38 zawgyi

5.4K 97 2
                                    

Part 38

တစ်နေ့လုံးပင်ပန်းခဲ့သမျှရေအေးအေးလေးကိုခေါင်းကနေစပြီးထိတွေ့ကာလန်းဆန်းအောင်လုပ်လိုက်သည်။ရေဗန်းအောက်မှနေ၍‌မျက်နှာပေါ်သို့ရေစက်လေးတွေကျလာရင်ပဲပင်ပန်းမှု့တွေကပျောက်သွားသလိုပင်။နာရီဝက်နီးပါးလောက်ရေချိုးအပြီးမှာတော့တကယ့်ကိုလန်းဆန်းသွားလေသည်။သပတ်တစ်ထည်ကိုခါးကနေဖုံးအုပ်လိုက်ပြီးအကြင်နာ အပြင်သို့ထွက်လာခဲ့သည်။

"ဟင်! ကိုကိုလည်းမရှိဘူး"

အခန်းထဲမျက်လုံးဝေ့ကာစနေဦးခိုက်ကိုရှာပေမဲ့မတွေ့သောကြောင့်ရေစိုခေါင်းကိုသာလေမှုတ်စက်ဖြင့်မှုတ်ရင်အကြင်နာတွေးတော့သည်။အံဆွဲထဲမှာလေမှုတ်စက်ကိုယူနေတုန်းခါးကိုလာဖက်သည့်လက်တစ်စုံကြောင့်အကြင်နာလန့်သွား၏။

"ကိုကို ပါ"

"အသံလည်းမကြားရဘူး ခြေသံဖွပြီးဝင်လာတာလား"

"အင်း! ကလေးရေချိုးတာကြာလိုက်တာ...ခေါင်းပါလျှော်လိုက်တာလား"

"အကြင်နာအရမ်းနှုံးနေလို့ပါ။ရေအေးအေးလေးထိလိုက်ရမှလူကလန်းသွားတယ်။တစ် ခါထဲခေါင်းပါလျှော်ချလိုက်တယ်လေ။
အကြင်နာပြန်ထွက်လာတော့ကိုကိုမရှိလို့စိတ်ညစ်သွားတာ"

"ဘာလဲ ခေါင်းကိုdryer နဲ့မမှုတ်ချင်လို့မလား"

အကြင်နာကမျက်လုံးလေးတွေမှိတ်သည်ထိရယ်ပြရင်းစနေဦးခိုက်ကိုခေါင်းငြိမ့်ပြသည်။အပျင်းလေးကိုမှန်တင်ခုံပေါ်ချီတင်လိုက်ရင်းစနေကနှာခေါင်းကိုဖိညစ်လိုက်သည်။ dryer ကိုလေအေးသာထားပြီးစိတ်ရှည်ရှည်နှင့်အကြင်နာ့ဆံပင်တွေကိုခြောက်အောင်လုပ်ပေးသည်။

အကြင်နာရေဝင်ချိုးတုန်းစနေဦးခိုက်လည်းတစ်ခြားအခန်းမှာရေသွားချိုးတာဖြစ်သည်။
ချပ်ရပ်ပြီအဖုအဖောင်းတွေရှိသည့်စနေ့၏ ဗိုက်သားတွေကိုအကြင်နာထိတွေ့ရင်းသ ဘောကျနေတာ၏။

သူ့ကိုကြင်နာနေသည့် စနေ့ ကိုကြည့်ရင်းအကြင်နာပျော်နေတာဖြစ်သည်။တည်ကြည်ခန့်ညားပြီးအပြုံးအရယ်နည်းတဲ့ထိုလူကသူ့အတွက်ဆိုရင်အရာရာလိုက်ရောပေးတယ်မလား။

Love is born, because of you(Complete)Donde viven las historias. Descúbrelo ahora