ဆယ်နှစ်ခန့်ကြာသောအခါkim သူဌေးမ: jongwoo ရေ သားရေလာပါအုန်း
jongwoo : ဟုတ်ကဲ့အန်တီ လာပါပြီ
kim သူဌေး: သားရေ အန်ကယ်နဲ့အန်တီနဲ့က နောက်တစ်ပက်ဆို အန်ကယ့် ကျန်းမာရေးကြောင့်ဆေးသွားကုမလို့ကွဲ့ အဲ့တာ အန်ကယ့်သား အငယ်ဆုံးက တော့ဒီကိုပြန်လာပြီး uni ကို ဒီမှာပဲ တက်တော့မယ်တဲ့ကွယ် အန်ကယ်တို့လည်းမရှိတော့ jongwoo လေးကပဲ သားငယ်လေးကို ဂရုစိုက်ပြီးပြုစုပေးပါအုန်း
jongwoo: ဟုတ်ကဲ့ အန်ကယ်သား ကိုလေးစကားနားထောင်ပြီး သေချာဂရုစိုက်လိုက်ပါ့မယ်
kim သူဌေး: jongwoo လေးက လိမ္မာပြီးသားပါ အန်ကယ့်သားအငယ်လေးကအရမ်းမောက်မာပြီး အရမ်းဆိုးတော့သားလေးကပဲ နားလည်းပြီး ဂရုစိုက်ပေးပါအုန်းနော်jongwoo: ဟုတ်ကဲ့ အန်ကယ် သား သည်းခံပါ့မယ့်
kim သူဌေး: သားငယ်လေးနာမည်က kim Jiwoong တဲ့နော်jongwoo အကိုလေးလို့ပဲခေါ်ပေါ့ သားထက် 4 နှစ်တောင်ကြီးတယ်
jongwoo: ဟုတ်ကဲ့အန်ကယ်
kim သူဌေး: jongwoo ကဒီနှစ်ဆို 16 နှစ်ဆိုတော့ အထက်တန်းပထမနှစ်မလား
jongwoo: ဟုတ်ကဲ့အန်ကယ် နောက်လ စတက်ရပါ့မယ်ဗျ
kim သူဌေး: အေး အေး သားလေး စာကြိုးစားနော်
jongwoo: ဟုတ်ကဲ့ သားကြိုးစားပါမယ်ဗျ
kim သူဌေး: အေး သွားနားတော့နော်သားလေး
jongwoo: ဟုတ်ကဲ့ good night ပါအန်ကယ်နဲ့အန်တီ
kim သူဌေး: jongwoo. လေးကအရမ်းလိမ္မာပြီး ချစ်စရာကောင်းတဲ့ကလေးလေး သူ့သားငယ်က မာနကြီးပြီး မောက်မာတတ်တာ jongwoo လေးနဲ့အဆင်ပြေပါစေ ဆုတောင်းရတော့မှာပဲ သူတို့လင်မယားမရှိတုန်း
တစ်ပက်ကြာပြီးနောက်
kim သူဌေးတို့လင်မယားနှစ်ယောက်လည်း အမေရိကသို့ဆေးကုရန်သွားပြီ ဖြစ်ပြီး kim အိမ်တော်တွင် jongwooနဲ့ အိမ်ရှိဝန်ထမ်းများသာကျန်ရှိတော့သည်
ထိုအချိန်တွင်ခြံထဲသို့ အရှိန်ပြင်းပြင်းဖြင့် ကားတစ်စီးဝင်လာပြီး ကားပေါ်မှ သမင်မျက်လုံးနဲ့ မင်းသားတစ်ယောက်အလားချောမောလှသည့် အမျိုးသားတစ်ယောက်ဆင်းလာလေသည်
ရုပ်ရည်ချောမောသော်လည်း မျက်မှောင့်ကြုတ်ပြီး တစ်ခုခုကို အလိုမကျဟန် ရှိပြီး မျက်နှာမှာအရမ်းခက်ထန်လျက်ရှိနေပေသည်(အကြောင်းမှာ လမ်းတွင် kim jiwoong သူ့ရှေ့တွင်အချိုးမပြေစွာမောင်းနှင်သည့်ကားတစ်စီးကြောင့်စိတ်တိုလာခဲ့ခြင်းဖြစ်သည်အခုလည်း ခြံထဲတွင်မိမိကားရောက်နေသော်လည်း လာကြိုမည့်သူမရှိသောကြောင့် ဒေါသနှစ်ဆထွက်ကာ မျက်နှာမှာပိုခက်ထန်လာပေတော့သည်
