.....မင်းသည်သာ... 🍁🍁🍁....
.....အပိုင်း (၂၉).....တစ်လခန့်ကြာသော်.....
ဂျီမင်း..လယ်ကွင်းစိမ်းစိမ်းတွေကိုငေးကြည့်နေမိသည်..အကာကွယ်မဲ့တာကြောင့်..တိုက်ခတ်လာတဲ့လေတွေကသူ့စီကို..တိုက်ရိုက်လာထိခတ်သည်...ထိုလေတွေကြောင့်..သူ့ဆံနွယ်ပျော့ပျော့လေးတွေက..အလုပ်ရှုပ်နေကျသည်...မျက်ဝန်းတွေက..တစ်နေရာထဲကိုရောက်နေပေမဲ့သူ့အတွေးတွေကတော့...များပြားလှသည်....
သူဒီကိုရောက်နေတာ..တစ်လရှိပြီ.သူဘာမှကိုမမှတ်မိ..စဥ်းစားကြည့်ပေမဲ့..လုံဝကိုဘာမှမပေါ်လာ....တစ်ခုပဲ..ညအိပ်ချိန်သူ့အိမ်မက်ထဲကိုရောက်လာခဲ့တဲ့..လူတစ်ယောက်..ထိုလူက..သူ့အိမ်မက်ထဲကိုအမြဲရောက်လာတက်သည်...ထိုလူကသူ့ကိုခေါ်တာ..သူ့အပိုင်လေးတဲ့...ကျွန်တော်က..ပြန်ခေါ်တော့..မောင်တဲ့...မောင်လို့ခေါ်လိုက်တိုင်း..ပြုံးလိုက်တဲ့..ထိုလူက..သူ့နဲ့အလွန်ကိုရင်းနှီးနေသည်...သူ့စိတ်ထဲတွင်လည်း...ထိုလူကို..ညံ့သက်နေမိသည်...။"လူလေး..ပျင်းနေပြီ
လားကွဲ့..."နောက်က..ခေါ်လိုက်တဲ့..အဘ.သံကြားမှ..သူအတွေးတွေကို..ရပ်တန်လိုက်လေသည်...အဘကိုလှည့်ကြည့်ကာ..ပြုံးပြလိုက်ပြီး..ခေါင်းကိုခါပြလိုက်သည်....။
"မပျင်းပါဘူး..အဘရဲ့..ရှုခင်းလေးတွေလှလို့ကြည့်နေမိတာ..ပြီးတော့..လေကောင်းလေသန့်ရတော့..ကျွန်တော်စိတ်ပိုလန်းလာလို့..ဒီကိုရောက်နေတာ...ဒါနဲ့အဘွားရော.."
"အေးကွယ်...လူလေးအဘွားကတော့..လူလေးအတွက်တဲ့..ကြက်ချဥ်စပ်ချက်နေလေရဲ့..."
သွေးမတော်သားမစပ်ကျပေမဲ့.သွေးသားမရှိတဲ့အဘနဲ့အဘွား..သူ့ကိုသားအရင်းပမာစောင့်ရှောက်ပေးတယ်...သူဘာတစ်ခုမှမမှတ်မိတာကိုတောင်..ဖိအားပေးစဥ်းစားခိုင်းတာဘာဆိုဘာမှမရှိ..တကယ်လို့..သူသာသူ့အတိတ်ကိုအမှတ်ပြန်ရခဲ့ရင်...အဘနဲ့အဘွားရဲ့..ကျေးဇူးကိုသူအရင်ပြန်ဆပ်ပေရမည်...။
"ဒုက္ခရှာလို့အဘရယ်...အဘွားပင်ပန်းနေပါ့မယ်.."
"လူလေးအဘွားက..သားကိုစားစေချင်လို့တဲ့ကွာ..အော်..ဒါနဲ့လူလေး..သားတစ်ခုခုကိုများ..အမှတ်ရတာရှိလား..."
YOU ARE READING
မင်းသည်သာ.🍁🍁🍁
Fanfiction"မင်းသည်သာ" ပထမဆုနဲ့... ဒုတိယလူပါ... ပထမလူနဲ့ ပေါင်းဖက်ခွင့်မရပေမဲ့.. မင်းနဲ့တော့ ပေါင်းဖက်ခွင့်ရချင်တယ်... . . jeon jung kook... မောင်ပေးတဲ့.... ဒဏ်ရာတွေကို ကိုယ်ကျေကျေနပ်နပ်နဲ့... လက်ခံပါ့မယ် မောင်ရယ်... တစ်ခုပဲ ကိုယ့်ကိုတော့... သူ့နေရာမှာ အစားမထိ...