မူပိုင်တီချယ်ဆီသို့

184 10 3
                                    

မူပိုင်တီချယ်ဆီသို့

သိပ်လွမ်းရပါတယ်တီချယ်ရယ်။လွမ်းတယ်ဆိုတယ်စာလေးကိုအလွယ်တကူဖတ်လိုက်ရင် အလွယ်တကူမေ့တတ်တာပေါ့ရှင်။ရေးတဲ့လူကလည်းအလွယ်တကူရေးခြင်းမဟုတ်ဘဲတီချယ်ဆိုတဲ့ထိုအမျိုးသမီးလေးအတွက်ရင်ထဲကနေအချစ်များစွာနဲ့ရေးခြင်းပေါ့။
တချိန်တုန်းကပေါ့ သူမရဲ့အနားလေးကိုတိုးဝှေ့လိုက်ရင်ဆိုရင်ဖြင့်သင်းပျ့ံတဲ့ရန့ံလေးကို လူတိုင်းကစွဲမက်ကြတယ် သူတို့ရဲ့စွဲမက်ခြင်းတွေကကြာရှည်မခံဘူးလေ
ဒါပေမယ့်ကျွန်မအတွက်ကတော့ဘဝဆက်တိုင်းစွဲလမ်းခြင်းလို့ဆိုရမလားပဲ။မနက်မိုးလင်းလို့မျက်လုံးဖွင့်ရင်သူမပုံရိပ်လေးကိုအရင်မြင်မိတယ် တွေးလိုက်တာကတော့

••အော်သူမအိမ်မက်ထဲမှာလည်းအမြဲပါနေသလိုအပြင်မှာလည်းသူမနဲ့အစချီမှာပေါ့

မျက်နှာသစ်တော့လည်းပဲ မေတ္တာသုတ်ရွက်အပြီး သူမကျန်းမာပါစေ သူမချမ်းသာပါစေ သူမမှာဘာအနှောက် အယှက်မှမရှိပါ​စေနဲ့လိုသာ အမြဲရွက်ဆိုမိတယ်။
ကျွန်မမနက်စာစားနေလည်းသူမရော မနက်စာစားရဲ့လား
သူမဘာလုပ်နေလည်းလို့တွေးလေ့ရှိတယ်။

အချဉ်ဆိုသိပ်ကြိုက်တတ်တဲ့သူမ
တချိန်တစ်ခါတုန်းက သူမကြိုက်တတ်တဲ့အချဉ်လေးကိုပေးလေ့ရှိတယ် အချဉ်ဗူးလေးပေးရင်သူမဖြင့် ကျေနပ်ပီတိ မျက်နှာလေးကတကယ့်တန်ဖိုးထားစရာပေါ့။
အချဉ်ဗူးလေးတွေစားလွန်းတော့သွားကကျဉ်လာတယ်လို့သူမတစ်ခေါက်ပြောဖူးတယ် အို...တကယ့်ကိုအတွေးထဲပူပန်နေမိတာ သူမရဲ့ချစ်လှစွာသော ခင်ပွန်းသိရင်တော့
ကျွန်မရှုးနေတယ်လို့ထင်မိတော့မှာပဲ
ရှုးတယ်ဆိုရင်ပဲသူမကိုပဲရှုးပါရစေ။

ကျောင်းစာတွေကလိုက်မှတ်လိုက်ကျက်တဲ့ကျောင်းသူလေးကနေထက်မြတ်တဲ့ဆရာမတစ်ယောက်ဖြစ်သွားခဲ့ပြီ။ ကျောင်းလေးဟာပိုစိုပြေသွားခဲ့တာပေါ့ရှင်။
ကျွန်မကတော့ ထိုတီချယ်ဆီမှာပဲဒူးထောက်လျှက်ပင် ကျရှုံးမိပါရဲ့
သူမရဲ့စာသင်မှုအားကောင်းတာကတော့
လူကြီး လူငယ်မရွေး စိတ်ဝင်စားလိုက်မဲ့ဖြစ်ခြင်းပါပဲ ထိုလူတွေထဲကကျွန်မလည်းပါတာပေါ့ရှင်။ တီချယ်ရဲ့စာသင်ခြင်းကိုသဘောကျမိသလို တီချယ်ရဲ့အလှ တီချယ်ရဲ့ဖြစ်တည်မှုတိုင်းကိုလည်း မငြ င်းရက်လေအောင် သဘောကျမိလေရဲ့။

