင်းထိန်နေအောင်သာယာနေပြီးကြယ်လေးတွေကလည်းလမင်းကြီးဘေးနားမှာလှလှပပတည်ရှိနေကြတယ်။နန်းတို့တွေလမ်းလျှောက်ရင်းနှင့် fast foodလေးတွေရောင်းတဲ့ဆိုင်တွေ့တော့နန်းတို့တွေမုန့်ဝယ်စားလိုက်တယ်။
နန်းတို့တွေမုန့်စားပြီးတော့ညဥ့်မနက်ခင်hotelပြန်လာခဲ့တယ်။hotelပြန်ရောက်တာနှင့်နန်းတို့၃ယောက်အိပ်ယာပေါ်အတူတူလဲလိုက်ပြီးdramaတွေတခုပြီးတခုကြည့်လိုက်ကြတယ်။dramaကြည့်လို့၀မှနန်းတို့အိပ်ယာ၀င်လိုက်ကြတယ်။မနက်ရောက်တော့နန်းအလုပ်ကိစ္စရှိတဲ့အတွက်စောစောထပြီးအလုပ်ဆီသွားတော့တယ်။နန်းကဒီကိုလာတဲ့ကိစ္စကတော့ဒီမှာနောက်ထပ်ဆိုင်ခွဲတခုထပ်ဖွင့်ဖို့ကိစ္စကြောင့်လေ။အခုကဆိိုင်ဖွင့်မဲ့မြေကွက်ကိုသွားကြည့်မှာလေ။ကြိုက်ရင်တော့တခါတည်းဝယ်ပြီးဆိုင်တခါတည်းဆောက်ဖို့နန်းစီစဥ်ထားတယ်။နန်းမြေကွက်သွားကြည့်ပြီးတော့မြေကွက်ကိုသဘောကျတာကြောင့်ငွေအကျေချေပြီးဝယ်လိုက်တယ်။ပြီးတော့အဆောက်အဦးဆောက်ဖို့အတွက်construction companyတခုကိုနန်းဆက်သွယ်လိုက်ပြီးနန်းဆောက်ချင်တဲ့ပုံစံပြောပြီးအလုပ်အပ်လိုက်တယ်။💮💮💮💮💮💮💮💮💮💮💮💮💮💮💮
နန်းအလုပ်ကိစ္စတွေလုပ်စရာရှိတာလုပ်ပြီးတော့နာရီကြည့်လိုက်တော့ညနေ၅နာရီရှိနေပြီလေ။အဲ့တာနှင့်နန်းလည်းမမှောင်ခင်hotelပြန်လာခဲ့တယ်။နန်းhotelရောက်တော့စောတယောက်ပဲရှိတယ်။
နန်း"စော၊တယောက်တည်းလား။မိုးရော။"
စော"မိုးကညစာစားပွဲရှိလို့၆နာရီမှပြန်လာမယ်လို့ဖုန်းဆက်တယ်။ညစာစားလာမှာမို့ငါတို့နှစ်ယောက်ပဲညစာစားနှင့်လိုက်တော့တဲ့။"
နန်း"ဟုတ်လား။အဲ့တာဆိုငါတို့နှစ်ယောက်ပဲညစာစားရတော့မှာပေါ့။မိုး၊ဗိုက်ဆာနေပြီလား။နင်ဗိုက်ဆာနေပြီရင်ညစာသွားစားကြမယ်လေ။"
စော"ငါဗိုက်မဆာသေးပါဘူးနန်းရဲ့။နင်လည်းပင်ပန်းလာတာခဏနားလိုက်ပါအုန်း။ခဏနေမှသွားစားကြတာပေါ့။"
နန်း"အင်းပါ၊ချစ်သူငယ်ချင်းသဘော။"
နန်းခဏနားပြီးတော့ရေချိုးလိုက်တယ်။ရေချိုးလိုက်မှလန်းဆန်းသွားသလိုခံစားရတယ်။ညနေ၅နာရီခွဲရောက်တော့နန်းနှင့်စောညစာစားဖို့hotelကနေထွက်လာခဲ့တယ်။
စော"နန်း၊ဟိုမှာကြည့်စမ်း၊စိုင်းမလား။"
စောစကားကြောင့်နန်းကားပေါ်ကနေလှမ်းကြည့်လိုက်တယ်။ပုံစံကတော့စိုင်းပုံစံပဲ။ကောင်မလေးတယောက်နှင့်စကားပြောချင်တယ်။
နန်း"ကားဆရာ၊ကားခဏလောက်ရပ်ပေးပါ။"
နန်းစိုင်းဟုတ်မဟုတ်သေချာကြည့်ရအောင်တော့ကားဆရာကိုကားခဏရပ်ခိုင်းလိုက်တယ်။နန်းသေချာအောင်ထပ်ပြီးကြည့်လိုက်တော့တကယ်ပဲစိုင်းဖြစ်နေတယ်။စိုင်းကကောင်မလေးတယောက်နှင့်ရင်းရင်းနှီးနှီးစကားပြောနေတယ်။ကောင်မလေးကအင်္ဂလိပ်မလေးဆိုတော့ဆံပင်လေးကဝါဝါလေးနှင့်မျက်လုံးလေးကပြာလဲ့နေတော့အရမ်းချစ်ဖို့ကောင်းတာပေါ့။နန်းအဲ့ဒီမြင်ကွင်းကိုမြင်ပြီးတော့စိတ်မထိန်းနိုင်းတော့ပဲကားပေါ်ကဆင်းလိုက်ပြီးစိုင်းတို့ဆီတန်းသွားလိုက်တယ်။🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
Chapter-34 coming soon💌💌💌.
🎀🎀Author-yoon mieno🎀🎀
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Lãng mạnစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...