' စောင့်ဆိုင်းရလိမ့်မည် ချစ်မိလိမ့်မည်'
ိစိတ်ကျဉ်းကြပ်စရာကောင်းသည့် အိမ်ကြီးထဲ
ပုန်းနေသည်။
ငယ်ငယ်လေးနဲ့ ဆံပင်တွေရှည်၍
အရမ်းလှနေသည်။
ဒါတွေဟာ ကျွန်တော့်ရဲ့စိတ်ဝင်စားမှုထက်
ပိုလွန်မိသွားသော အချက်အလက်များဖြစ်တယ်။နေ့စဉ် လွဲနေသောမှန်းဆချက်များဖြင့်
နေ့ခင်းမဟုတ်လျှင် ညနေစောင်း
မဟုတ်လျင် မနက်ခင်းတွေမှာ
pampasမြက်ပင်တွေကြား ကျွန်တော်
ဘာအကြောင်းပြချက်မှမပေးနိုင်ဘဲ လဲလျောင်းနေခဲ့သည်။
ထိုကလေးလည်း ဒီလိုပြိုလဲနေခဲ့သည်။
ဝမ်းနည်းနေသည့်ကြားက taehyungကို
ပြုံးပြခဲ့သည်လား။
ကျွန်တော့်ကိုရော အဲ့ကလေးကပြုံးပြနိုင်မှာလား။
ဘာစကားမှမစခဲ့သောtaehyungလို
လျှစ်လျူရှုမည်မဟုတ်သော ကျွန်တော့်ကို
စကားပြန်ပြောမှာလား။
မိတ်ဆွေအဖြစ် လက်ခံနိုင်မှာလား။မြက်ပင်များရဲ့ အဝါညက်ညက်ငှက်မွေးသဖွယ်
ထိပ်ပိုင်းတွေက ဖွာ၍အောက်သို့ကိုင်းနေသည်။
တစ်ချို့မှာ ယိုင်လဲနေသည်။
အစိမ်းရင့်ရောင်မြေကွက်လပ်က
စက်ဝိုင်းသဏ္ဍာန်မကျတကျရှိသည်။
မြက်ပေါက်လေးတွေမှ လျှောစောက်ဆင်းသွားပြီး
အလွန်မြေနိမ့်ပိုင်းတွင် ရေသွားလမ်းလေးကိုကျော်၍
ပြောင်းခင်းများ ဆက်လက်တည်ရှိသည်။လူတစ်ယောက်ရဲ့ ပုန်းကွယ်နေခြင်းက
ပြောင်းခင်းတွေကိုကြည့်နေသော တစ်စုံတစ်ဦးအား
ဝမ်းနည်းနေစေသည်။
တစ်ပတ်ပြည့်ပြီးပြီဖြစ်သည်။
သို့သော် jungသည်
စကားလုံးများကို မတည်နိုင်ခဲ့ပါ။" jungkook ဘာကိုစွဲလမ်းနေတာလဲ "
ဆိုင်ကယ်ထုတ်နေသောjungသည်
ရပ်တန့်သွားပြီး စိတ်များလွင့်စင်သွားသည်။" မျက်နှာတစ်ခြမ်းလေးမြင်ဖူးရုံနဲ့ ဒီလိုအကျိုးမရှိတဲ့လုပ်ရပ်တွေလုပ်နေတာလား ရူးသွားတာလား "
" မသိဘူး ငါသူ့ကိုတွေ့ချင်တယ် "
" မင်းဘာဖြစ်ချင်နေတာလဲ "
" မြင်မြင်ချင်းချစ်မိသွားတာနေမှာပေါ့
ခုချိန်မှာ ငါဘာမှမသေချာသေးဘူး
သူနဲ့သူငယ်ချင်း အရင်ဖြစ်ချင်တယ် "