ကျွန်မဖြင့် ဘယ်သွားသွားဘယ်လာလာ
တီချယ် နဲ့ပဲအစချီမိတာဆိုတာမလိမ်ရက်လေပါ။
အရောင်တွေထဲမှာတီချယ်အကြိုက်လေးတွေ့ရင် ထိုအရောင်လေးကိုပြုံးပြီးကြည့်နေမိတယ်
စားစရာတွေထဲ တီချယ်အကြိုက် လေး တွေ့ရင်မစားရက်​ေလ။အရာတစ်ခုခုတွေ့လိုက်တိုင်းတီချယ် အကြိုက်လေးတွေအရင်စပ်စုမိတယ်

သို့ပေမယ့်တီချယ်မသိပေ။
တီချယ်သိပ်လှရက်လို့ လူတွေရဲ့ချစ်ခြင်းမုန်းခြင်းခံရတာပေါ့
ချစ်တဲ့လူကို အဖက်မလုပ် သူခေါ်လည်းပြန်မခေါ်ပါဘူး သို့ပေမယ့်တီချယ်အပေါ်သူအချစ်တွေလွန်လာရင် စစ်ကူမလိုပဲ တိုက်လို့ရပါတယ် တီချယ်အတွက်ဆိုထိုသူတွေကပွဲမစခင်ထဲကလက်နက်ချပြီးသာဖြစ်ပေမယ့် ကျွန်မကတော့ပွဲမစခင်ထဲကလက်နက်မလိုပဲတီချယ်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့သာတိုက်ပစ်လို့ရပါတယ်။
တီချယ်ကိုမုန်းတဲ့လူတွေကတော့ ကျိန်ဆဲမိတာပေါ့ရှင်
နေရာမှာတင်ဆယ်ခါပြန်သေရွာပို့ပလိုက်ချင်တယ်
လမင်းလေးလိုထွန်းလင်းတောက်ပနေသ၍ပဲ သူတို့တိုက်ခိုက်​ေလလမင်းလေးက ပိုတောက်ပပြီးလှပလေပဲ။

ပြစ်မရှိ ပြစ်ရှာ လမင်းကိုခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

စကားပုံလေးရှိတာပဲလေရှင်...

လမင်းလေးကတီချယ်ဖြစ်နေတော့ဘေးကကြယ်လေတွေအဖို့ကျွန်မဖြစ်ချင်မိတယ်
ကြယ်တိုင်းဖြစ်ချင်မိတာ လောဘစိတ်လို့ခေါ်လေမလား။
သို့ပေမယ့်ဖြစ်ချင်တယ်ဆိုတာကအိမ်မက်ပါ
တကယ့်တမ်းလက်တွေ့ကတော့ လမင်းလေးဘေးမှာ လမင်းလေးသိပ်ချစ်ရဲ့တဲ့ကြယ်တွေများစွာရှိတာပေါ့။
ကျွန်မကတော့ဟိုးအဝေးကြီးကလမင်းလေးကိုတိတ်တခိုးကြည့်နေတဲ့ကြယ်လေးပေါ့။

ကျွန်မရဲ့ရင်ခုန်သံတွေကထိုတီချယ်ဆိုတဲ့အမျိုးသမီးစိုးမိုးထားတာပါလေရဲ့။
တီချယ်ကြိုက်တတ်တဲ့အရာတိုင်းကိုဖြည်စည်းပေးချင်နေမိပါရဲ့။

သိပ်ကိုသိပ်ကိုမြတ်နိုးမိပါရဲတီချယ်။
ပူပြင်းလှတဲ့ရာသီဉတုဖြစ်တာမို့တီချယ်ဂရုစိုက်ပေးချင်မိပါတယ်။ ဒါပေမယ့်အတတ်နိုင်ဆုံးတော့တီချယ်ရဲ့ပိုင်ရှင်ကဂရုစိုက်ပေးပါလိမ့်မယ်လို့မျှော်လင့်မိပါတယ်။
ဂရုမစိုက်လိုက်ရလို့ဒီတိုင်းနေမနေပါဘူး တီချယ်အထိအရှကင်းကင်းနဲ့တီချယ်နေသောနေရာမှာ လိုတာထက်ပိုမပူပါစေနဲ့လို့ဆုတောင်မိပါတယ်။

ချစ်တယ်တစ်ယောက်ထဲသောတီချယ်...

You've reached the end of published parts.

⏰ Last updated: May 07, 2023 ⏰

Add this story to your Library to get notified about new parts!

မူပိုင်​တီချယ်ဆိီသို့Where stories live. Discover now