Story 37 (The End)

3.9K 126 3
                                    

Unicode
................

လရိပ်ရဲ့ သမီးလေးလည်း ယခုဆို ၈လ ကျော်ရှိနေပြီဖြစ်သည်။ ဝဝကစ်ကစ်လုံးလုံးလေးဖြစ်ပြီး ဘယ်ဘက်ပါးပြင်မှာလည်း ပါးချိုင့်သေးသေးလေးလည်း ရှိသေးသည်။

ဥာဏ်အလွန်ကောင်းသောသမီးလေးမှာ လူကြီးတွေပြောစကားကိုနားလည်နေပြီးဖြစ်သလို တီတီတာတာလေးတွေလည်းပြောချင်နေလေပြီ။ ချိုမိုင်မိုင်လုပ်ပြရင်လည်း အရမ်းသဘောကျရယ်နေတတ်သေးသည်။

ကလေးကအစားတော့အလွန်စားသည်။ အစားသူရဲလေး ချန်ပီယံဆုကို အိမ်မှာသူတစ်ယောက်တည်းဆွတ်ခူးသွားသူပေါ့။ လရိပ်ကတော့ ဒုတိယနေရာမှာပင်။ ကလေးကတစ်နေ့ကို ၅ခါ ၆ခါလောက်ကျွေးရသလို လူကြီးလေးလရိပ်ကလည်း တစ်နေ့ကို၄နပ်လောက်စားလေ့ရှိသည်။

လရိပ်ချိုက ခုနောက်ပိုင်းစိတ်ချမ်းသာမှုတွေဖြင့် နေရ၍လားမပြောတတ် လူကိုယ်တိုင်ကလည်း သူငယ်စဥ်ကလို ဝကစ်ကာဝိတ်တက်လာပြီး ကလေးနှင့်အပြိုင်လုံးကစ်နေကြသည်။

တစ်ခါတလေ မင်းစစ်နှင့်အပြင်တွဲသွားရင်တောင် ကွက်ကြည့်ကွက်ကြည့်နဲ့ အကြည့်ခံရတတ်သေး။ တစ်ချို့လူတွေဆိုရင် သူတို့နှစ်ယောက်ကို လက်ထပ်ထားတဲ့သူတွေလို့ကိုမထင်ကြ။ အိမ်အကူနှင့်အလုပ်သမားလို့သာ ထင်ထားကြသည်။

လရိပ်ချိုကလည်း ကလေးထိန်းနေရ၍ သေချာမဝတ်စားနိုင်ပဲ ဖရိုဖရဲ သာနေတတ်သည်။ ထို့ကြောင့် စျေးသွားဖို့အဖော်လိုက်ပြီဆိုရင် မင်းစစ်ကို အိုမီဂါအတော်များများက ငေးကြသည်မှာမဆန်းတော့။

မင်းစစ်ကလည်း လူပျိုတုန်းကလိုပုံစံအတိုင်း တောင့်တောင့်ဖြောင့်ဖြောင့် ဖြစ်တာကြောင့်လည်းပါမည်။ တစ်ခါတရံလည်း လရိပ်ချိုမနာလိုဖြစ်မိသား။ သူကတခြားသူတွေလို တစ်သားမွေးတစ်သွေးလှတာမျိုးမဟုတ်ပဲ ဘေဘီကစ်ကစ်လေးကိုမွေးပြီးမှ ခန္ဓာကိုယ်ကတဖြည်းဖြည်းနှင့် စည်ပိုင်းပင်ဖြစ်လုနီးပါးပါပဲ။

ယခင်သားအမြွှာကိုမွေးတုန်းကတောင် ဝိတ်ကျခဲ့သေးတာပဲ။ ခုလည်း ထိုအချိန်တုန်းကလိုမျိုး ဖြစ်မှာပါဆိုပြီးထင်လိုက်တာ အတွေးတွေကတက်တက်စင်အောင်လွှဲလွန်းလို့။

နှစ်မြွှာအချစ် (Twins' Love) နှစ်မြွှာအချစ် CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