ထို့ကြောင့် ဒေါသထွက် ထွက် ဖြင့်ဟွန်း တီးလိုက်တော့သည်
ကားဟွန်းတီးသံကြောင့် အိမ်ထဲမှ jongwoo နဲ့ အလုပ်သမားများထွက်လာလေသည်jongwooသည် အန်ကယ်တို့မသွားခင်အကိုေးလ ဓာတ်ပုံအားပြထားသဖြင့် kim jiwoong အား သိနေလေသည်
jongwoo: အကိုလေး ရောက်နေပြီလား
jiwoong:ရောက်လို့မြင်ရေနေရတာပေါ့ မင်းတို့ကဘယ်ရောက်နေလို့ငါလာတာမသိရတာလဲ ဟုအော်ပြောလိုက်လေသည်
jongwoo: ဟို အကိုလေးပြန်လာရင်စားဖို့ မီးဖိုချောင်ထဲမှာအဒေါ်ကြီးတွေနဲ့ ဝိုင်းကူပေးနေလို့်မသိလိုက်တာပါအကိုလေး
jiwoong: တိတ်စမ်းး ဆင်ခြင်တွေမလိုချင်ဘူးဟုအော်လိုက်သဖြင့် jongwoo ကိုယ်လေးတုန်သွားပြီး အော်ခံရတာ နှစ်ခါရှိသွားသောကြောင့် ဝမ်းနည်းသွားကာ မျက်ရည်လေးပင်ဝဲလာတော့သည်
jongwoo: ဟုတ် ဟုတ်ကဲ့ နောက်မဖြစ်စေရပါဘူး အကိုလေး (jongwoo အသံတုန်တုန်ဖြင့် မျက်ရည်ဝဲကာပြန်ဖြေလိုက်လေသည်)
jiwoong: အရှေ့ကကောင်လေးမျက်ရည်ဝဲပြီး ပြန်ဖြေလာရာတွင်အသံများတုန်နေသည်ကိုသတိထားမိသည်
jiwoong pov: ဒါလေးကိုအသည်းငယ်နေတယ်အဲ့လိုလူမျိုးတွေ ကို jiwoong အရမ်းမုန်းးသည် တစ်ခုခုဆိုမျက်ရည်ကျတတ်သည့်လူမျိုးကို jiwoong အရမ်းမုန်းသည်
jiwoong: နောက်တခါငါပြန်လာလို့ မင်းကိုအရင်မတွေ့ရင် မင်းအပြစ်ပေးခံရမယ် မှတ်ထားပါ မိဘမဲ့ ကောင်လေး ဆိုပြီးပြောကာ တောက်ခေါက်ပြီး အပေါ်တက်သားလေသည်jongwoo: အကိုလေးပြောခဲ့သည့်နောက်ဆုံးစကားကြောင့် jongwoo စိတ်မထိန်းနိုင်ပဲ မျက်ရည်များကျကာ အခန်းထဲသို့ဝင်ကာ သွားငိုမိသည်
jongwoo pov: ငါကမိဘမဲ့ပဲ အဲ့တာကြောင့် ကျောင်းမှာလည်း သူ့ကိုဘယ်သူမှ အပေါင်းအသင်း မလုပ်ပါ ဟုတ်တယ် ငါကမိဘမဲ့ ဝမ်းနည်းနေလို့မရဘူးအကိုလေးပြောသလို မျက်ရည်မကျနဲ့တော့လေ jongwoo ah ဆိုပြီး ကိုယ့်ကိုယ်ကိုပြောကာ နှစ်သိမ့်ပေးနေသည်
သိုသော်စကားနားမထောင်သည့် စိတ်က မထိန်းနိုင်ပဲ ဝမ်းနည်း မြဲ ဝမ်းနည်းကာ မျက်ရည်ကျနေလေသည်jongwooကအရမ်းအငိုသန်သောကလေတစ်ယောက်ဖြစ်လေသည်
YOU ARE READING
Love start from hate
Fanfictionwhen love comes kim jiwoong life suddently Mature content