" ဟဲ့ စီနီယာဂင်မ်ထယ်ရယ်က ချောလိုက်တာ "
" အပြုံးလေးက လှလိုက်တာ ရူးတော့မှာပဲ "
" အမလေး ပါးချိုင့်လေးကို ကြည့်ပါဦး "
ထယ်ရယ် စင်ပေါ်တက်လာတဲ့အချိန် သူ့ဘေးကကျောင်းသူတွေရဲ့ တုံ့ပြန်ချက်ကို မြင်ပြီး ရစ်ခီ သက်ပြင်းတစ်ခုသာ တိုးတိုးတိတ်တိတ်ချမိသည် ။ ဒီအတိုင်းဆိုရင် သူဆက်ပြီး အချိန်ဆွဲနေလို့ မဖြစ်တော့တာ အသေအချာ ။
ကျွန်တော် ဖွင့်ပြောမှ ဖြစ်တော့မယ် ဂင်မ်ထယ်ရယ် ။
ထယ်ရယ်ပြောမယ့်စကားက ဘာရယ် သေချာမသိသော်လည်း ဒီအတိုင်းဆို ရစ်ခီက အရင်လုပြောရတော့မည် ။
" ယောကျ်ားလေးတစ်ယောက်က ချစ်မိသွားတဲ့အခါ
အနားမှာပဲ ရစ်သီရစ်သီလုပ်နေတတ်ပြီး
လုပ်ပေးချင်တဲ့အရာတွေကလည်း များလာတယ် "သူရပ်နေရာဘက်ကို ကြည့်ရင်း ပါးချိုင့်ခွက်ခွက်ကလေးတွေ ပေါ်နေတဲ့အထိ ပြုံးနေတဲ့ ထယ်ရယ့်မျက်ဝန်းထဲမှာ အဓိကဇာတ်ဆောင်က သူ ဖြစ်နေပါ့မလား ရစ်ခီမသိနိုင် ။ ဒီအချိန်မှာတော့ ဖြစ်နိုင်ချေက 0.1 ရာခိုင်နှုန်းပဲ ရှိတယ်ဆိုရင်တောင် ဒသမနောက်က 1 ကလေးအပေါ် သူ အရာအားလုံးကို ပုံအောပြီး လောင်းပစ်မည်ပင် ။
သီချင်းဆုံးတော့ အပြုံးလေးတစ်ပွင့်နဲ့ နှုတ်ဆက်စကားဆိုပြီး စင်နောက်ဘက်ကို ပြေးဆင်းသွားတဲ့ ထယ်ရယ့်ကို ကြည့်ရင်း ရစ်ခီပြုံးလိုက်သည် ။ အဝါရောင် ဂျာကင် နဲ့ နေရောင်ခြည်လေးကို ကြည့်ပြီး ရုတ်တရက်သတိရမိလိုက်တာက ကျောင်းရှေ့က ပန်းဆိုင်မှာ ရောင်းနေတဲ့ အဝါရောင်ကျူးလစ်ပန်းတွေ ။
တိုက်တိုက်ဆိုင်ဆိုင် အဝါရောင်ကျူးလစ်တွေရဲ့ အဓိပ္ပာယ်က " မင်းအပြုံးထဲမှာ နေရောင်ခြည်တွေ ရောစပ်ထားတယ် " တဲ့ ။" ကျူးလစ်အဝါလေး တစ်ပွင့်ကို အညိုရောင်စက္ကူလေးနဲ့ စည်းပေးလို့ရမလား "
ဆိုင်ရှင်မိန်းကလေးက ခေါင်းငြိမ့်ပြပြီး ရစ်ခီပြောတဲ့အတိုင်း လုပ်ပေးလာသည် ။
" ကျေးဇူးပါ "
ကျသင့်ငွေရှင်းပြီး ဆိုင်ထဲကနေ ခပ်သုတ်သုတ် ထွက်လာခဲ့မိသည် ။ သူ့ရဲ့ နေရောင်ခြည်လေးကို အကြာကြီး စောင့်ခိုင်းလို့မဖြစ်ဘူးမဟုတ်လား ။