Intro(Unicode)

2.2K 33 21
                                    

Intro start date_6.5.2023(May 6)

"မှိုင်းသန့်ယံနောင်"

"မှိုင်းသန့်ယံနောင် ငါ့ကိုစောင့်ပါဦး"

တက္ကသိုလ်ပထမဆုံးနေ့..။ယောက်ျား‌သုံး
ဘေးလွယ်အိတ်လေးလွယ်ကာ တက္ကသိုလ်ဝင်းကြီးထဲ ‌တစ်လှမ်းချင်း လျှောက်နေသည့်ကောင်လေးတစ်ယောက်..။

လှမ်းခေါ်နေသည့်သူငယ်ချင်းအသံကိုကြားသည်..။ဒါပေမဲ့လှည့်မကြည့်..။

ပုဆိုးအကွက်စိပ် အနက်ရောင်တောက်တောက်လေးကိုshirtလက်ရှည်အဖြူသန့်သန့်လေးဖြင့် ပုံစံတကျ တွဲဝတ်ထားကာ ပထမဆုံးရောက်ဖူးသည့် ဒဂုံတက္ကသိုလ်ကျောင်းဝင်းကြီးထဲ စူးစမ်းကြည့်နေသည့်ကောင်လေးမှာ ကိုင်းမျက်မှန် အဝိုင်းလေးကိုပါ တစ်ချက်တစ်ချက် ပင့်တင်လိုက်သေးသည်..။

နေပြည်တော်မှလာ၍ ရန်ကုန်မှာသာ ကျောင်းတက်ချင်ဟုဆိုသည်ကြောင့် မိဘများက သားဖြစ်သူကျောင်းတက်နေစဉ်အတောအတွင်း ရန်ကုန်က အိမ်ကိုသာပြန်ပြောင်းလာခဲ့ပြီး ပထမဆုံးနေ့မှာတင် ကျောင်းရှေ့တည့်တည့်ထိ driver နဲ့ သေချာမှာကာလွှတ်ပေးလိုက်သည်က လိမ္မာပြီးတော်လွန်းတဲ့သားဖြစ်သူဆန္ဒအတိုင်း အမြဲတစေ ပံပိုးပေးသည့်သဘော...။

အခုလည်း လာပို့ပေးသည့်driverကို သူ့အမိန့်ဖြင့်ကျောင်းရှေ့မှာပင်ရပ်ခိုင်းစေလိုက်ပြီး ကျောင်းဝင်းထဲသို့ လမ်းလျှောက်လာခြင်းပင်..။ပထမဆုံးတက္ကသိုလ်တက်ရမည့်နေ့၊ပထမဆုံးရောက်ဖူးသည့် နေရာဖြစ်နေသည်ကြောင့်လည်း ကိုယ်တိုင်လေ့လာချင်သည့်စိတ်ကြောင့် ‌လျှောက်နေရင်းပင် ပတ်ဝန်းကျင်ကို မျက်မှန်လေးပင့်ကာ စူးစမ်းလိုက်ကြည့်နေလိုက်သည်...။

ကျောင်းတက်စဉ်တုန်းက ရှားရှားပါးပါး တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ ခေါ်နေသည်ကိုကြားသော်လည်း လုံးဝလှည့်မကြည့်...။လှည့်ကြည့်စရာလည်းမလို...။

"မှိုင်းသန့်ယံနောင်....မင်းကွာ ငါခေါ်နေတာကို ဘယ်တွေအာရုံရောက်နေတာလဲ"

အဝေးမှလှမ်းခေါ်နေရင်းပင် အနားရောက်လာကာပုခုံးကို လာဖက်တော့ မကြိုက်ချင်..။သို့သော်လည်း တွန်းမထုတ်ချင်သည့်စိတ်ကြောင့် အသာလေး ရုန်းလိုက်သည်..။စကားပြန်မပြော..။ရှေ့ဆက်သွားဖို့ရန်သာ ခြေလှမ်းပြင်လိုက်၏..။

ချည်တိုင်းပြတ်သည့် ကြိုးမျှင်လေး (ချည်တိုင်းပြတ်သည့် ကြိုးမျှင်လေး)Where stories live. Discover now